အဝေးကွင်းပွဲစဉ်ဆိုရင်လုံးဝ မလိုက်တဲ့ အက်ဂါဒေးဗစ်က ဘာကြောင့်လည်းဆိုတာ ဘယ်သူ့ကိုမှ ရှင်းပြမှာ မဟုတ်ဘူးတဲ့

dutchfootballplayeredgardavidsseendining9phcofj_6atl.jpg
Shares 0

 အင်္ဂလန်အောက်တန်းကလပ်အ သင်း အက်ဖ်စီဘားနက်ရဲ့ ကစားသမား/ နည်းပြချုပ်အဖြစ် တာဝန်ယူထားသူ နယ် သာလန်လက်ရွေးစင်ဟောင်း အက်ဂါဒေး ဗစ်ဟာ အသင်းရဲ့အဝေးကွင်းပွဲစဉ်တွေဆို ရင် ဘယ်သောအခါမှ လိုက်ပါလေ့မရှိသူ ဖြစ်နေတာကို အံ့အားသင့်ဖွယ်တွေ့ရှိခဲ့ရပါ ပြီ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ စ တင်ပြီး ဘားနက်အသင်းရဲ့ ကစားသမား/ နည်းပြတာဝန်ယူခဲ့သူဒေးဗစ်က “ ကျွန် တော့အနေနဲ့ ဘယ်သူ့ကို ဘာမှရှင်းပြနေ စရာမလိုပါဘူး။ ဆွေးနွေးဖို့လည်းမလိုအပ် ပါဘူး။ ကျွန်တောမသွားနိုင်တဲ့ပွဲတွေရှိမယ် ဆိုတာကို အသင်းဘုတ်အဖွဲ့ဆီ နဂိုထဲက ပြောခဲ့ပြီးသားပါ။ အဲဒါပါပဲ”လို့ ပြောခဲ့ပါ တယ်။ ဒီလိုပြောခဲ့တာကို မကျေနပ်တဲ့ပရိ သတ်တွေကလည်း အမျာြး့ကီးပေါ့။

    “ ဘယ်သူ့ကိုမှ ဘာမှရှင်းပြစရာမ လိုဘူးဟုတ်လား။ ဒါဆိုရင် ခက်ခက်ခဲခဲနဲ့ ရှာထားရတဲ့ပိုက်ဆံကို သူတို့အတွက်လာ ပေးနေတဲ့ ပရိသတ်တွေကိုရောပေါ့ဟုတ် လား။ ကျွန်တော်တို့ပရိသတ်တွေကိုတော့ သေသေချာချာရှင်းပြသင့်တယ်ဗျာ”လို့ အ မည်မဖော်လိုသူ ပရိသတ်တစ်ဦးကပြောခဲ့ ပါတယ်။ ဂျူဗင်တပ်စ်၊ အေဂျက်စ်နဲ့ ဘာစီ လိုနာအသင်းများဆီမှာ တောက်ပခဲ့ဖူးတဲ့ နယ်သာလန်ကြယ်ပွင့်ကစားသမားဟာ ဘားနက်အသင်းကိုရောက်တော့မှ ထူးထူး ဆန်းဆန်းတွေလုပ်နေခဲ့တာပါ။ သူဟာ အ သင်းမှာကစားပေးတဲ့အခါကျရင် ဂိုးသမား တွေသာ ယူလေ့ရှိတဲ့ နံပတ်(၁)ကိုအမြဲ တမ်းဝတ်ဆင်ကစားတတ်ခြင်းကလည်းအ တော့ကို စိတ်ကသိကအောင့်ဖြစ်စရာလို့ ပရိသတ်တွေက ပြောဆိုနေကြလေရဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *