Billboard 200 မှာ နံပါတ် ၇ချိတ်ခဲ့တဲ့ ပထမဆုံးကေပေါ့ပ်အဖွဲ့ “BTS”

Shares 0

ကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်တဲ့ BTS အဖွဲ့ဟာ သူတို့ရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ “Love Yourself Her” ကို မကြာသေးခင်ကဖြန့်ချီခဲ့ပါတယ်။အဲ့ဒီအခွေထဲက သီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ DNA ဟာ ပရိသတ်တွေကြားမှာအရမ်းကိုပေါက်သွားခဲ့ပြီး ပထမဆုံးတစ်ပတ်မှာတင် အယ်လ်ဘမ်ပေါင်း ၇၅၀၀၀၀ရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။တခြားကေပေါ့ပ်အဖွဲ့တွေ၊ကိုရီးယားအဆိုရှင်တွေထက် ၀င်ငွေအမြင့်ဆုံးရရှိခဲ့တဲ့ ကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်ခဲ့ပါတယ်။

Billboard 200 စာရင်းမှာလည်း Top Ten ၀င်ခဲ့ပြီး နံပါတ် ၇နေရာကို ရရှိခဲ့တယ်လို့ သိရပါတယ်။ကိုရီးယားကေပေါ့ပ်အဖွဲ့တွေထဲမှာပထမဆုံး Top Ten ၀င်ခဲ့တဲ့အဖွဲ့တစ်ခုဖြစ်တာကြောင့်  BTS ရဲ့ ပရိသတ်တွေက ၀မ်းသာဂုဏ်ယူ မဆုံးဖြစ်နေကြပါတယ်။ နားမထောင်ရသေးတဲ့ပရိသတ်တွေအတွက် BTS အဖွဲ့ရဲ့ သီချင်းသစ်ဖြစ်တဲ့ DNAကို နားဆင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *