အိမ်မီးလောင်မယ်ဆိုရင် ဘာမှယူမပြေးပါဘူးဆိုတဲ့ ဆွီဒင်တိုက်စစ်မှူး ဇလေတန်အီဗရာဟီမိုဗစ်ခ်ျ

ibra.jpg
Shares 0

    ပီအက်စ်ဂျီတိုက်စစ်မှူးဇလေတန် အီဗရာဟီမိုဗစ်ခ်ျမှာ ကစားသမားဘ၀တွင် ကလပ်အသင်းပေါင်းစုံ ကူးပြောင်းခဲ့သလို ခြေစွမ်းလည်း အထူးပင်ကောင်းမွန်သူဖြစ် သည်။  ဘောလုံးသမားဘ၀မှ အတွေ့အ ကြုံများ၊ အခြားလူသိနည်းသောအချက်အ လက်များအား တွေ့ဆုံမေးမြန်းထားမှုကို ဖော် ပြပေးလိုက်ပါသည်။

 မေး- အားကစားလောကမှာ ကိုယ့်ရဲ့စူပါ ဟီးရိုးကြီးအဖြစ် သတ်မှတ်ထားသူက ဘယ်ူသူများဖြစ်မလဲ။

ဖြေ- မာရာဒိုနာဖြစ်နေဆဲပါပဲ။ ကျွန်တော့ အမြင်အရ သူဟာတကယ့်ဘောလုံးသမား ကောင်းတစ်ယောက်ပါ။ အကြီးကျယ်ဆုံး ဘောလုံးသမားပေါ့။ အမြဲတမ်းအတွက်ပါ။

မေး- ဘောလုံးမကန်ဖြစ်ခဲ့ရင် ဘာလုပ်ဖြစ် နေမလဲဗျ။

ဖြေ- အသက်(၁၅)နှစ်လောက်မှာ ဘော လုံးကစားတာရပ်ပြီး မယ်လ်မိုဆိပ်ကမ်းမှာ အလုပ်လုပ်ဖို့ နီးစပ်ခဲ့ဖူးတယ်။ အဲဒီအချိန် က အလုပ်လုပ်ရင် ပိုက်ဆံတွေရလိမ့်မယ် လို့ တွေးနေခဲ့မိတယ်လေ။ ဒါပေမယ့်တ ကယ်တမ်းတော့ မရခဲ့ပါဘူး။ နောက်ဆုံးမှာ နည်းပြကနေ မင်းမှာဘောလုံးပါရမီရှိတယ်။ ဆက်ကစားဆိုတာနဲ့ကစားဖြစ်ခဲ့တာပါ။

မေး- ကစားသမားဘ၀ အမှတ်တရအရှိခဲ့ ဆုံးဖြစ်ရပ်မျိုးရှိခဲ့ဖူးလားဗျ။

ဖြေ- အင်တာမီလန်နဲ့အတူရခဲ့တဲ့ ပထမ ဆုံး စီးရီးအေးဆုဖလားရခဲ့တဲ့အချိန်ပေါ့ဗျာ။ အများစုကတော့ အင်္ဂလန်ဘက်ကို သွင်းခဲ့ တဲ့ နောက်ပြန်ကန်ချက်ဂိုးအကြောင်းပြော နေကြမှာပေါ့။ ဒါပေမယ့် ဆွီဒင်လက်ရွေးစင် အသင်းအတွက် ပထမဆုံးဂိုးသွင်းနိုင်ခဲ့တာ ကိုလည်း မမေ့နိုင်သေးပါဘူး။

မေး- ဒါနဲ့ ဆိုးဝါးတဲ့အမှတ်တရရောဗျ။

ဖြေ-ချန်ပီယံလိဂ်ဆုဖလားမရဘူးသေးတဲ့အ ချက်က ကျွန်တော်စိတ်ကို ထိခိုက်စေနေပါ တယ်။ ဒီအချက်ကြောင့်ပဲ တွန်းအားတွေ ပေးနေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဥ ရောပမှာ စိုးမိုးနိုင်ဖို့အတွက် အလားအလာ တွေအများကြီး ကောင်းနေပါပြီ။

မေး- တခြားပြောင်းမေးမယ်ဗျာ။ တကယ် လို့ ခင်ဗျားအိမ်မီးလောင်နေပြီဆိုပါစို့။ဘာကို အရင်ဆုံးယူပြေးမှာလဲ။

ဖြေ- ဘာမှမယူဘူးဗျာ။ ဇိမ်ခံပစည်းတွေက ပြန်ဝယ်လို့ရပေမယ့် ကိုယ်ကိုယ်တိုင်ထက် ပိုတန်ဖိုးရှိတာမရှိပါဘူး။ ချစ်သူရယ်၊ သားတွေ ရယ်ကို ခေါ်ပြီးပြေးမှာပါ။ လူထက်ပိုပြီးတန် ဖိုးရှိတာ မရှိပါဘူး။

မေး-အကြိုက်ဆုံးသီချင်းရှိလားဗျ။

ဖြေ-ဘော့ပ်မာလေရဲ့ ဥညနူသလနကို အရမ်း ကြိုက်တယ်ဗျာ။ ကျွန်တော်က ရက်ဂေးပ ရိသတ်လေ။ အဲဒီဂီတက စိတ်အပန်းပြေ စေနိုင်တယ်လို့ ထင်တယ်။

မေး- ညစာအတူစားချင်တဲ့သူ (၃)ဦးကို ပြောပြပေးနိုင်မလား။

ဖြေ- မင်းသား အဲလ်ပါဆီနို၊ မာရာဒိုနာနဲ့ ကျွန်တော့ချစ်သူပါ။

မေး-ဟင်းချက်တတ်လား။ ချက်တတ်ရင် အကောင်းဆုံးချက်တတ်တဲ့ဟင်းပြောပြပါဦး။

ဖြေ- လိုအပ်လာရင်ချက်တယ်ဗျ။ အိမ်မှာ က အစားအသောက်တွေ အမြဲတမ်းရှိပါ တယ်။ ကျွန်တော်ငယ်ငယ်က အိမ်မှာဘာ မှကိုမရှိခဲ့တော့ ကြီးလာရင် ဒီလိုမဖြစ်စေ ရဘူးဆိုတဲ့အသိဖြစ်လာခဲ့တာပါ။ ချက်ပြုတ် ပေးတာကို အသင့်စားရတာပိုကြိုက်တယ်။ အီတလီမှာ အကြာကြီးနေခဲ့လို့ပဲလားမဆို သာဘူး။ အီတလီစာတော့ တအားကြိုက်ပါ တယ်။

မေး- နောက်ဆုံးအနေနဲ့ လျှို့ဝှက်ချက်တစ် ခု ပြောပြပေးလို့ရမလား။

ဖြေ- တိုက်ကွမ်ဒိုမှာ ခါးပတ်နက်ရထားပါ တယ်။ ဒါကြောင့် နိုင်ငံတကာပြိုင်ပွဲတွေက နေ ဒိုင်လာလုပ်ပေးဖို့ အမြဲဖိတ်ကြတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *