ပင်လယ်ထဲကနေ ကမ်းခြေပေါ်မျောလာခဲ့တဲ့ ထူးထူးဆန်းဆန်းပစ္စည်းများ

Shares 0

ပင်လယ်ထဲကနေ ကမ်းခြေပေါ်မျောလာတဲ့အရာတွေဟာ ခရုတွေ၊ကြယ်ငါးတွေပဲမဟုတ်ပါဘူး။ တစ်ခါမှမမြင်ဖူးတဲ့အရာတွေလည်းမျောတင်နေခဲ့ဖူးတယ်လို့သိရပါတယ်။

၁။အရွယ်အစား ၈လက်မရှိတဲ့ဘီလူးပုံစံအရုပ်လေးကို နယ်သာလန်နိုင်ငံက Zandvoort ကမ်းခြေမှာတွေ့ခဲ့တာပါ။ပထမတော့ လူတွေကဒီအရုပ်လေးဘယ်ကမျောပါလာတာလဲဆိုပြီး အံ့သြနေကြပါတယ်။နောက်တော့အရုပ်လေးနဲ့တွဲပြီးဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်။အဲ့ဒီအရုပ်နဲ့ပတ်သက်ပြီးဘာကိုမှမသိကြပါဘူးလို့လည်း သိရပါတယ်။

A LEGO toy

၂။ဒါကတော့ သတ္တ၀ါတစ်ကောင်ရဲ့ မျက်လုံးပဲဖြစ်ပါတယ်။၂၀၁၂တုန်းက ဖလော်ရီဒါက ကမ်းခြေတစ်ခုမှာတွေ့ရှိခဲ့တာပါ။အခုချိန်ထိ ဘယ်လိုသတ္တ၀ါရဲ့ မျက်လုံးဖြစ်မှန်းအတိအကျမသိသေးပါဘူး။

The eye of an unknown creature

၃။ဒီအန်စာတုံးကြီးကတော့ ၂၀၁၇၊မတ်လတုန်းက Idaho က ကမ်းခြေတစ်ခုမှာမျောတင်ခဲ့တယ်လို့သိရပါတယ်။

A dice cube

၎။ကြက်ဥပုံစံသကြားလုံးလေးတွေကတော့ ၂၀၁၇၊ဇန်န၀ါရီလက နယ်သာလန်နိုင်ငံက Zandvoort ကမ်းခြေမှာ အရုပ်လေးနဲ့အတူတူမျောပါလာခဲ့တယ်လို့သိရပါတယ်။ သင်္ဘောတစ်စင်းက မုန်တိုင်းမိပြီးဒီကမ်းခြေပေါ်ကိုပစ္စည်းတွေမျောပါလာခဲ့တာဖြစ်မယ် လို့ယူဆထားကြပါတယ်။

Kinder Eggs

၅ ကြီးမားတဲ့ပိုက်လုံးကြီးကတော့ ၂၀၁၇၊သြဂုတ်လက ကမ်းခြေပေါ်မှာတင်နေခဲ့တယ် လို့သိရပါတယ်။ အဲ့ဒီပိုက်လုံးကြီးက မီတာ ၅၀၀လောက်ရှည်လျားပါတယ်။ပင်လယ်ထဲမှာ သယ်ယူပို့ဆောင်ရေးလုပ်ရင်း ကျသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Giant pipes

၆။စစ်တပ်သုံးပစ္စည်းတစ်ခုကတော့ ၂၀၀၈တုန်းက စကော့တလန်က ကမ်းခြေတစ်ခုမှာတင်နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။

An unmanned target

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *