လာမယ့်ဆောင်းရာသီအတွက် လှပပြီးအမြင်ဆန်းစေတဲ့ အသင့်တော်ဆုံး ဖက်ရှင်ဒီဇိုင်းများ

Shares 0

ဆောင်းရာသီလည်း ရောက်တော့မယ်။ အနွေးထည်လေးတွေနဲ့ ရှိုးထုတ်
ရမယ့်အချိန်ရောက်ပြီ..ဒါပေမယ့် ဘယ်လိုဝတ်ဆင်ရမလဲဆိုတာ မသိတဲ့
မိန်းကလေးတွေအတွက် မတူညီကွဲပြားတဲ့ဖက်ရှင်ဒီဇိုင်း အလန်းလေးတွေ
ကိုဖော်ပြပေးလိုက်ပါတယ်။

စိမ်းပြာရောင် 

စိမ်းပြာရောင်ဟာ မိန်းကလေးတစ်ယောက်အလှကို ဘယ်လောက်ထိ
ပေါ်လွင်စေလဲဆိုတာ ပုံထဲမှာကြည့်တာနဲ့သိပါတယ်။ ဒီတစ်နှစ်အတွက်
လူအကြိုက်အများဆုံး အရောင်လို့လည်းသိရတယ်။ စိမ်းပြာရောင်
လည်ပတ်ပဲဖြစ်ဖြစ်၊ သားရေးကုတ်တို့တွဲဖက်ဝတ်ဆင်ပေးနိုင်ပါတယ်။

ပုလဲ ပန်းရောင်

ပန်းရောင်ကိုမှ ပုလဲဆိုပြီး ကွဲသေးတယ်။ ပန်းရောင်ကတော့ မိန်းကလေး
တိုင်းနဲ့လိုက်ဖက်ပါတယ်။ ထိုအရောင်က မိန်းကလေးတစ်ယောက်ကို
ပိုနူးညံ့စေပြီး ဆွဲဆောင်မှုလည်းပိုပေါ်လွင်စေပါတယ်။

နက်ပြာရောင်

ဒီအရောင်လည်း လူကြိုက်များကြပါတယ်။ ဝတ်လိုက်ရင် လူကို
ယုံကြည်မှုရှိစေတယ်။ ပိုလည်းစမတ်ကြသလို သူများနဲ့မတူ တစ်မူ
ထူးဆန်းတဲ့ အသွင်ကိုပေါ်လွင်စေပါတယ်။

ဘာဂန်ဒီရောင်

ထိုနာမည်ကြီး ဘာဂန်ဒီရောင်ကိုလည်း maroon လို့အများစုက
ခေါ်ဆိုကြပါတယ်။ ဝိုင်အနီရောင်နဲ့ တူပါတယ်။ ထိုအရောင်က
နှစ်လိုဖွယ်ကောင်းပြီး မိန်းမတစ်ယောက်အလှကိုပိုမိုပေါ်လွင်စေပါတယ်။

ခရမ်းရောင်


ခရမ်းရောင် အလွန်ကြိုက်နှစ်သက်တဲ့မိန်းကလေးတွေအတွက်
ခရမ်းရောင်ဟာ ဆောင်းရာသီနဲ့လိုက်ဖက်မှုရှိပါတယ်။ ခရမ်းရောင်
လက်ကိုင်အိတ်၊ လည်ပတ်၊ ဦးထုပ်နဲ့ ကုတ်အကျီ င်္တွေက
ဆောင်းရာသီနဲ့အသင့်တော်ဆုံးပါပဲ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *