တစ်စုံတစ်ယောက်ကိုလက်တွဲဖို့ရွေးချယ်တော့မယ်ဆိုရင် အရင်ဆုံးဒီအချက်တွေနဲ့ဆန်းစစ်ကြည့်လိုက်ပါ

Shares 0

သင်တစ်စုံတစ်ယောက်ကိုရွေးချယ်တော့မယ်ဆိုရင် ဒီအချက်တွေနဲ့အရင်ဆန်းစစ်ကြည့်လိုက်ပါဦး။ ဘ၀တစ်လျှောက်လုံးလက်တွဲသွားဖို့စဉ်းစားထားတယ်ဆိုရင် အသေးအမွှားပြဿနာလေးတွေက လည်း တစ်ချိန်ချိန်မှာပြဿနာအကြီးကြီးဖြစ်လာနိုင်ပါတယ်။

၁။သူ့ရဲ့ အရင်ဇယားတွေအကုန်ရှင်းရဲ့လားလေ့လာပါ

အရင်တုန်းကတွဲခဲ့တဲ့သူတွေရှိရင် သူတို့နဲ့တကယ်ရောပြတ်ပြီလားဆိုတာစုံစမ်းပါ။ မပြတ်သေးဘူးဆိုရင်သင်နဲ့လက်တွဲနေတုန်း အရှုပ်အရှင်းတွေဖြစ်လာနိုင်ပါတယ်။

၂။သူ့မှာအနာဂတ်အစီအစဉ်တွေရှိလားဆိုတာ လေ့လာပါ

သင်ရွေးချယ်မယ်လို့စဉ်းစားထားတဲ့သူတစ်ယောက်မှာ တိုးတက်ချင်တဲ့စိတ်ရှိရဲ့လား ဆန်းစစ်ပါ။”တူနှစ်ကိုယ်တဲအိုပျက်မှာနေရနေရ” ဆိုတဲ့ ခေတ်ကကုန်သွားပါပြီ။အနာဂတ်မှာ တိုးတက်ကောင်းမွန်တဲ့ဘ၀တစ်ခုကိုရဖို့ နှစ်ယောက်လုံးကြိုးစားရမှာပါ။

၃။သင့်အပေါ်ထားတဲ့သူ့ရဲ့စိတ်က ဘယ်လိုမျိုးလဲဆန်းစစ်ပါ

လူတစ်ယောက်နဲ့တစ်ယောက်ဟာစိတ်ချင်းမတူညီနိုင်ပါဘူး။ဒါပေမဲ့ တကယ်ချစ်ကြတဲ့ချစ်သူတွေ ကတော့ စိတ်သဘောထားချင်းမတိုက်ဆိုင်ရင်တောင် အချင်းချင်းညှိပြီးအဆင်ပြေအောင်ဖြေရှင်း ကြပါတယ်။ေ ယာက်ျားလေး၊မိန်းကလေးစိတ်ခံစားချက်ချင်းမတူကြပါဘူး။ အဲ့ဒါကြောင့်ပြဿနာတစ်ခုဖြစ်တဲ့အခါမှာ သာတယ်၊နာတယ်ထည့်တွက်နေရင်တော့ ရေရှည်မှာလည်းအဆင်မပြေနိုင်ပါဘူး။

၎။သူ့ရဲ့မိသားစုနဲ့သူ့ရဲ့ဆက်ဆံရေးကိုလေ့လာပါ

သင်က သူနဲ့လက်တွဲဖို့စဉ်းစားထားပြီဆိုရင် သူ့ရဲ့ မိသားစုအခြေအနေကိုသိထားဖို့လိုပါတယ်။ သူနဲ့သူ့မိသားစုရဲ့ဆက်ဆံရေးကောင်းမွန်မှသင့်အတွက်လည်း ရေရှည်အဆင်ပြေမှာပါ။

၅။တခြားသူတွေအပေါ်ကိုဘယ်လိုဆက်ဆံသလဲလေ့လာပါ

သူက တခြားသူတွေကိုကြင်ကြင်နာနာဆက်ဆံသလား ၊မောက်မာရိုင်းစိုင်းစွာဆက်ဆံလား ဆိုတာလေ့လာပါ။ စိတ်သဘောထားသေးသိမ်တဲ့သူလား၊သဘောထားကြီးတဲ့သူလားဆိုတာ သူနဲ့တခြားသူတွေစကားပြောဆက်ဆံတာကိုကြည့်ပြီးရင်သိနိုင်ပါတယ်။အချိန်ယူပြီးလေ့လာကြည့်ပါ။လူတစ်ယောက်ရဲ့အကျင့်စရိုက်အမှန်ဆိုတာ ကြာကြာဖုံးထားလို့မရပါဘူး။

၆။တခြားမိန်းကလေးတွေနဲ့ပြောဆိုဆက်ဆံပုံကိုလေ့လာပါ

တစ်ယောက်ယောက်ကိုလက်တွဲဖို့စဉ်းစားထားတယ်ဆိုရင် သူ့ကိုအချိန်ယူပြီးလေ့လာ သင့်ပါတယ်။သစ္စာဖောက်ခံရတယ်ဆိုတာ ဘယ်မိန်းကလေးမှမကြုံချင်ကြပါဘူး။ အဲ့ဒါကြောင့်မတွဲခင်တည်းက တခြားမိန်းကလေးတွေနဲ့ဆက်ဆံပြောဆိုပုံတွေကိုလေ့လာပါ။ သင့်ကိုလည်းအတူတူ၊တခြားမိန်းကလေးတွေကိုလည်းအတူတူပဲပြောဆိုဆက်ဆံနေတယ်ဆိုရင်တော့ တွဲဖို့ သေချာစဉ်းစားသင့်ပါတယ်။

၇။သင်သူ့အပေါ်တကယ်ချစ်ရဲ့လားဆန်းစစ်ပါ

နောက်ဆုံးအချက်ကတော့သင့်ကိုယ်သင်ဆန်းစစ်ရမှာပါ။သင်တွဲဖို့ဆုံးဖြတ်ထားတဲ့သူကိုတကယ်ချစ်တာလား၊ရွေးချယ်သင့်လို့ရွေးချယ်လိုက်တာလားဆိုတာကိုဆန်းစစ်ပါ။လက်တွဲပြီးမှ နောင်တရမိမယ့်အဖြစ်မျိုးကိုမလုပ်မိပါစေနဲ့။

ဒီအချက်တွေအကုန်လုံးသေချာဆန်းစစ်ပြီးမှရွေးချယ်ကြဖို့ အကြံပေးချင်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *