သင့်သွားကိုအဓိကပျက်စီးစေတဲ့ အစားစာများ

Shares 0

တောက်ပတဲ့အပြုံးကို လူတိုင်းပိုင်ဆိုင်ချင်ပါတယ်။ ကျန်းမာတဲ့သွားကို
ပိုင်ဆိုင်ထားခြင်းကလည်း စိတ်ကျေနပ်စရာတစ်ခုပါပဲ။ ဘယ်လောက်ပဲ
အစားသောက်ဆင်ခြင်ပါစေ.. စားပြီးသွားတိုက်လည်း သွားနဲ့ပတ်သတ်တဲ့
ရောဂါတစ်ခုခုဖြစ်နေပြီဆိုရင် ဒီအချက်တွေကို သတိထားဖို့လိုလာပါပြီ။

ဘလူးဘယ်ရီသီး


ဘလူးဘယ်ရီက သွားကျန်းမာရေးကိုမထိခိုက်နိုင်ပေမယ့် သွားအရောင်ကို
မှိန်ကျစေပါတယ်။ ဘလူးဘယ်ရီကို မကြာခဏ မစားဖြစ်ဘူးဆိုရင်
သွားအရောင်မှိန်စရာမရှိပါဘူး။ အသီးမှာပါတဲ့အရည်တွေကြောင့် သွားက
အဝါရောင်အနည်းငယ်ပြောင်းသွားစေပါတယ်။

ဝိုင်ဖြူ


ဝိုင်ဖြူဟာ သွားအပေါ်ယံကြွေလွှာတွေကိုပျက်စီးစေပါတယ်။
သင့်ရဲ့သွားဟာ အထိခိုက်လွယ်တဲ့အမျိုးစားဆိုရင် ဝိုင်ဖြူမကြာခဏသောက်
ခြင်းကိုရှောင်သင့်ပါတယ်။

ဝိုင်နီ


ဝိုင်နီလည်း သွားကျန်းမာရေးကိုမထိခိုက်စေပါဘူး။ သူ့ရဲ့သဘာဝအရောင်ကို
က သင့်ရဲ့သွားတွေကို အရောင်မှိန်စေလို့ဖြစ်ပါတယ်။

ဆီကြော်စာ


ဆီကြော်စာ မကြာခဏစားပေးခြင်းက သင့်ရဲ့ခန္ဓာကိုယ်အတွက်လည်း
မကောင်းသလို သွားကျန်းမာရေးကိုလည်းထိခိုက်စေပါတယ်။ ဥပမာ –
အာလူးကြော်ဆို သွားအပေါ်ယံကြွေလွှာတွေကိုပျက်စီးစေတဲ့အတွက်
စားပြီးတိုင်း ပါးစပ်ကို ပလုတ်ကျင်းဖို့မမေ့ပါနဲ့

ပီကေ


သကြားဓာတ်နည်းတဲ့ ပီကေဟာ သွားကျန်းမာရေးအတွက် အန္တရာယ်
မဖြစ်စေပါဘူး။ သကြားမပါရင် အန္တရာယ်မဖြစ်ဘူးဆိုပေမယ့် သွားအခေါင်း
ပေါက်ဖြစ်နိုင်ချေပိုများစေပါတယ်။ ပီကေဝါးတဲ့အခါ တံတွေးထုတ်လုပ်မှု
ပိုများတဲ့အတွက် ဓာတုသဘောအရ အက်ဆစ်တိုနဲ့ဓာတ်ပြုကာဖြစ်ပေါ်
လာတဲ့ အရာက သွားအခေါင်းပေါက်ဖြစ်စေတာပါ။

ပြောင်းဖူးပေါက်ပေါက်


ပြောင်းဖူးပေါက်ပေါက်မပါဘဲ ရုပ်ရှင်ကြည့်လို့ရမလား? တစ်ချို့ကရုပ်ရှင်
မကြည့်လည်း စားနေကြတာပါပဲ။ ပြောင်းဖူးပေါက်ပေါက်မှာပါဝင်တဲ့
အချိုဓာတ်တွေက သွားတွေကို တဖြည်းဖြည်းထိခိုက်လာစေပါတယ်။

လက်ဖက်ရည်


လက်ဖက်ရည်မှာ ကဖင်းဓာတ်တွေပါဝင်နေတဲ့အတွက် ခန္ဓာကိုယ်ကိုတော့
တက်ကြွစေမှာမှန်ပေမယ့် သွားအတွက်တော့ မကောင်းစေဘူး။
လက်ဖက်ရည်မှာပါဝင်တဲ့ ဖလူအိုရင်းဓာတ်က ကဖင်းဓာတ်ထက်နည်းတယ်
ဆိုပေမယ့် သင့်ရဲ့သွားကိုပျက်စီးစေပါတယ်။ ဖလူအိုရင်းက လူတစ်ယောက်
ခန္ဓာကိုယ်အတွက် လိုအပ်တယ်ဆိုပေမယ့် အရမ်းများသွားရင်
အရိုးနဲ့ သွားတွေကိုထိခိုက်စေပါတယ်။ တစ်နေ့ကို ၃ခွက်ထက် ပိုမသောက်တာ အကောင်းဆုံးပါပဲ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *