ခရီးသွားမယ်ဆိုရင် အဓိကယူသွားသင့်တဲ့ပစ္စည်း ၇ မျိုး

Shares 0

ခရီးသွားဖို့ပြင်ဆင်ရမယ်ဆိုတာနဲ့ ဘာတွေထည့်ရမလဲဆိုတာကိုစဉ်းစားရပါပြီ။ ထည့်စရာတွေများပြီး တကယ်လိုအပ်တဲ့ပစ္စည်းတွေမယူသွားမိရင်တော့ ခရီးစဉ်တစ်ခုလုံးအဆင်ပြေမှာမဟုတ်တော့ပါဘူး။အဲ့ဒါကြောင့်ခရီးတစ်ခုထွက်မယ်ဆိုရင် အဓိကလိုအပ်တဲ့ပစ္စည်းတွေကိုပြောပြပေးချင်ပါတယ်။

၁။မှတ်စုစာအုပ်

မှတ်စုစာအုပ်တစ်အုပ်လိုအပ်ပါတယ်။ကိုယ်သွားမယ့်နေရာတွေ၊အချိန်တွေကိုရေးထားပါ။အဲ့ဒါမှ ခရီးထွက်ပြီးလည်စရာနေရာမကျန်ခဲ့စေမှာပါ။တစ်ခါမှမရောက်ဖူးတဲ့နေရာကိုသွားလည်မယ်ဆိုရင် အသိတွေဆီကလမ်းညွန်စကားတွေတောင်းပြီးရေးမှတ်ထားပါ။အရေးကြီးဖုန်းနံပါတ်၊လမ်းညွန်တွေကိုလည်းမှတ်စုစာအုပ်ထဲမှာမှတ်သားထားပါ။မှတ်စုစာအုပ်က သင်လိုအပ်တဲ့အခါ အကူအညီပေးနိုင်ပါလိ့မ်မယ်။

၂။ဖုန်းနဲ့အားသွင်းကြိုး

ခရီးတစ်ခုထွက်မယ်ဆိုရင်ဖုန်းနဲ့အားသွင်းကြိုးကမပါမဖြစ်ပါပဲ။မမေ့လျော့စေပဲ အိတ်တစ်လုံးထဲစုထည့်ထားပါ။မသွားခင်တည်းကဖုန်းအားအပြည့်သွင်းထားပါ။ရက်ကြာမယ်ဆိုရင်ဘက်ထရီအပိုတုံးယူဖို့မမေ့ပါနဲ့။

၃။အ၀တ်အစား

အ၀တ်အစားကတော့မပါမဖြစ်ထည့်သွားရမှာပါ။ဒါပေမဲ့ ရာသီဥတုအခြေအနေ၊နေရာအခြေအနေ ကိုကြည့်ပြီးသင့်တော်သလောက်ပဲထည့်ပါ။မလိုအပ်ပဲ အ၀တ်အစားတွေအများကြီးမထည့်ပါနဲ့။ ဥပမာ ၅ရက်ခရီးဆို အ၀တ်အစားလေးစုံလောက်ပဲထည့်ပါ။မဖြစ်မနေအခြေအနေမှသာ အပြည့်ယူပါ။

၎။ဆေး

ခရီးထွက်မယ်ဆိုရင် ရာသီဥတုအပြောင်းအလဲကြောင့်နေမကောင်းဖြစ်မှာစိုးရိမ်ရပါတယ်။ လမ်းမှာအစားမှားတဲ့အခါ၊နေမကောင်းဖြစ်တဲ့အခါမှာ အမြန်ပျောက်ကင်းသွားအောင်ဆေး ယူဖို့လိုအပ်ပါတယ်။ ဆရာဝန်မရှိတဲ့အရပ်ဒေသကိုရောက်နေရင် ဆေးယူလာတာဟာ အပိုမဖြစ်သွားနိုင်ပါဘူး။တခြားသူတွေနေမကောင်းဖြစ်ရင်လည်းကူညီပေးလို့ရပါတယ်။

၅။အစားအစာ

ခရီးတိုဖြစ်စေ၊ခရီးဝေးဖြစ်စေ ခရီးသွားတဲ့အခါ အစားအစာအနည်းငယ်ယူသွားဖို့လိုအပ်ပါတယ်။ လမ်းမှာဗိုက်ဆာတဲ့အခါ အဆာပြေအနေနဲ့စားပေးလို့ရပါတယ်။အစာရှိမှအားပြည့်မှာပါ။ ရေနဲ့အခြောက်ခံတဲ့မုန့်အနည်းငယ်ကိုယူသွားပါ။မုန့်အစိုတွေကတော့ ရက်လွန်ရင်စားလို့ အဆင်မပြေတော့ပါဘူး။

၆။အလှပြင်ပစ္စည်း

အလှပြင်ပစ္စည်းကိုတော့မေ့ကြမယ်မထင်ပါဘူး။ဒါပေမဲ့များများစားစားယူသွားဖို့တော့မလိုပါဘူး။အဓိကလိုအပ်တာကတော့ မိတ်ကပ်ပါ။မိတ်ကပ်ကိုလည်း သဘာဝဆန်တဲ့အရောင်လေးတွေယူသင့် ပါတယ်။ပြီးရင်မျက်နှာသစ်ဆေး၊ဂွမ်း၊တိုနာနဲ့Moisturizer တွေယူသွားပါ။သဘာဝဆန်တဲ့ နှုတ်ခမ်းနီအရောင်တစ်ချောင်းကိုယူသွားပါ။အဲ့ဒါတွေကိုတော့မမေ့မလျော့ယူသွားပေးရပါမယ်။ရက်ကြာမယ်ဆိုရင်ခေါင်းလျှော်ရည် ၂ထုပ်၊၃ထုပ်ယူသွားပေးပါ။

၇။ပိုက်ဆံကို လိုအပ်တာထက်အနည်းငယ်ပိုယူသွားပါ။

နေရာတိုင်းကိုကွက်တိတွက်ထားလို့မရပါဘူး။မနှစ်ကဈေးနဲ့ဒီနှစ်ဈေးကမတူညီနိုင်ပါဘူး။အရေးကြုံတဲ့အခါမှာလည်းသုံးလို့ရအောင် ပိုက်ဆံကို လိုအပ်တာထက်အနည်းငယ်ချင့်ချိန်ပြီးယူသွားပေးပါ။

အဓိကလိုအပ်တဲ့ပစ္စည်းတွေကိုအရင်ဆုံးထည့်ထားပြီးနောက်မှ လိုအပ်တယ်ထင်တာတွေကိုယူသွားဖို့အကြံပေးချင်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *