” IT ”ဇာတ်ကားထဲမှ သရဲဇာတ်ဆောင်ကို မိတ်ကပ်မပါဘဲ အပြင်မှာ တွေ့ဆုံတဲ့အခါ

Shares 0

” IT ” ဇာတ်ကားကိုစောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက်
ဒီအပတ်အတွင်းမှာ ” IT ” ထွက်တော့မယ်လို့သိရပြီး ထိုဇာတ်ကားထဲမှ
သရဲဇာတ်ဆောင်ရဲ့မိတ်ကပ်မပါတဲ့ မျက်နှာကိုအပြင်မှာတွေ့ရတဲ့အခါ
မိန်းကလေးတွေရဲ့အသည်းကျော်ဖြစ်လာရပြန်ပါပြီ။

သရဲနေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ Bill Skarsgard ပဲ
ဖြစ်ပါတယ်။ သူ့ရဲ့လက်တွေ့ဘဝ ရုပ်အသွင်ပြင်ကတော့ မိန်းကလေးတွေ
သဘောကျစရာပါပဲ။ ကလေးတွေကို သူ့ကိုကြောက်လား မေးရင်တောင်
ချစ်ဖို့ကောင်းတယ်လို့ ပြန်ဖြေလာကြပါတယ်။

” IT ”ရုပ်ရှင်ဟာ ၂ဝ၁၇ အမေရိကန် သရဲကားဖြစ်ပြီး ဒါရိုက်တာ
Andy Muschietti ရိုက်ကူးပြီး Stephen King ရဲ့ဝတ္တုကို ပြန်လည်
ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်သူတွေကတော့
Jaeden Lieberher ၊ Bill Skarsgård ၊ Jeremy Ray Taylor, Sophia Lillis, Finn Wolfhard, Wyatt Oleff, Chosen Jacobs, Jack Dylan Grazer, Nicholas Hamilton နဲ့ Jackson Robert Scott တို့ပဲဖြစ်ပါတယ်။

လော့စ်အိန်ဂျယ်မှာတော့ စက်တင်ဘာ(၅)ရက်နေ့က ရုံတင်ပြသခဲ့တာ
ဖြစ်ပြီး အမေရိကန်မှာတော့ စက်တင်ဘာ(၈)ရက်နေ့က ရုံတင်ခဲ့ပါတယ်။
ဇာတ်လမ်း ဇာတ်ကွက်ရှိရှိနဲ့ ဝတ္တုအရသာမပျက်အောင်ရိုက်ကူးထားတဲ့
” IT ” ရုပ်ရှင်ဟာ Review အကောင်းဆုံးကိုလည်းရရှိထားပါတယ်။
ဇာတ်ကား နာမူနာလေးဖော်ပြပေးလိုက်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *