ပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ သိထားသင့်တဲ့အချက်လေးတွေ

Shares 0

ပျော်ရွှင်ခြင်းဆိုတာ ကမ္ဘာတစ်ဝှမ်းကပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့
ဆေးကောင်းတစ်လက်ပါပဲ။ အပြုသဘောဆောင်တဲ့ဘဝမှာနေထိုင်နိုင်ဖို့
စိတ်ပျော်ရွှင်မှုက အများကြီးအထောက်ပံ့ပေးနိုင်ပါတယ်။
လူ့ဘဝဆိုတာ ငိုတစ်လှည့်၊ ရယ်တစ်လှည့် …အမြဲတမ်း ကောင်းမနေသလို၊
အမြဲတမ်းလည်းဆိုးမနေပါဘူး။ ပြဿနာမျိုးစုံ၊ စိတ်ဖိစီးမှုပေါင်းစုံနဲ့ အမြဲ
ကြုံရတတ်ပါတယ်။ ဒါတွေက ခဏပါ…ပြီးရင်တော့ အဆင်ပြေသွားမှာလို့
မှတ်ယူထားနိုင်ရင် အိုကေပါပြီ။ ဒါဆို ပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုကို
ပိုင်ဆိုင်နိုင်ဖို့ သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သတိရှိရှိနေပါ


ဘာတွေပဲဖြစ်ဖြစ် သင်ဟာပစ္စုပ္ပန်မှာနေ,နေတဲ့အတွက် အတိတ်က
မကောင်းတဲ့အရာတွေကိုမေ့ဖျောက်နိုင်အောင်ကြိုးစားပါ။ ကိုယ်ဘာလုပ်လုပ်
အာရုံစူးစိုက်မှုထားပါ။

၂။ အားရပါးရ ရယ်ပါ


ရယ်မောခြင်းဟာလည်း အကောင်းဆုံးဆေးပဲနော်။ တကယ်ရယ်ရတဲ့
အခိုက်အတန့်မျိုးတွေကြုံလာရင် မြိုသိပ်မထားပဲ.. ကိုယ်စိတ်ရှိသလို ဖွင့်သာ
ရယ်ပါ။

၃။ ခရီးထွက်ပါ


အလုပ်နဲ့ အိမ် နေ့စဉ်သွားလိုက် ပြန်လိုက်လုပ်နေရတာ အလွန်ငြီးငွေ့လာရင်
ခရီးတိုလေးပဲဖြစ်ဖြစ် ထွက်ဖြစ်အောင်ထွက်ပါ။ ခရီးထွက်ရင်
မတွေ့ကြုံဖူးတဲ့အရာတွေနဲ့ ထိတွေ့ခွင့်ရပြီး လူတွေအကြောင်းကိုလည်း ပို
နားလည်လာပါလိမ့်မယ်။

၎။လေ့ကျင့်ခန်းလုပ်


လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ခန္ဓာကိုယ် သွေးလည်ပတ်မှုကောင်းစေသလို၊
တစ်နေ့လုံး ပေါ့ပါးလန်းဆန်းစေပါတယ်။ အနည်းဆုံး နာရီဝက်ကြာအောင်
တော့လုပ်ပေးသင့်ပါတယ်။

၅။ လူ့အဖွဲ့အစည်းကို အကူညီပေးခြင်း


ကိုယ်ကူညီပေးလိုက်လို့ အခြားလူတစ်ယောက်အဆင်ပြေသွားတာကို
မြင်ရတာလည်း စိတ်ကျေနပ်တစ်ခုပဲမဟုတ်ပါလား။ အပြင်ကိုထွက်ကြည့်
လိုက်ပါ။ ပစ္စည်းတွေ မနိုင်မနင်းဖြစ်နေတဲ့အန်တီကို အိတ်ဝိုင်းသယ်ပေး
တာတို့၊ အဘွားအို/အဘိုးအိုတွေ့ရင် ကားလမ်းဝိုင်းကူးပေးတာတို့လုပ်ပေး
လိုက်ပါ။ ကူညီပေးရတာလည်း ပျော်ရွှင်စရာတစ်မျိုးပါပဲ။

၆။ တရားထိုင်ခြင်း


တရားထိုင်ခြင်းက သင့်ကိုစိတ်ငြိမ်စေပြီး မှတ်ဥာဏ်အားလည်းကောင်းစေ
ကာ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်းကို လျော့ကျစေပါတယ်။

၇။ အကောင်းမြင်တတ်အောင်ကြိုးစား


မကောင်းတဲ့အတွေးတွေ မဝင်အောင်အတတ်နိုင်ဆုံးကြိုးစားပါ။
သူများမကောင်းတာ ကိုယ်နဲ့မဆိုင်ပါ။ ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံး
နေထိုင်ပါ။ အတွေးဆိုးတွေကိုထုတ်ပစ်ပြီး စိတ်ကိုအမြဲသစ်လွင်နေပါစေ။

၈။ ဝါဿနာပါရာလုပ်ပါ


ပန်းချီဆွဲ၊ ဓာတ်ပုံရိုက်၊ အကျီ င်္ဒီဇိုင်းလေ့လာခြင်း..စသဖြင့်။ ကိုယ်ဝါဿနာ
ပါရာကိုသာ လုပ်ပါ။ ရှိနေတဲ့အချိန်လေးမှာ ကိုယ်စိတ်ကြိုက်လုပ်ချင်တာကို
သာ လုပ်ပါ။

ကိုယ်စိတ်ရှိသလို ကခုန်


ကခုန်ခြင်းကလည်း သင့်ကိုစိတ်ပျော်ရွှင်မှုတစ်မျိုးပေးနိုင်ပါတယ်..။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *