သင်နေ့တိုင်းဆေးကြောပေးသင့်တဲ့ မီးဖိုချောင်သုံးပစ္စည်း ၆မျိုး

Shares 0

အိမ်တစ်အိမ်မှာရောဂါပိုးအပေါက်ဖွားနိုင်ဆုံးနေရာက မီးဖိုချောင်ပါပဲ။သင့်ရဲ့ မီးဖိုချောင်ကသန့်ရှင်းနေမှ ချက်ပြုတ်တဲ့အခါမှာလည်းကျန်းမာရေးနဲ့ညီညွတ်စေမှာပါ။ အခုသင့်ရဲ့မီးဖိုချောင်သုံးပစ္စည်းတွေထဲမှာ ဘယ်ပစ္စည်းတွေကိုအမြဲဆေးကြောပေးရမလဲ ဆိုတာကိုပြောပြပေးသွားမှာပါ။

၁။ကော်ဖီဖျော်စက်

မနက်ခင်းတိုင်းကော်ဖီဖျော်သောက်ပြီးကော်ဖီခွက်တွေဆေးကြောကြပေမဲ့ကော်ဖီဖျော်စက်ကိုတော့ မဆေးမိကြပါဘူး။ကော်ဖီစက်ထဲမှာကော်ဖီမှုန့်တွေကျန်ခဲ့တာဟာ အိမ်သာထိုင်ခုံတွေထက်ပိုပြီး ပိုးမွှားတွေဖြစ်စေတယ်လို့ ၂၀၁၁တုန်းက NSF Internationl ကနေလေ့လာတွေ့ရှိချက်အရ သိရပါတယ်။အဲ့ဒါကြောင့် အဖြူရောင်ရှာလကာရည်ကိုသုံးပြီးကော်ဖီထည့်တဲ့ခွက်ထဲမှာကော်ဖီမှုန့် မကျန်အောင်သန့်စင်ပေးရပါမယ်။

၂။ဈေးဝယ်အိတ်

သင်က ကိုယ်ပိုင်ဈေးဝယ်အိတ်နဲ့ဈေးဝယ်သူတစ်ယောက်ဆိုရင် ပြန်လာတဲ့အခါမှာဝယ်လာတဲ့ အသီးအရွက်တွေ၊အသားငါးတွေကိုသေချောဆေးကြောသင့်ပါတယ်။အိတ်ထဲမှာ အသီးအရွက်၊ အသားငါးတွေဆီက ပိုးမွှားတွေကပ်ကျန်နေခဲ့နိုင်လို့သေချာလျှော်ဖွပ်ပြီးမှ နောက်တစ်နေ့ပြန်သုံးပေးပါ။

၃။စည်သွပ်ဘူးဖောက်တံ

စည်သွပ်ဘူးဖောက်တံတွေကိုနေ့တိုင်းပုံမှန်ဆေးကြောသင့်ပါတယ်။လူအများစုက အဖုံးဖွင့်ရုံဖြစ်ပြီး ဘာမှလည်းမပေတာကြောင့်ဆေးဖို့မလိုဘူးလို့တွေးထားကြပါတယ်။ဒါပေမဲ့ NSF International အဖွဲ့အစည်းရဲ့ ၂၀၁၃တုန်းကလေ့လာတွေ့ရှိချက်အရ စည်သွပ်ဘူးဖောက်တံတွေ ကိုပုံမှန်မဆေးကြောဘူးဆိုရင် ကျန်းမာရေးပြဿာနာတွေဖြစ်လာနိုင်ပါတယ်။အထူးသဖြင့် ကလေးငယ်တွေ၊ လူကြီးတွေမှာပိုပြီးရောဂါဖြစ်လွယ်ပါတယ်။သင့်ရဲ့ မီးဖိုချောင်ကသန့်ရှင်းနေမယ်ဆိုရင်တော့ ဘာမှစိတ်ပူစရာမလိုပါဘူး။

၎။ပန်းကန်စင်

သင်နေ့စဉ်အစားအသောက်ထည့်တဲ့ပန်းကန်စင်ကိုလည်းနေ့တိုင်းဆေးကြောပေးသင့်ပါတယ်။ပန်းကန်စင်ကညစ်ပတ်နေမယ်ဆိုရင် အစားအသောက်ထည့်တဲ့ပန်းကန်တွေဆီ ပိုးမွှားတွေ ကူးစက်သွားနိုင်ပါတယ်။ပိုးမွှားတွေကမမြင်ရတဲ့အတွက်အစားအစာတွေထည့်လိုက်တဲ့အခါ ဗိုက်ထဲကိုအလွယ်တကူရောက်သွားနိုင်ပါတယ်။အဲ့ဒါကြောင့် သင့်ရဲ့ ပန်းကန်စင်ကိုနေ့တိုင်း ပုံမှန်ဆေးကြောဖို့မမေ့ပါနဲ့။

၎။ဘေစင်

ဘေစင်ကတော့ ညစ်ပတ်နေမယ်ဆိုရင်ပိုးမွှားတွေရဲ့ အကြိုက်ပါပဲ။ဘေစင်ထဲမှာ စုပုံနေတဲ့အမှိုက်တွေကနေရောဂါပိုးမွှားတွေကပ်ကျန်နေခဲ့နိုင်ပါတယ်။မကောင်းတဲ့အနံ့အသက်တွေထွက်နေရင်လည်း ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။အဲ့ဒါကြောင့်ဘေစင်ကိုအသုံးပြုပြီးရင် အမှိုက်တွေကိုဖယ်ပြီးဆပ်ပြာနဲ့သေချာဆေးကြောပေးသင့်ပါတယ်။

၅။ဆားဘူး၊ငရုတ်ကောင်းဘူး

၂၀၀၈တုန်းကလေ့လာတွေ့ရှိချက်အရ ဆားနဲ့ငရုတ်ကောင်းလှုပ်ဘူးတွေဟာ ဗိုင်းရပ်စ်ပိုးတွေကိုအများအပြားပေါက်ဖွားစေပါတယ်။သင်တို့မိသားစုရဲ့ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင် မီးဖိုချောင်ထဲက ဆား၊ငရုတ်ကောင်းဘူးတွေကိုနေ့တိုင်းဆေးကြောပေးသင့် ပါတယ်။ဘူးအပြင်ကိုသာမက အမှုန့်တွေကိုပါထုတ်ပြီး အထဲကိုနှစ်ရက်တစ်ခါဆေးကြောပေးသင့် ပါတယ်။

၆။ရေခဲသေတ္တာ

သင်က အစားအစာတွေကိုရေခဲသေတ္တာထဲမှာအမြဲထည့်လေ့ရှိတယ်ဆိုရင် ရေခဲသေတ္တာတံခါးတွေ ၊ဘေးဘောင်တွေကိုနေ့တိုင်းဆေးကြောပေးသင့်ပါတယ်။တံခါးကြား၊နဲ့ဘောင်တွေမှာ ဘတ်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားနိုင်ပါတယ်။သင်က တံခါးကိုကိုင်ပြီး အထဲက အစားအစာတွေကိုကိုင်လိုက်မယ်ဆိုရင် ပိုးတွေကအလွယ်တကူကပ်ငြိသွားမှာပဲဖြစ်ပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *