မျက်နှာပေါ်ကအရေးအကြောင်းတွေ၊၀က်ခြံအမည်းစက်တွေကို နနွင်းမှုန့်နဲ့ဖြေရှင်းကြမယ်

Shares 0

မျက်နှာပေါ်မှာအရေးအကြောင်းဖြစ်လာတာတွေ၊၀က်ခြံတွေ၊အမည်းစက်တွေကိုဘယ်သူကမှမလိုချင်ကြပါဘူး။မကြာသေးခင်က လှပချောမွတ်တဲ့မျက်နှာလေးကိုပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းတစ်ခုကိုတွေ့ထားပါတယ်။အဲ့ဒါကတော့ နနွင်းမှုန့်ပါ။ ဟင်းချက်ရာမှာလည်းအသုံးဝင်တဲ့နနွင်းမှုန့်ဟာအလှအပအတွက်လည်းအသုံးဝင်ပါတယ်။နနွင်းမှုန့်ဟာ အရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကောင်းမွန်အောင် ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ နနွင်းမှုန့်က သဘာဝပစ္စည်းဖြစ်တာကြောင့် အသားအရည်ထိခိုက်မှာလည်းမစိုးရိမ်ရပါဘူး။

နနွင်းမှုန့်ကိုဘယ်လိုသုံးရမလဲဆိုတော့…

နနွင်းမှုန့်စစ်စစ် လက်ဖက်ရည်ဇွန်း ၂ဇွန်း

ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ဇွန်း

ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း ၁ဇွန်း

အုန်းဆီစစ်စစ် လက်ဖက်ရည်ဇွန်း ၁ဇွန်း

ဒိန်ချဉ်တစ်ဇွန်းကိုပန်းကန်လုံးထဲထည့်ပါ။ပျားရည်နဲ့အုန်းဆီကိုထည့်ပါ။နောက်ဆုံးမှာ နနွင်းမှုန့်ကို ထည့်ပြီးမွှေပါ။ပျစ်တဲ့အထိမွှေပေးပါ။ပထမဆုံးမျက်နှာကိုသေချာသစ်ပါ။ခြောက်သွားရင် ရောထားတဲ့နနွင်းမှုန့်တွေကိုမျက်နှာပေါ်မှာလိမ်းပေးပါ။၁၅မိနစ်လောက်ထားပါ။ပြီးရင်ရေနွေးလေးနဲ့သစ်ပေးပါ။တစ်ပတ်ကို ၁ကြိမ်ပုံမှန်လုပ်ပေးမယ်ဆိုရင် အရေးအကြောင်းတွေလည်းလျော့နည်းပြီး ၀က်ခြံအမည်းစက်တွေပျောက်ကင်းသွားတာကိုမြင်တွေ့ရမှာပါ။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *