ဘာကြောင့် အစားစားချင်စိတ်ကို ရပ်တန့်လို့မရတာလဲ?

Shares 0

သင်ဟာ ထမင်းစားပြီးတိုင်း တစ်ခုခုထပ်စားချင်သလို ခံစားနေရပါသလား?
သင်ဘာကြောင့် ဗိုက်ခဏခဏဆာနေလည်းဆိုတာကို အရင်ဆုံး
နားလည်သဘောပေါက်ဖို့လိုပါမယ်။
ကိုယ့်ရဲ့မထင်မှတ်ထားတဲ့ နေ့စဉ်အမှားလေးတွေကြောင့် ဗိုက်ခဏခဏ
ဆာစေတာလည်း ဖြစ်နိုင်တာကြောင့် ဂရုစိုက်ရမယ့်အချက်လေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။

ရေငတ်နေခြင်း


သင်ဟာ ထမင်းစားပြီးလည်းထပ်ဆာနေတယ်ဆိုရင် ဘယ်အချိန်မှာ နောက်
ဆုံး ရေသောက်ခဲ့လည်းဆိုတာ ပြန်စဉ်းစားပါ။ ရေတစ်ခွက်သောက်ပြီး
ခဏလောက် စောင့်လိုက်ပါ။ ဗိုက်ဆာနေတဲ့ခံစားချက် လျော့ကျသွားတယ်
ဆိုရင်တော့ ရေဆာနေခြင်းကြောင့်ဖြစ်ရတယ်ဆိုတာကို သဘောပေါက်ဖို့
လိုပါတယ်။ ရေသာများများသောက်ပေးပါ။ မနက်ပိုင်းမှာလည်း ရေများများ
သောက်ပေးခြင်းက ခန္ဓာကိုယ်တွင်းရှိ အပုပ်တွေရှင်းစေပါတယ်။
ထမင်းမစားခင် တစ်နာရီခွဲအလိုလောက် ရေများများသောက်ပေးပါ။

ကယ်လိုရီနည်းနေခြင်း


အရသာရှိတာလေး စားချင်တာမှန်ပေမယ့် ကိုယ်စားလိုက်တဲ့အစားသောက်
ဟာ မှန်ကန်တဲ့ကယ်လိုရီမပေးစွမ်းနိုင်ရင် အလကားပါပဲ။ ချိုတဲ့မုန့်သရေစာ
တွေဟာ တစ်ခါတစ်လေစားတာပဲကောင်းပါတယ်။ သူတို့ကခန္ဓာကိုယ်
အတွက် အကျိုးမပြုနိုင်တဲ့အပြင် စားချင်စိတ်တွေကိုပိုမိုတိုးပွားစေပါတယ်။

အိပ်ရေးမဝခြင်း


တစ်နေ့ကို အိပ်စက်ချိန် ၇နာရီ၊ ၈နာရီရှိသင့်ပါတယ်။ ညဘက်ကို
နောက်ကျမှအိပ်စက်ခြင်းဟာ ဗိုက်ခဏခဏဆာစေတဲ့အပြင်
melatonin ဟော်မုန်းတွေထုတ်ပေးတာကြောင့် ခန္ဓာကိုယ်အစိတ်ပိုင်း
ပြောင်းလဲမှုကိုထိခိုက်စေရုံသာမက အပြင်ပန်းရုပ်ရည်အသွင်ပြင်ကိုပါ
ထိခိုက်လာစေပါတယ်။

စိတ်ဖိစီးမှုများခြင်း


စိတ်ဖိစီးမှု နှစ်မျိုးခွဲခြားထားပါတယ်။ အစားဆို လှည့်ကြည့်ချင်
စိတ်တောင်မရှိတဲ့ ဖိစီးမှုမျိုးနဲ့ စိတ်ဖီးစီးရင် အစားကြီးပဲစားချင်နေတာမျိုး
ဆိုပြီး သတ်မှတ်ထားပါတယ်။ သင်ဟာ ဒုတိယအချက်မှာပါနေတယ်ဆို
သင့်ရဲ့စိတ်ဖိစီးမှုတွေကို အရင်လျော့ချပါ။ ရင်းနှီးတဲ့လူတစ်ယောက်နဲ့
တွေ့ဆုံပြီး စိတ်ပျော်ရွှင်စရာအကြောင်းရာတွေဝေမျှပါ။ စိတ်ခွန်အားဖြစ်စေ
မယ့်စာအုပ်တွေဖတ်တာမျိုး၊ စိတ်အပြောင်းလဲဖြစ်စေမယ့် ရုပ်ရှင်တွေကြည့်
သင့်ပါတယ်။ အစားတွေဖိစားမနေဘဲ အားကစားတစ်ခုခုလုပ်ကြည့်ပါ။
ခန္ဓာကိုယ်လည်း ပေါ့ပါးပြီး စိတ်တည်ငြိမ်သွားပါလိမ့်မယ်။

မသင့်လျော်တဲ့ အစားစာတွေ


အရက်က ခဏခဏစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ သူငယ်ချင်းတွေနဲ့
ပါတီသွားတဲ့အခါ ကိုယ်စားမယ့်အစားစာကို သေချာရွေးချယ်တတ်ဖို့လို
ပါတယ်။ စားလိုက်ရင် မအီပဲ ကျန်းမာရေးနဲ့ညီညွတ်မယ့် အစားစာမျိုး
ရွေးချယ်ပါ။

ပရိုတိန်းဓာတ်လျော့နည်းနေခြင်း


အစားစားတိုင်း ပရိုတိန်းဓာတ်ပါဝင်မှုကိုကြည့်ပါ။ ပရိုတိန်းက သင့်ကို
စွမ်းအင်ပြည့်ဝစေပြီး စားချင်စိတ်ကိုလည်းထိန်းပေးနိုင်ပါတယ်။
အသီးအရွက်နဲ့ သစ်သီးတွေက အကောင်းဆုံးပါပဲ။ ပရိုတိန်းက
ဝိတ်ချခြင်းရဲ့ အခြေခံအချက်သာဖြစ်ပါတယ်။ ဒိန်ချဉ်၊ အဆီပါဝင်မှုနည်းတဲ့
အသား၊ ကြက်ဥ။ ကြက်သားနဲ့ အခြားပရိုတိန်းဓာတ်ပါတဲ့ အစားစာတွေ
လည်း စားသုံးနိုင်ပါတယ်။

မှန်ကန်တဲ့ အဆီမရှိခြင်း


ခန္ဓာကိုယ်မှာရှိသင့်တဲ့ အဆီနဲ့ မရှိသင့်တဲ့အဆီဆိုပြီး နှစ်မျိုးရှိပါတယ်။
ဆီကြော်စာ၊ ဘာဂါ၊ ကိုလာ…စသဖြင့် ဒီလိုအစားစာတွေမှာ ခန္ဓာကိုယ်
အတွက် အကျိုးမပြုတဲ့အဆီတွေသာ ပါဝင်နေတာကြောင့် မစားသင့်ပါဘူး။
သံလွင်ဆီ၊ ငါး၊ အခွံမာသီး၊ ထောပတ်သီး စသဖြင့် ဒီလိုအစားစာတွေမှာ
အကျိုးပြုနိုင်တဲ့အဆီတွေပါဝင်တာကြောင့် ကျန်းမာရေးအတွက်
အထောက်အကူပြုနိုင်ပါတယ်။

စနစ်ကျတဲ့ စားသောက်ပုံ


တစ်နေ့ကို ထမင်း(၃)နပ်နဲ့ မုန့်သရေစာစားချိန်(၂) ချိန်ဆိုပြီး သတ်မှတ်ထား
သင့်ပါတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာ… ကျန်းမာရေးနဲ့ညီညွတ်တဲ့
သရေစာ စားချိန်ဆိုပြီး ခွဲခြားထားသင့်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *