ဒေါသကြီးတာကိုထိန်းချုပ်ပေးနိုင်မယ့် နည်းလမ်း ၆ခု

Shares 0

လူတိုင်းဒေါသထွက်တတ်ကြပါတယ်။ဒါပေမဲ့ တစ်ချို့လူတွေက ဒေါသသိပ်ကြီးလွန်းလို့ မူးမေ့သွားတာတွေ၊သူတစ်ပါးကိုထိခိုက်နာကျင်စေတာတွေဖြစ်တတ်ပါတယ်။ဒေါသကြီးတာဟာ ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။”ဒေါသကြီးတာဟာ ကိုယ့်ဘ၀ကိုယ်တောင် ဖျက်ဆီးပစ်နိုင်တယ်”လို့ နာမည်ကြီးဆိုရိုးစကားလည်းရှိပါတယ်။အဲ့ဒါကြောင့် ဒေါသထွက်လာရင်ထိန်းချုပ်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးချင်ပါတယ်။ပထမဆုံးအချိန်မှာ အလွယ်တကူမထိန်းချုပ်နိုင်ပေမဲ့ အကျင့်ရလာရင် အလိုလိုဒေါသကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။

၁။ဒေါသထွက်နေတဲ့အချိန်စကားမပြောပါနဲ့

သင့်ကိုယ်သင့်ဒေါသထွက်လာတယ်လို့သိနေပြီဆိုရင် ဘာစကားမှမပြောပါနဲ့။ ဒေါသထွက်နေတဲ့အခါ စကားအမှားတွေပါတတ်ပါတယ်။ ကိုယ့်အတွက်လည်း မကောင်း၊သူများအတွက်လည်းအကျိုးမရှိတဲ့စကားတွေပြောမိနိုင်ပါတယ်။ အဲ့ဒါကြောင့်စကားမပြောပဲငြိမ်နေလိုက်တာအကောင်းဆုံးပါ။

၂။တရားထိုင်ပါ

ဒေါသထွက်လာပြီဆိုတာနဲ့ ဘာမှမပြောပဲနဲ့ တိတ်ဆိတ်တဲ့နေရာတစ်ခုကိုသွားပြီးတရားထိုင်ပါ။ တရားထိုင်ဖို့အဆင်မပြေရင်မျက်လုံးမှိတ်ပြီးဝင်လေထွက်လေကိုမှတ်နေပါ။တဖြည်းဖြည်းနဲ့စိတ်တည်ငြိမ်သွားပါလိမ့်မယ်။

၃။ဘောလုံးပျော့

သင်ကအလွယ်တကူဒေါသထွက်တတ်တဲ့သူဆိုရင် ကိုင်ထားလို့ရတဲ့ဘောလုံးပျော့တစ်လုံး ဆောင်ထားသင့်ပါတယ်။ဒေါသထွက်နေတဲ့အချိန်ဘောလုံးကိုဆုပ်ကိုင်ညှစ်ထားတာ ကကြွက်သားတွေကိုအကြောဖြေလျော့စေပါတယ်။ကြွက်သားတွေကိုလည်းအလုပ်ပေးထားသလိုဖြစ်တာကြောင့်ချက်ချင်းဒေါသထွက်တာကိုထိန်းချုပ်ပေးနိုင်ပါတယ်။ဒေါသထွက်နေပြီဆိုတာနဲ့ထိုင်ပြီးဘောလုံးကိုဆုပ်ကိုင်ညှစ်ထားပါ။

၎။၁ကနေ ၁၀အထိရေပါ

ဒေါသထွက်နေတဲ့အချိန်စကားမပြောမဖြစ်ပြောရမယ်ဆိုရင် အရင်ဆုံး၁ကနေ ၁၀အထိရေပါ။ရေပြီးမှစကားပြောပါ။ဒေါသထွက်နေတဲ့အချိန်က ဘာကိုမှမစဉ်းစားနိုင်ပါဘူး။ အဲ့ဒါကြောင့် ၁ကနေ၁၀အထိရေပြီးမှပြောတာက စိတ်တည်ငြိမ်စေပြီး ဘာပြောရမလဲဆိုတာစဉ်းစားနိုင်ပါတယ်။

၅။လမ်းလျှောက်ပါ

သင်ဒေါသထွက်နေပြီဆိုရင် လမ်းလျှောက်ပေးတာက အကူအညီအများကြီးပေးနိုင်ပါတယ်။ ဒေါသထွက်တာဟာ ကြွက်သားတွေကိုပါ ပြင်းထန်စွာလှုပ်ရှားရုန်းကန်စေတာကြောင့် ကျန်းမာရေးအတွက်မကောင်းပါဘူး။လမ်းလျှောက်ရင်းလက်ကိုလွှဲလျှောက်ပေးတာကလည်း ဒေါသထွက်တာကိုမြန်မြန်ဖြေလျော့ပေးပါတယ်။

၆။သီချင်းနားထောင်ပါ

ဂီတဟာစိတ်နှလုံးကိုနူးညံ့ပျော့ပျောင်းစေပါတယ်။အဲ့ဒါကြောင့်ဒေါသထွက်နေပြီဆိုရင်သီချင်းဖွင့်ပြီးနားထောင်ပါ။သီချင်းကိုနားထောင်ရင်း ကိုယ်ကြိုက်တဲ့သီချင်းကိုလိုက်ဆိုပေးတာကလည်း ဒေါသပြေပျောက်စေတဲ့နည်းလမ်းတစ်ခုပါပဲ။သီချင်းနားထောင်တာကစိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တဲ့အတွက် ဒေါသထွက်တာကိုလည်းမြန်မြန်ဆန်ဆန်ဖြေလျော့စေပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *