တောနက်ကြီးထဲ လူသားတစ်ယောက်တည်းရှင်သန်နေရပုံကို ရိုက်ကူးထားတဲ့ ”Jungle ” ရုပ်ရှင်

Shares 0

Jungle ရုပ်ရှင်ဟာ သြစတေးလျရဲ့စွန့်စားရုပ်ရှင်ဇာတ်လမ်းဖြစ်ပြီး
ဒါရိုက်တာ Greg McLean နဲ့ ဇာတ်ညွှန်း Justin Monjo တို့ရိုက်ကူထားတာ
ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Daniel Radcliffe, Alex Russell, Thomas Kretschmann, Yasmin Kassim, Joel Jackson နဲ့ Jacek Koman တို့ဖြစ်ပါတယ်။

၂ဝ၁၆ ဖေဖော်ဝါရီလ(၁ဝ)ရက်နေ့တွင် ထိုဇာတ်ကားကိုရိုက်ကူးဖို့အတွက်
Daniel Radcliffe က သဘောတူညီခဲ့ပါတယ်။ ၂ဝ၁၆ မတ်လ ၂၁ရက်နေ့
မှာတော့ Alex Russell နဲ့ Thomas Kretschmann တို့ ထိုရုပ်ရှင်ရိုက်ဖို့
သဘောတူခဲ့ပါတယ်။ ၂ဝ၁၇ အောက်တိုဘာ (၂​ဝ)ရက်နေ့ဆို ထွက်ပါပြီ။

ဇာတ်လမ်းအကျဉ်း
သူငယ်ချင်းအုပ်စုတစ်စု Bolivian တောနက်ကြီးထဲကို ခရီးသွားပြီး
အိန္ဒိယရွာငယ်တစ်ခုကို လိုက်လံရှာဖွေကြတယ်။ လှေစီးနေရင်း
အန္တရာယ်များတဲ့ မြစ်ရေတစ်ခုကြောင့် လူစုကွဲသွားပြီး တစ်ယောက်သော
သူသာ အသက်ရှင်သန်ခဲ့တယ်။ နောက်ပိုင်းမှာ ထိုတောအုပ်ကြီးဟာ
နေဖို့ မတော်သင့်တဲ့နေရာမှန်းသိသွားတဲ့အချိန်မှာတော့ သူတစ်ယောက်
တည်း ဒီတောဆိုးကြီးထဲက ဘယ်လိုလွတ်မြောက်အောင်လုပ်သွားမလဲဆိုတ
ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်ကြရအောင်!

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *