သင့်ရဲ့ မျက်လုံးအားကောင်းစေဖို့ စားသင့်တဲ့အစားအစာ ၆မျိုး

Shares 182

မျက်လုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အနူးညံ့ဆုံးအစိတ်အပိုင်းတစ်ခုပါ။ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ မျက်လုံးကအလုပ်အများကြီးကိုလုပ်ကိုင်ပေးတာကြောင့် အနားပေးဖို့လိုအပ်သလို အားဖြည့်ပေးဖို့လည်းလိုပါတယ်။ အခုမျက်လုံးကိုအားဖြည့်ပေးနိုင်တဲ့ မျက်လုံးအားကောင်းစေတဲ့အစားအစာတွေကိုပြောပြပေးချင်ပါတယ်။

၁။ငါး

အထူးသဖြင့်ဆဲလ်မွန်ငါးဟာ မျက်လုံးကျန်းမာရေးအတွက် အများကြီး အထောက် အကူဖြစ်စေပါတယ်။ အိုမီဂါသရီးပါဝင်တာကြောင့် ကျန်းမာစေတဲ့ငါးအဆီကိုထုတ်လုပ်ပေးပါတယ်။ အဲ့ဒါဟာမျက်လုံးအနောက်ဘက်ကဆဲလ်တွေ၊အကြောတွေလှုပ်ရှားမှုကိုအားကောင်းစေပြီးမျက်လုံးခြောက်သွေ့တာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ငါးကိုအရွက်၊သံပုရာသီး၊ဆား၊ငရုတ်ကောင်းတွေနဲ့ရောပြီးချက်စားမယ်ဆိုရင်လည်းအရသာရှိတဲ့အပြင်ကျန်းမာစေပါတယ်။

၂။ကြက်ဥ

ကြက်ဥတွေက မျက်လုံးကျန်းမာရေးအတွက်ကောင်းမွန်တဲ့အာဟာရတစ်ခုပါ။ကြက်ဥအနှစ်မှာပါတဲ့ ဗီတာမင်အေ၊ဇင့်နဲ့တခြားသောဓာတ်တွေကမျက်စိအမြင်အာရုံကိုကောင်းမွန်စေပါတယ်။မျက်လုံးရဲ့မျက်နှာပြင်ကိုလည်းပုံမှန်အတိုင်းဖြစ်အောင်ကူညီပေးနိုင်ပါတယ်။ဇင့်ဟာ မျက်လုံးကိုညဘက်မှာတောင်မြင်နိုင်အောင်ကူညီအားဖြည့်ပေးနိုင်ပါတယ်။

 

၃။နို့ထွက်ပစ္စည်းများ

နွားနို့၊ဒိန်ချဉ်စတဲ့နို့ထွက်ပစ္စည်းတွေကမျက်လုံးကိုကျန်းမာစေပါတယ်။ကြက်ဥလိုပဲဗီတာမင်အေနဲ့ဇင့်တို့ပါဝင်ပါတယ်။ဗီတာမင်အေက မျက်လုံးအတွင်းဘက်ကိုကာကွယ်ပေးနေသလို ဇင့်ကလည်းအသည်းထဲကနေ ဗီတာမင်ကိုယူပြီးမျက်လုံးကိုပို့ပေးနေတာပါ။ထမင်းစားပြီး နေ့တိုင်းပုံမှန်နွားနို့တစ်ခွက်သောက်ပေးသင့်ပါတယ်။ဒိန်ချဉ်ကိုလည်းတစ်ပတ် တစ်ခါလောက်ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

၎။မုန်လာဥနီ

မုန်လာဥနီကိုမျက်လုံးအားကောင်းစေတဲ့အသီးအနှံဖြစ်မှန်းလူတိုင်းသိပြီးသားပါ။ကြက်ဥအနှစ်လိုပဲ မုန်လာဥနီဟာ ဗီတာမင်အေနဲ့ဘီတာကရိုတင်းပါဝင်ပါတယ်။မျက်လုံးရဲ့ အမြင်အာရုံတွေကို တိုးတက်ကောင်းမွန်စေပြီး မျက်ရည်ပူကျတာ၊မျက်လုံးနာတာစတဲ့နာကျင်မှုတွေပါ သက် သာပျောက်ကင်းစေပါတယ်။မုန်လာဥနီကိုပါးပါးလှီးပြီးနေ့ခင်းဘက်စားတာဖြစ်စေ၊ညဘက်မှာစွပ်ပြုတ်လုပ်သောက်တာဖြစ်စေလုပ်ပေးသင့်ပါတယ်။တစ်ပတ်ကို၂ခါ၊၃ခါစားပေးမယ် ဆိုရင်အရင်ကထက်မျက်စိအားကောင်းလာတာကိုမြင်တွေ့ရမှာပါ။

၅။မြင်းခွာရွက်

မြင်းခွာရွက်ဟာလည်းမျက်စိအားကောင်းစေတဲ့အရာအဖြစ်နာမည်ကြီးပါတယ်။ထမင်းနဲ့အရွက်ကိုတို့စားတာဖြစ်စေ၊ဟင်းချိုချက်သောက်တာဖြစ်စေလုပ်ပေးသင့်ပါတယ်။ပုံမှန်သောက်သုံးပေးမယ်ဆိုရင်ပိုပြီးကောင်းပါတယ်။မြင်းခွာရွက်သုပ်ကိုလည်းတစ်ပတ်ကို၂ခါ၊၃ခါလောက်စားပေးသင့်ပါတယ်။

၆။လိမ္မော်သီး

လိမ္မော်သီးက ဗီတာမင်စီဓာတ်အပြည့်အ၀ပါဝင်ပြီးမျက်လုံးကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။လတ်ဆတ်တဲ့အသီးအနှံတွေ၊အသီးအရွက်တွေမှာပါဝင်တဲ့ဗီတာမင် ဓာတ်တွေကမျက်လုံးအတွင်းဘက်ကသွေးကြောတွေကိုကျန်းမာစေပါတယ်။အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေလို့ ကွန်ပျူတာ၊ဖုန်းအကြည့်များသူတွေ ပုံမှန်စားသုံးပေးသင့်ပါတယ်။ လိမ္မော်သီးဖျော်ရည်ကိုလည်း တစ်ပတ်ကို ၂ခါ၊၃ခါသောက်ပေးသင့်ပါတယ်။

Shares 182
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *