ကင်ဆာရောဂါဖြစ်နေတဲ့ဆယ်ကျော်သက်ကလေးငယ်တွေအတွက်ဒေါ်လာ ၅၀၀၀၀၀လှူဒါန်းခဲ့တဲ့ ကိုင်လီဂျန်နာ

Shares 0

သြဂုတ်လတုန်းကအသက်၂၀ပြည့်သွားပြီဖြစ်တဲ့ ကိုင်လီဂျန်နာဟာ သူမရဲ့ မွေးနေ့အမှတ်တရအဖြစ် အမေရိကန်က ကင်ဆာရောဂါဖြစ်နေတဲ့ဆယ်ကျော်သက် ကလေးငယ်အဖွဲ့အတွက်ဒေါ်လာ ၅၀၀၀၀၀လှူဒါန်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီငွေဟာလည်း သူမရဲ့ ကိုင်လီCosmetic Birthday Collection ရောင်းရငွေမှသီးသန့် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ကိုင်လီကသူမရဲ့အင်စတာဂရမ်မှာ “ကင်ဆာရောဂါသည်ကလေးတွေကိုလှူဒါန်းနိုင်အောင် ကူညီဆောင်ရွက်ပေးကြတဲ့သူတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်။သူမပစ္စည်းတွေရောင်းလို့ရတဲ့ငွေထဲက ဒေါ်လာ ၅၀၀၀၀၀ကို ကလေးငယ်တွေကျန်းမာရေးကုသမှုကောင်းမွန်စွာခံယူနိုင်အောင် လှူဒါန်းခဲ့ပါတယ်။ဒီလိုမျိုး ကြည်နူးစရာအမှတ်ရစရာကောင်းတဲ့မွေးနေ့အမှတ်တရဖြစ်ခဲ့တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ကိုင်လီဂျန်နာဟာ အသက်အငယ်ဆုံးချမ်းသာသူစာရင်းထဲမှာလည်း ပါဝင်သူတစ်ယောက်ဖြစ်ပြီးသူမရဲ့ အလှကုန်ပစ္စည်းတွေကလည်း အံ့သြစရာအောင်မြင်မှုတွေရရှိထားတာပဲဖြစ်ပါတယ်။သူမရဲ့ အစ်မဖြစ်သူ ကန်ဒေါလ်ဂျန်နာနဲ့လည်းစီးပွားရေးစပ်တူလုပ်ထားတယ်လို့သိရပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *