နေ့တိုင်းကြက်ဥ၂လုံးစားရင်သင့်ခန္ဓာကိုယ်မှာပြောင်းလဲလာမယ့်အရာ ၇ချက်

Shares 0

လေ့လာတွေ့ရှိချက်များအရ ကြက်ဥနဲ့ပတ်သက်ပြီးအကျိုးကျေးဇူးတွေအများကြီးရရှိနိုင်တာ ကိုတွေ့ခဲ့ရပါတယ်။တစ်နေ့ကိုကြက်ဥ၂လုံးပုံမှန်စားပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ် ထဲမှာပြောင်းလဲလာတာကိုမြင်တွေ့ရမှာပါ။ဘာတွေပြောင်းလဲလာမလဲဆိုတော့…

၁။ဦးနှောက်စွမ်းဆောင်ရည်ကိုပိုမိုကောင်းမွန်စေတယ်။

ကြက်ဥထဲမှာပါဝင်တဲ့ဗီတာမင်ဓာတ်တွေဟာ ဦးနှောက်ဆဲလ်တွေရဲ့ အလုပ်လုပ်တာကိုတိုးတက်ကောင်းမွန်စေပါတယ်။အဲ့ဒါကြောင့် တစ်နေ့ကိုကြက်ဥ၂လုံးစားမယ်ဆိုရင်မှတ်ဥာဏ်တွေပိုပြီးကောင်းမွန်စေပါတယ်။

၂။ကယ်စီယမ်ဓာတ်တွေစုပ်ယူပေးတယ်

ကြက်ဥမှာပါဝင်တဲ့ဗီတာမင်ဒီက ကယ်လ်စီယမ်ဓာတ်တွေကိုများများစုပ်ယူနိုင်ပါတယ်။အဲ့ဒါကြောင့် အရိုးတွေနဲ့သွားတွေကိုပိုမိုခိုင်မာစေပါတယ်။

၃။အသားအရည်၊ဆံကေသာနဲ့အသည်းကိုကာကွယ်ပေးတယ်

ကြက်ဥမှာပါဝင်တဲ့ဗီတာမင်ဘီက ဆံပင်ကိုပိုပြီးအရှည်မြန်အောင်ကူညီပေးနိုင်ပြီး အသားအရည်ကိုလည်းလှပစေပါတယ်။အသည်းထဲမှာရှိနေတဲ့အဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။

၎။ကိုယ်အလေးချိန်ကျဆင်းစေတယ်

အမေရိကန်သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ကိုယ်အလေးချိန်လျှော့ချချင်တယ်ဆိုရင် မနက်စာကို ကြက်ဥပြုတ်၂လုံးစားပါ။နှစ်ပတ်အတွင်း ကိုယ်အလေးချိန်မြန်မြန်ဆန်ဆန် ကျဆင်းသွားတာကိုမြင်တွေ့ရပါလိမ့်မယ်။နံနက်စာကိုကြက်ဥပြုတ်စားထားတဲ့အတွက် အင်အားတွေပြည့်နေပြီး နေ့လည်စာ၊ညစာကိုနည်းနည်းသာစားဖြစ်တော့မယ်လို့ပြောထားပါတယ်။

၅။ကင်ဆာရောဂါကိုကာကွယ်ပေးတယ်

ကြက်ဥထဲမှာပါဝင်တဲ့ Choline ဟာ ဦးနှောက်စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေသလို ကင်ဆာရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။လေ့လာချက်များအရ နေ့တိုင်းကြက်ဥ၂လုံးစားပေးရင် ရင်သားကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးနိုင်တယ်လို့သိရပါတယ်။

၆။ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်းကူညီပေးနိုင်တယ်

ကြက်ဥမှာပါဝင်တဲ့ဖောလစ်အက်စ်ဟာ သွေးအားကောင်းမွန်စေပါတယ်။အနီရောင်ဆဲလ်တွေ ကိုတိုးပွားစေပြီးလှုပ်ရှားမှုလည်းကောင်းမွန်စေပါတယ်။ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ပုံမှန်ကြက်ဥ၂လုံးစားပေးသင့်ပါတယ်။

၇။အသက်အရွယ်ကြီးရင့်မှုကိုနှေးကွေးစေတယ်

တစ်နေ့ကိုကြက်ဥ၂လုံးပုံမှန်စားသူတွေဟာ တခြားသူတွေထက်အသက် အရွယ်ကြီးရင့်မှုနှေးကွေးပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ၃၅နှစ်ကနေ စပြီးအရေးအကြောင်းတွေဖြစ်လာပါပြီ။အဲ့ဒါကြောင့် ကြက်ဥပုံမှန်စားပေးရင် အရေးအကြောင်းဖြစ်တာကိုနှေးကွေးစေပြီးနုပျိုသွက်လက်စေပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *