မျက်နှာပေါ်က ၀က်ခြံတွေကိုဒီနည်းလမ်းတွေနဲ့ဖယ်ရှားကြမယ်

Shares 0

မျက်နှာမှာဝက်ခြံတွေပေါက်နေတာဟာ ကြည့်ရဆိုးသလို မိတ်ကပ်လိမ်းခြယ် တဲ့အခါမှာလည်းအဆင်မပြေပါဘူး။အဲ့ဒါကြောင့်ဝက်ခြံပေါက်နေရင် မိတ်ကပ်လိမ်းတာကိုရှောင်ပြီး အိမ်တွင်းနည်းလမ်းလေးတွေနဲ့ဝက်ခြံတွေကိုအရင်ပျောက်ကင်းအောင်လုပ်ပေးသင့်ပါတယ်။နည်းလမ်းလေးတွေကတော့…

၁။သစ်ကြံ့ပိုးခေါက်နဲ့ပျားရည်

သစ်ကြံ့ပိုးခေါက်စားပွဲတင်ဇွန်းတစ်ဝက်နဲ့ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောပါ။ပျားရည်ဟာ ၀က်ခြံအတွက်အကောင်းဆုံးကုသပေးနိုင်တဲ့သဘာဝဆေးတစ်လက်ပါ။ရောမွှေပြီးရင်ဝက်ခြံရှိတဲ့နေရာကိုလိမ်းပေးပါ။၁၅မိနစ်လောက်ထားပြီးရင်ရေဆေးချပါ။သုံးရက်တစ်ခါလောက်ပုံမှန်လုပ်ပေးရင် ၀က်ခြံတွေကင်းစင်တဲ့မျက်နှာလေးကိုမကြာခင်ပိုင်ဆိုင်ရမှာပါ။

၂။မုန့်ဖုတ်ဆိုဒါနဲ့သံပုရာရည်

အသားအရည်ပါးတဲ့သူတွေဆိုရင်သံပုရာရည်ကိုပါလေရုံပဲနည်းနည်းထည့်ပါ။မုန့်ဖုတ်ဆိုဒါစားပွဲတင်ဇွန်းတစ်ဇွန်းနဲ့သံပုရာရည်အနည်းငယ်ရောမွှေပါ။မုန့်ဖုတ်ဆိုဒါကချွေးပေါက်လည်းကျဉ်းစေလို့အဆီပြန်တတ်တဲ့သူတွေအတွက်လည်းကောင်းပါတယ်။ရောပြီးရင်လိမ်းပေးပါ။နာရီဝက်လောက်ထားပြီးရင် ရေဆေးချလို့ရပါပြီ။တစ်ပတ်ကို ၂ခါလုပ်ပေးနိုင်ပါတယ်။

၃။ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာပါတဲ့အက်ဆစ်ဓာတ်တွေက ၀က်ခြံတွေကိုသက်သာစေ ပါတယ်။ ခရမ်းချဉ်သီးကိုနှစ်ခြမ်းခြမ်းပါ။ပြီးရင်ဝက်ခြံရှိတဲ့နေရာကို ဖြည်းဖြည်းချင်းပွတ်ပေးပါ။ နာရီဝက်လောက်ထားပြီးရင်ရေသန့်သန့်နဲ့ဆေးချလို့ရပါပြီ။

၎။ပျားရည်နဲ့သံပုရာရည်

ပျားရည်နဲ့သံပုရာရည်ကိုအနည်းငယ်ဆတူရောပါ။ပြီးရင်မျက်နှာအနှံ့လိမ်းပေးပါ။ နာရီဝက်ကြာရင်ရေအေးနဲ့ဆေးချပေးပါ။တစ်ပတ်ကို၃ခါလုပ်ပေးနိုင်ပါတယ်။ပုံမှန်လုပ်ပေးသွားရင် မကြာခင်မျက်နှာမှာရှိတဲ့အစက်အပြောက်တွေပျောက်ကင်းသွားပါလိမ့်မယ်။

၅။နောက်တစ်ခုကတော့ တစ်နေ့ကိုမျက်နှာနှစ်ကြိမ်ပုံမှန်သစ်ပေးပြီး အိပ်ရာခင်း၊စောင်နဲ့ ခေါင်းအုံးစွပ်တွေကိုသန့်ရှင်းအောင်ထားပါ။ခေါင်းအုံးစွပ်တွေညစ်ပတ်နေရင်ဝက်ခြံတွေပိုပြီးဖြစ်စေတာမို့ ခေါင်းအုံးစွပ်ကိုတစ်ပတ်ကိုနှစ်ခါ၊သုံးခါလျှော်ပေးပါ။စောင်ကိုလည်းတစ်ပတ်နှစ်ခါ  လျှော်ပေးပါ။

၆။နောက်ဆုံးနည်းလမ်းကတော့ မျက်နှာကိုလက်နဲ့ခဏခဏမကိုင်ပါနဲ့။ မျက်နှာကိုခဏခဏကိုင်နေရင် လက်မှာရှိနေတဲ့ပိုးမွှားတွေက အလွယ်တကူကပ်ငြိတတ်ပါတယ်။ ၀က်ခြံတွေကိုလည်းပိုဖြစ်စေတာကြောင့်ခဏခဏထိတတ်တဲ့အကျင့်ကိုရှောင်ပါ။အဆီပြန်ရင် တစ်ရှူးနဲ့သုတ်ပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *