ဓာတ်ပုံထဲမှာ သင်အရင်ဆုံးမြင်တဲ့အရာကပြောပြနေတဲ့ သင့်အကြောင်း

Shares 0

လှည့်စားထားတဲ့ရုပ်ပုံတွေကြည့်ပြီး ကိုယ့်ရဲ့စရိုက်လက္ခဏာအကြောင်း
ဆန်းစစ်တဲ့ နည်းလမ်းက အခုခေတ်မှာ တော်တော်ရေပန်းစားလာပါတယ်။
အင်တာနက်သုံးစွဲသူတွေ အကြိုက်တွေ့စေတဲ့ ဆန်းစစ်နည်းတစ်ခုပါပဲ။
သင်စစချင်းကြည့်လိုက်တဲ့အရာ ပုံပေါ်လာအေင် သတိထားကြည့်နိုင်ဖို့က
အရေးကြီးပါတယ်။ဘာကြောင့်ဆို တစ်ချိန်တည်းမှာပဲ သင်နောက်ထပ်ပုံရိပ်တစ်ခုကို
မြင်သွားနိုင်တာမို့ပါ။

အားလုံးကိုက်ညီမှုရှိမယ်လို့တော့ အာမ,မခံနိုင်ပေမယ့် တစ်ချို့တူညီတဲ့
အရာလေးတွေရှိပါတယ်။ အပျော်သဘောအနေနဲ့ စမ်းသပ်ကြည့်ကြတာပေါ့။

၁။

၂။ 

၃။

အဖြေ

၎။ 


၁။ ခြင်္သေ့
သင်ဟာ ကိစ္စမှန်သမျှကိုအလေးနက်ထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။
ထူးဆန်းတဲ့အရာတွေအတွက် သင့်အကြောက်တရားကိုဖိသတ်ပြီး
ရင်ဆိုင်နိုင်အောင်ကြိုးစားပါတယ်။ သင်ဟာ အလွန်သတ္တိရှိသူတစ်ယောက်ပါ။

အရောင်သွေးစုံလင်တဲ့ ငှက်
တစ်ခါတစ်လေ ခေါင်းရှုပ်စရာကိစ္စတွေနဲ့ကြုံတွေ့ရင် သင်ဟာသိပ်ပြီး
တာဝန်မယူချင်ပါဘူး။ တစ်ချိန်တည်းမှာပဲ သင့်မှာဖန်တီးနိုင်မှုစွမ်းရည်နဲ့
ကမ္ဘာကြီးကိုအကောင်းဆုံးပြောင်းလဲဖို့အတွက် ဆန္ဒရှိသူဖြစ်ပါတယ်။

၂။ ဘဲ
သင်ဟာ စိတ်ခံစားချက်ကို ဦးစားပေးတတ်သူဖြစ်ပါတယ်။ စိတ်အပြောင်း
လဲမြန်တဲ့ သင့်ခံစားချက်ကြောင့် ဆုံးဖြတ်ချက်ချရမှာအခက်ခဲတွေ တွေ့
တတ်ပါတယ်။

ယုန်
လုပ်ဆောင်မှုတိုင်းရဲ့ အကျိုးဆက်ကို သင်အမြဲသုံးသပ်လေ့ရှိပါတယ်။
သင်ဟာ ကျိုးကြောင်းဆီလျော်တဲ့အရာတွေကိုသာ ဦးစားပေးပြီး
သင့်ကို အနေအေးသူ..၊ စိတ်ခံစားချက်ကို ဖုံးကွယ်လွန်းသူဟု အတော်
များများက သတ်မှတ်ထားကြပါတယ်။

၃။ မိချောင်း
သင်ဟာအခြေအနေတစ်ခုကို ထိန်းချုပ်ကိုင်တွယ်နိုင်သူတစ်ဦးဖြစ်ပါတယ်။
ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ချတတ်သူမဟုတ်ဘဲ ဦးဆောင်မှုကောင်းတဲ့
မန်နေဂျာ၊ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ကိုက်ညီမှုရှိသူတစ်ဦးပါ။

ငှက်
သင်ဟာ ပတ်ဝန်းကျင်ရိုတ်ခတ်မှုကို မတော်လှန်နိုင်ဘူးဖြစ်နေပါတယ်။
အခြားလူတွေအမြင်ကို လက်ခံနေပြီး ယုံကြည်မှုတွေပျောက်ဆုံးသွားတတ်
ပါတယ်။ ဒါပေမယ့် ဒီလိုပြောလို့ သင့်မှာ ကိုယ်ပိုင်အမြင်မရှိဘူးလို့ ဆိုလို
တာမဟုတ်ပါဘူး။ သင်ဟာ အလွန်ပွင့်လင်းပြီး ပေါင်းသင်းဆက်ဆံရေး
ဝင်ဆံ့တဲ့အတွက် ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကို ခံနေရသူဖြစ်ပါတယ်။

၎။ ခွေးနှုတ်သီး
သင်ဟာ အရာတစ်ခုကို ပုံမှန်လူတစ်ယောက်မြင်သည်ထက် ကျော်မြင်နိုင်
စွမ်းရှိသူတစ်ဦးလို့ ဆိုရပါမယ်။ ပြဿနာတစ်ခုဖြစ်ရင်လည်း နှစ်ဖက်
မြင်အောင်ကြည့်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အမှန်တရားဘက်က
ရပ်တည်လိုသူတစ်ယောက်ဖြစ်ပါတယ်။

ခွေးခြေထောက်နဲ့ အမြှီး
သင်ဟာ ဥာဏ်အလွန်ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ခုခုဆို
ဖြတ်ထိုးဥာဏ်ရှိတဲ့အတွက် သူများထက်ဦးအောင်လုပ်ဆောင်ရည်စွမ်း
ရှိတယ်။ သင်ဟာ ခပ်ပေါ့ပေါ့ပါးပါးနေတတ်ပြီး စိတ်ထဲအငြိုးတေး
မထားတတ်သူ၊ ခွင့်လွှတ်နားလည်လွယ်ပြီး ကိုယ်ပိုင်စိတ်ပျော်ရွှင်မှုကိုသာ တန်ဖိုးထားသူဖြစ်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *