သင့်ရဲ့ လူမှုပတ်ဝန်းကျင်ကိုပြန်ပြီးအကူအညီပေးနိုင်မယ့်လွယ်ကူသောနည်းလမ်း ၅ခု

Shares 0

ကိုယ်နေထိုင်တဲ့လူမှုပတ်ဝန်းကျင်ကို ကူညီစောင့်ရှောက်ပေးတာဟာ ကိုယ့်ကိုယ် ကိုစောင့်ရှောက်တာနဲ့အတူတူပါပဲ။ကိုယ့်အတွက်သေးငယ်တဲ့ပစ္စည်းအရာဝတ္ထုတွေက တခြားတစ်ယောက်အတွက်ကြီးမားတဲ့အရာတစ်ခုဖြစ်တတ်ပါတယ်။တခြားသူကိုကူညီရတာလည်းမင်္ဂလာတစ်ပါးပါပဲ။အဲ့ဒါကြောင့်ကိုယ်တတ်နိုင်သလောက်ကူညီပေးလို့ရမယ့်အခွင့်အရေးလေးတွေကိုပြောပြပေးချင်ပါတယ်။

၁။နေ့လည်စာအတွက်ကူညီပေးပါ

အိမ်ပတ်ဝန်းကျင်က လိုအပ်နေတဲ့သူတွေအတွက်တစ်ပတ်ကိုတစ်ခါ ပိုက်ဆံ အနည်းငယ်စုပြီးနေ့လည်စာကျွေးပါ။သင်ဝယ်ကျွေးတဲ့ တန်ဖိုးနည်းနေ့လည်စာက သူတို့အတွက်တော့ အကောင်းဆုံးနေ့လည်စာဖြစ်မှာပါ။တစ်ပတ်ကိုတစ်ခါဆိုတာ သင့်အတွက်လည်းသိပ်ပြီးခက်ခဲတဲ့အရာတစ်ခုမဟုတ်ပါဘူး။ကြိုးစားပြီးလုပ်ဆောင်ကြည့်ပါ။ သူတစ်ပါးကိုကူညီလိုက်ရင်ရလာမယ့်ပီတိက သင်ထင်ထားတာထက်ပိုပြီးချိုမြိန်ပါလိမ့်မယ်။

၂။သစ်ပင်စိုက်ပါ

အိမ်ခြံဝန်းအတွင်းဖြစ်စေ၊ပတ်ဝန်းကျင်မှာဖြစ်စေ သစ်ပင်စိုက်ပါ။သစ်ပင်တွေက ကြီးလာတာနဲ့အမျှအောက်ဆီဂျင်ကိုထုတ်လုပ်ပေးတာကြောင့်သန့်ရှင်းလတ်ဆတ်တဲ့လေထုကိုရှုရှိုက်ရမှာပါ။သင့်ပတ်ဝန်းကျင်ရော၊သင့်အတွက်ပါ ကျန်းမာရေးကို အကူအညီပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။အရိပ်ရပြီးကြီးမားတဲ့သစ်ပင်မျိုးပိုစိုက်သင့်ပါတယ်။သင့်လက်ထက်မှာအပင်ကြီးတာကိုမမြင်နိုင်ရင်တောင်နောင်လာနောက်သားတွေအတွက် အကျိုးရှိစေပါတယ်။

၃။ကြီးသူ၊ငယ်သူကိုဦးစားပေးပါ

ကိုယ့်ထက်အသက်ကြီးတဲ့သူ၊အသက်အရွယ်ငယ်တဲ့သူကိုဦးစားပေးပါ။ကိုယ်ကစပြီးရှေ့ဆောင်လုပ်ပြမှ လူငယ်လူရွယ်တွေက သူတစ်ပါးကိုတန်ဖိုးထားပြီးလေးစားတတ်မှာပါ။ သင့်ကိုလည်းတခြားသူတွေကလေးစားဂုဏ်ယူပြီးသူတို့ကိုယ်သူတို့ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ဖြစ်လာမှာပါ။

၎။အခွင့်အရေးကောင်းတွေရှိလာရင်တခြားသူတွေကိုဝေမျှပါ

အခုဆိုရင်ဆိုရှယ်မီဒီယာတွေအများကြီးပေါ်လာတာကြောင့်သင်သိထားတဲ့အခွင့်အရေးကောင်းတွေကို လက်ဆင့်ကမ်းပါ။သူငယ်ချင်းတွေနဲ့အုပ်စုဖွဲ့ပြီးဆွေးနွေးပါ။သင့်အတွက်အကျိုးမရှိရင်တောင် တခြားသူတွေအတွက် ရှားပါးတဲ့အခွင့်အရေးကောင်းဖြစ်မှာပါ။ အဲ့ဒါကြောင့်သင့်ကိုယ်သင်ရော၊ တခြားသူတွေအတွက်ပါ အောင်မြင်နိုင်တဲ့အခွင့်အရေးတွေကိုလက်ဆင့်ကမ်းပေးသင့်ပါတယ်။

၅။ပရဟိတလုပ်ငန်းတွေလုပ်ပါ

ခုခေတ်မှာလူငယ်ပရဟိတအသင်းတွေအများကြီးပေါ်လာပါပြီ။တစ်ယောက်တည်းဆိုရင် အများကြီးမကူညီနိုင်ပေမဲ့ အသင်းအဖွဲ့နဲ့ဆိုရင်ပိုပြီးကူညီပေးနိုင်ပါလိမ့်မယ်။နေရာအနှံ့မှာ စာမသင်နိုင်တဲ့ကလေးတွေ၊ဒုက္ခရောက်နေတဲ့သက်ကြီးရွယ်အိုတွေအများကြီးရှိနေပါတယ်။သူတို့အတွက်ငွေကြေားအထောက်အပံ့မပေးနိုင်ရင်တောင်လူအားနဲ့ကူညီပေးနိုင်ပါတယ်။ကလေးတွေကိုစာသင်ပေးတာ၊အဘိုးအဘွားတွေကိုကောင်းမွန်တဲ့စောင့်ရှောက်မှုအောက်မှာထားပေးတာစသဖြင့် လူအားနဲ့ကူညီပေးနိုင်တဲ့အရာတွေအများကြီးရှိပါတယ်။အသင်းအဖွဲ့နဲ့လုပ်ဆောင်တာကသင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးကိုကောင်းမွန်စေသလို သူတစ်ပါးကိုကူညီတတ်တဲ့စိတ်၊ကိုယ်ချင်းစာစိတ် လည်းပိုပြီးရှိလာစေမှာပါ။သင့်အနားကလူတွေကိုလည်း သူတစ်ပါးကိုကူညီဖို့ အမြဲတမ်း တိုက်တွန်းပေးပါ။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *