စိတ်ဖိစီးမှုတွေပြေပျောက်သွားအောင် လုပ်ဆောင်ရမယ့်အချက် ၆ချက်

Shares 0

လူတိုင်းမှာအနည်းနဲ့အများစိတ်ဖိစီးမှုတွေဖြစ်တတ်ကြပါတယ်။စိတ်ဖိစီးမှုတွေများလာတဲ့အခါ ဘာလုပ်လုပ်အဆင်မပြေတော့ပါဘူး။သူများကိုလည်းအပြစ်ပဲမြင်နေပြီး ကိုယ့်ကိုယ်ကိုလည်းအားမရနိုင်ဖြစ်နေတတ်ပါတယ်။အဆိုးဆုံးကတော့စိတ်ဖိစီးမှုတွေများလာတဲ့အခါ ဘာကိုမှမစားချင်မသောက်ချင်ပဲဖြစ်နေပါလိမ့်မယ်။ ကြာလာရင်ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ အဲ့ဒါကြောင့်စိတ်ဖိစီးမှုအနည်းငယ်ခံစားလာရပြီဆိုရင် ဒီအချက်တွေအတိုင်းလိုက်လုပ်ကြည့်ပါ။

၁။အသက်ကိုဖြည်းဖြည်းချင်းရှုပါ

တိတ်ဆိတ်တဲ့နေရာတစ်ခုမှာထိုင်ပါ။နာရီဝက်လောက်အချိန်ပေးပြီး အသက်ကိုဖြည်းဖြည်းချင်း ရှုလိုက်ထုတ်လိုက်လုပ်ပေးပါ။စိတ်ကိုလည်းတည်ငြိမ်စေပြီး စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်။


၂။ဆားခါး

ဆားခါးဟာ စိတ်ဖိစီးမှုများနေတဲ့သူတွေအတွက်အကောင်းဆုံး အကျိုးပြုနိုင်ပါတယ်။ ဆားခါးလက်ဖက်ရည်ခွက်တစ်ခွက်ဖြည့်ပါ။ရေနွေးနွေးလေးထဲမှာထည့်ပြီးဆားတွေပျော်သွားတဲ့အထိစောင့်ပါ။ပြီးရင်နာရီဝက်လောက်ရေနွေးထဲမှာစိမ်ပေးပါ။တစ်ပတ်ကို ၂ခါ၊၃ခါလုပ်ပေးနိုင်ပါတယ်။

၃။Green Tea

Green Teaဟာ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ဆေးစွမ်းကောင်းတစ်ခွက်ပါပဲ။ Green Tea မှာပါဝင်တဲ့အက်ဆစ်ဓာတ်တွေက  စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်။ ခန္ဓာကိုယ်ရဲ့ စွမ်းအားတွေကိုလည်းတိုးတက်စေပါတယ်။ နံနက်တိုင်းGreen Teaမှုန့်လက်ဖက်ရည် ဇွန်း၂ဇွန်းကိုရေနွေးပူနဲ့ရောပါ။၅မိနစ်လောက်အုပ်ပြီးရင် သံပုရာသီးစိတ်လေး အနည်းငယ်ညှစ်ပြီးသောက်ပေးလို့ရပါပြီ။

၎။လေ့ကျင့်ခန်း

အချိန်အများကြီးမပေးနိုင်ရင်တော့ တစ်နေ့ကိုပုံမှန်၁၅မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် နေရထိုင်ရတာကောင်းပြီး စိတ်သက်သာစေပါတယ်။ယောဂလေ့ကျင့်ခန်းတွေဆိုရင် စိတ်ဖိစီးမှုကိုပိုပြီးလျှော့ချပေးနိုင်တဲ့အတွက်ကြောင့် ၁၅မိနစ်၊နာရီဝက် အချိန်ပေးပြီးလေ့ကျင့်ပေးသင့်ပါတယ်။

၅။ဗီတာမင်ဘီ

ဗီတာမင်ဘီပါဝင်တဲ့အစားအစာတွေစားပါ။ဗီတာမင်ဘီကစိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပြီးစိတ်ကိုရွှင်လန်းစေပါတယ်။ဗီတာမင်၈မျိုးလုံးဟာဦးနှောက်နဲ့အာရုံကြောကိုတိုးတက်ကောင်းမွန်စေတဲ့အတွက်ကြောင့်ဗီတာမင်ဘီပါဝင်တဲ့အစားအစာတွေများများစားပေးသင့်ပါတယ်။

၆။သီချင်းနားထောင်ပါ

သီချင်းဟာစိတ်ကိုနူးညံ့ပျော့ပျောင်းစေပါတယ်။နံနက်တိုင်းသီချင်းနားထောင်ပေးရင် တစ်နေ့တာလုံးလန်းဆန်းတက်ကြွစေပြီးပျော်ရွှင်စွာအလုပ်လုပ်နိုင်မှာပါ။စိတ်ဖိစီးမှုတွေကိုသီချင်းလေးနားထောင်ပြီးလျှော့ချလိုက်ပါ။

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *