မကြာခင်ရင်သွေးလေးမွေးဖွားတော့မယ့် ကင်တေးဟီ

Shares 0

အဆိုတော်သရုပ်ဆောင်ရိန်းရဲ့ အမျိုးသမီးဖြစ်သူ မင်းသမီးကင်တေးဟီဟာ မကြာခင်မှာရင်သွေးလေးမွေးဖွားတော့မယ်လို့သိရပါတယ်။”ကင်တေးဟီဟာ အောက်တိုဘာလကုန်နဲ့နိုဝင်ဘာလအစောပိုင်း တစ်ခုခုမှာမွေးဖွားဖို့မျှော်လင့်တယ်လို့ ရိန်းရဲ့အေဂျင်စီက စက်တင်ဘာ၃ရက်နေ့က အတည်ပြုကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ပထမဆုံးရင်သွေးကလေးဟာ ယောကျာ်းလေးလား မိန်းကလေးလားတော့မသိပါဘူး။ ရိန်းနဲ့ကင်တေးဟီတို့က မပြောပြထားတဲ့အတွက် သူတို့လည်းမသိရသေးပါဘူး” လို့ပြောပြခဲ့ပါတယ်။

ရိန်းနဲ့ကင်တေးဟီတို့ဟာ ၂၀၁၇၊ဇန်န၀ါရီလမှာ မိသားစုအနည်းငယ်နဲ့မင်္ဂလာပွဲ ကိုဆင်နွှဲခဲ့ကြတာပဲဖြစ်ပါတယ်။ မကြာခင်ရင်သွေးလေးကိုမြင်ရတော့မှာဖြစ်တာကြောင့် ရိန်းနဲ့ကင်တေးဟီတို့ဟာ အရမ်းကိုစိတ်လှုပ်ရှားပျော်ရွှင်နေကြပါတယ်။ မိသားစုတွေကလည်းဂရုတစိုက်စောင့်ရှောက်ပေးလျက်ရှိတယ်လို့သိရပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *