သင့်ရဲ့ ခွေးလေးကိုမကျွေးသင့်တဲ့အစားအစာ ၇မျိုး

Shares 109

ခွေးလေးတွေဟာ အစာစားတဲ့အခါမှာသခင်ကျွေးတာကိုပဲစောင့်ပြီးစားကြပါတယ်။ ခွေးချစ်သူတွေကလည်း သူတို့မစားခင် ခွေးလေးတွေကိုအရင်ကျွေးကြတာပါ။ဒါပေမဲ့ ခွေးလေးတွေကိုမကျွေးရမယ့်အစားအစာတွေရှိပါတယ်။အဲ့ဒီအစားအစာတွေကျွေးမိရင်အဆိပ်အတောက်ဖြစ်စေပါတယ်။ဘာတွေလဲဆိုတော့

၁။ချောကလက်

ချောကလက်ဟာခွေးလေးတွေအတွက်အဆိပ်ရှိတဲ့အစားအစာတစ်ခုပါ။မတော်တဆကျွေးမိသွားရင် အစာအဆိပ်သင့်စေပါတယ်။ချောကလက်ဟာ အစာခြေစနစ်ထိခိုက်စေတာကြောင့် စားမိပြီး ၆နာရီကနေ ၁၂နာရီအတွင်းအော့အန်တာ၊တစ်ချိန်လုံးခွေနေတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဆရာဝန်နဲ့မြန်မြန်ပြပြီးချောကလက်တွေကိုဖယ်ထုတ်ပစ်မှရမှာပါ။ကော်ဖီ၊လက်ဖက်ရည်နဲ့ချောကလက်ရည်ပူပူတွေကိုမတိုက်သင့်ပါဘူး။

၂။ကြက်သွန်နီ

ကြက်သွန်နီဟာခွေးလေးတွေရဲ့ သွေးနီဥတွေကိုပျက်စီးစေပါတယ်။ လူသားတွေအတွက်အကျိုးများပေမဲ့ခွေးလေးတွေ၊ကြောင်လေးတွေအတွက်တော့ အန္တရာယ်ဖြစ်စေပါတယ်။ခွေးလေးတွေအတွက်ဟင်းချက်ပြုတ်မယ်ဆိုရင်ကြက်သွန်နီမပါအောင်ဂရုတစိုက်နဲ့ချက်ပြုတ်ပေးဖို့လိုအပ်ပါတယ်။

၃။စပျစ်သီး

စပျစ်သီးခြောက်နဲ့စပျစ်သီးအစိုတွေကိုလည်းမကျွေးသင့်ပါဘူး။စပျစ်သီးစားမိတဲ့အခါမှာအားနည်းပြီးမလှုပ်ရှားနိုင်ဖြစ်လာပါလိမ့်မယ်။အော့အန်တာ၊၀မ်းလျှောတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ခွေးလေးတွေရဲ့အစာအိမ်ဟာ စပျစ်သီးနဲ့စပျစ်သီးအစေ့တွေကိုမချေဖျက်နိုင်ပါဘူး။

၎။ထောပတ်သီး

ထောပတ်သီးကလည်းခွေးလေးတွေကိုမကျွေးသင့်တဲ့အစားအစာပါ။ခွေးလေးတွေအတွက်အဆိပ်အတောက်ဖြစ်စေနိုင်ဆုံးအသီးတစ်မျိုးဖြစ်ပါတယ်။အော့အန်တာနဲ့ဝမ်းလျှောတာတွေဖြစ်နိုင်တဲ့အပြင် အသက်ရှူရခက်ခဲတဲ့ရောဂါတွေပါဖြစ်လာနိုင်ပါတယ်။ အသည်းနဲ့ကျောက်ကပ်ကိုလည်း ထိခိုက်စေတာကြောင့်မကျွေးသင့်ပါဘူး။စားမိရင်လည်းဆရာဝန်နဲ့မြန်မြန်ပြသင့်ပါတယ်။

၅။ပန်းသီးအရိုး

ပန်းသီးဟာ ခွေးလေးတွေကိုမကျွေးသင့်သလို ပန်းသီးအရိုးကိုလည်းခွေးလေးတွေ ကစားရအောင်ပေးမထားသင့်ပါဘူး၊မတော်တဆစားမိခဲ့ရင် အဆိပ်ဖြစ်စေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိတ်တာ၊ရှောခ့်ရပြီးမေ့မျောသွားတာ၊ကိုမာရောဂါတွေဖြစ်စေနိုင်ပါတယ်။

၆။အရက်

ခွေးလေးတွေကို ဘီယာနဲ့အရက်တွေကိုမလျက်ခိုင်းပါနဲ့။ သူတို့က ဘာမှမသိနိုင်ပါဘူး။အရက်ဟာခွေးလေးတွေရဲ့ အသည်းနဲ့ဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။ အရက်ဟာခွေးလေးတွေရဲ့ခန္ဓာကိုယ်ထဲက သကြားဓာတ်တွေကိုထိခိုက်စေတာကြောင့် နည်းနည်းလေးတောင်မတိုက်သင့်ပါဘူး။

၇။အချိုများတဲ့မုန့်တွေ၊အအေးတွေမတိုက်သင့်ပါဘူး

ဆိုဒါ၊ကိတ်မုန့်၊ကွတ်ကီးစတဲ့အချိုများတဲ့အရသာတွေက သင့်ရဲ့ ခွေးအတွက်အဆိပ် အတောက်ဖြစ်စေနိုင်ပါတယ်။အချိုများတာဟာ ခွေးလေးတွေရဲ့ ကျောက်ကပ်ကိုပျက်စီးစေပါတယ်။ အဲ့ဒါကြောင့်ခွေးလေးတွေကိုမုန့်ကျွေးမယ်ဆိုရင်အချိုမပါတဲ့ပေါင်မုန့်၊ကိတ်မုန့်ကိုကျွေးသင့်ပါတယ်။

 

Shares 109
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *