သူစီစဉ်ထားတဲ့ အကြံအစည်တွေကို ထုတ်ဖော်ပြောလိုက်တဲ့ ကမ္ဘာ့စနူကာ ချန်ပီယံဆု ငါးကြိမ်ရရှိထားတဲ့ Ronnie O’Sullivan

_58316237_ronnie_osullivan.jpg
Shares 0

ပရော်ဖက်ရှင်နယ်စနူကာသမား Ronnie O’Sullivan ဟာ တနလာင်္နေ့ ညက ကစားခဲ့တဲ့ UK Championship ပွဲစဉ်မှာ ပြိုင်ဘက် Adam Duffy ကို တတိယချီကစားပွဲမှာ ၆-၃ နဲ့ အနိုင်ရရှိပြီး သူဟာ ငါးကြိမ်မြောက် ချန်ပီယံ ဆုကို ကိုင်မြှောက်ဖို့ သရဖူလမ်းကြောင်းပေါ်မှာ ရှိနေသေးကြောင်း သက်သေပြလိုက်ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူနဲ့ အနိုင်ရရှိခဲ့တဲ့မဟုတ်ဘဲ နောက်ကလိုက်ပြီး အနိုင်ယူခဲ့ရတာပါ။

ဒီပွဲကစားပြီးနောက် O’Sullivan က သူဟာ ဆုကြေးငွေအများဆုံးရရှိတဲ့စံချိန်သစ်ကို တင်ဖို့ ရည်မှန်းထားတာ ဖြစ်ပြီး ဆုကြေးငွေမြင့်မားတဲ့ပွဲစဉ်တိုင်းကို အနိုင်ကစားပြီး အချိန်ကြာကြာအပန်းဖြေအနားယူဖို့ မျှော်လင့်ထား ကြောင်းဖွင့်ပြောလိုက်ပါတယ်။

“ အရိုးသားဆုံးပြောရရင်တော့ ကျွန်တော့်ရည်မှန်းချက် စနူကာကစားပွဲတွေကနေ ခေတ္တအနားယူပြီး အပန်းဖြေဖို့ လုံလောက်တဲ့ ဆုကြေးငွေရရှိဖို့ ပါ။ ကျွန်တော်အခုပွဲကနေ ပေါင် ၉၀၀၀ လောက်ရလိုက်ပါတယ်။ နောက်ထပ်ပွဲနည်းနည်းကစားပြီးရင် အိမ်မှာအေးဆေးထိုင်ပြီး ဇိမ်ခံနေနိုင်တော့မှာပါ။ ကျွန်တော်လည်း အားလပ်ရက်လိုချင်တယ်လေ။ “ လို့ သတင်းထောက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုသွားပါတယ်။

O’Sullivan ဟာ ၂၀၁၃ ကမ္ဘာ့စနူကာချန်ပီယံတစ်ဦးဖြစ်ပြီး ကမ္ဘာ့စနူကာချန်ပီယံဆုကိုလည်း ငါးကြိမ်မြောက် ဆွတ်ခူးထားတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ ၁၉၉၃ UK Championship ဆုကို ပထမဆုံး စရတုန်းက သူဟာ ၁၈ နှစ်ပြည့်ဖို့ တစ်ပတ်အလို အရွယ်ပဲရှိသေးပြီး စနူကာသက်တမ်းတစ်လျှောက် အသက်အငယ်ဆုံးပရော်ဖက်ရှင်နယ်စနူကာချန်ပီယံဆု ရရှိခဲ့သူပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *