နာနတ်သီးစားရင်ဘယ်လိုအကျိုးကျေးဇူးတွေရလာနိုင်မလဲ?

Shares 0

နာနတ်သီးဟာ အမျှင်ဓာတ်ကြွယ်ဝရုံသာမက ဗီတာမင်အေ၊ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့တခြားအကျိုးရှိဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက်အထူးကောင်းမွန်စေတဲ့အသီးအနှံတစ်မျိုးပဲဖြစ်ပါတယ်။ကယ်လိုရီအနည်းငယ်ပဲပါဝင်တာကြောင့်ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတွေလည်းစားပေးသင့်ပါတယ်။နာနတ်သီးစားရင်ဘယ်လိုအကျိုးကျေးဇူးတွေရလာနိုင်မလဲဆိုတော့

၁။အစာအိမ်ကိုကောင်းမွန်စေတယ်

အစာအိမ်မကောင်းတဲ့သူတွေ၊မကြာခဏဗိုက်အောင့်ဗိုက်နာဖြစ်တတ်တဲ့သူတွေစားပေးသင့်ပါတယ်။အလွယ်တကူအစာခြေဖျက်ပေးနိုင်တာကြောင့်အစာအိမ်ထဲမှာပြည့်အင့်မနေစေပဲကောင်းမွန်စေပါတယ်။အညစ်အကြေးတွေလည်းကင်းစင်စေတာကြောင့်နာနတ်သီးပုံမှန်စားပေးသင့်ပါတယ်။

၂။စွမ်းအင်မြှင့်တင်ပေးတယ်

ဗီတာမင်စီပါဝင်တာကြောင့်ခန္ဓာကိုယ်ထဲက ကုန်ဆုံးသွားတဲ့စွမ်းအင်တွေ ကိုပြန်ပြီးဖြည့်တင်းပေးပါတယ်။ အအေးမိရောဂါ၊အဖျားရောဂါနဲ့ တခြားကိုယ်ခံအားကျဆင်းစေတဲ့ရောဂါတွေကိုတိုက်ဖျက်ကာကွယ်ပေးပါတယ်။

၃။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ကောင်းမွန်တယ်

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မနက်စောစောမှာပျို့အန်တာတွေဖြစ်တတ်ကြတဲ့အတွက် နာနတ်သီးကိုစားပေးသင့်ပါတယ်။မနက်စောစောမှာပုံမှန်နာနတ်သီးဖျော်ရည်၊နာနတ်သီးစိတ်တွေစားပေးမယ်ဆိုရင်သက်သာပျောက်ကင်းစေပြီးအားဖြစ်စေပါတယ်။

၎။ကိုယ်အလေးချိန်ကျဆင်းစေတယ်

နာနတ်သီးဟာကယ်လိုရီနည်းနည်းနဲ့အားဖြစ်စေတဲ့အသီးအနှံတစ်မျိုးဖြစ်ပါတယ်။နာနတ်သီးဖျော်ရည်တစ်ခွက်ဟာ ကယ်လိုရီ၆၀အောက်လျော့နည်းပြီး ရေဓာတ်အများအပြားပါဝင်တာကြောင့် အစာစားချင်စိတ်ကိုလျော့နည်းစေပါတယ်။

၅။ဒဏ်ရာတွေမြန်မြန်ပျောက်ကင်းစေတယ်

နာနတ်သီးမှာဘရိုမီလန်ဆိုတဲ့ဓာတ်တွေပါဝင်တာကြောင့်သဘာဝအတိုင်းရောဂါတွေမြန်မြန်ပျောက်ကင်းအောင်ဆောင်ရွက်ပေးပါတယ်။အဆစ်ရောင်ရောဂါနဲ့ကြွက်သားနာကျင်မှုဒဏ်ရာတွေကိုမြန်မြန်ပျောက်ကင်းစေတဲ့ဆေးတစ်မျိုးပါ။အဲ့ဒီရောဂါတွေခံစားနေရရင် နာနတ်သီးကိုပုံမှန် စားပေးခြင်းဖြင့်မြန်မြန်ဆန်ဆန်သက်သာသွားစေပါတယ်။

၆။မျက်လုံးအားကောင်းစေတယ်

ဗီတာမင်အေပါဝင်တာကြောင့်မျက်စိကျန်းမာရေးကိုကောင်းမွန်စေပါတယ်။မျက်စိမှုန်တာ၊ေ၀၀ါးတာကိုလည်းကာကွယ်ပေးပါတယ်။နာနတ်သီးပုံမှန်စားပေးရင် အသက်ကြီးလာရင် ဖြစ်တတ်တဲ့မျက်စိမှုန်တာတွေကိုကြိုတင်ကာကွယ်ပေးပါတယ်။

၇။အရိုးတွေကိုသန်မာစေတယ်

ကြွက်သားနာကျင်တာတွေကိုသက်သာပျောက်ကင်းစေသလို အရိုးတွေကိုလည်း သန်မာစေပါတယ်။အသက်ကြီးလာတဲ့အခါမှာအရိုးတွေက အားပျော့လာပါတယ်။ အရိုးကျိုးတာ၊အက်တာတွေမဖြစ်အောင် နာနတ်သီးဖျော်ရည်ကိုနေ့တိုင်းသောက်သုံးပေးပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *