တစ်နာရီမှာ ကယ်လိုရီ၃၀၀ကျော်လောင်ကျွမ်းစေမယ့်အားကစားနည်း ၉ မျိုး

Shares 0

ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတွေအတွက် အားကစားလည်းလုပ်ရင်း ကယ်လိုရီတွေလောင်ကျွမ်းစေမယ့် အားကစားနည်းတွေကိုပြောပြပေးချင်ပါတယ်။ အားကစားလုပ်တာက ချွေးထွက်များစေပြီး ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေ ကိုထွက်လာစေပါတယ်။ ကိုယ်အလေးချိန်ကျဆင်းရုံတင်မကပဲ ခန္ဓာကိုယ်ကျစ်လစ်လှပစေမှာပဲဖြစ်ပါတယ်။

ပထမဆုံးနည်းလမ်းတစ်ခုကတော့ လှေကားထစ်တွေကိုပြေးဆင်းလိုက်၊ တက်လိုက် လုပ်ပေးတာက တစ်နာရီကို ၅၄၆ ကယ်လိုရီကျဆင်းစေပါတယ်တဲ့။ အိမ်မှာလည်းအလွယ်တကူလုပ်နိုင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။

ကိုယ်အလေးချိန်ထိန်းချင်တဲ့အမျိုးသားတွေကတော့ ဘတ်စကတ်ဘောကစားသင့်ပါတယ်။ ဘတ်စကတ်ဘောတစ်နာရီကစားတာဟာ ၄၈၅ကယ်လိုရီကျဆင်းစေလို့ နေ့တိုင်းပုံမှန်သူငယ်ချင်းတွေနဲ့ ဆော့မယ်ဆိုရင်အချိန်ကုန်တာလည်းမသိသာသလို ကျစ်လစ်တဲ့ခန္ဓာကိုယ်လည်းရစေမှာပါ။

ရေကူးတာဟာလည်း အသားအရည်မည်းတယ်ဆိုပေမဲ့ တစ်နာရီကို ၅၉၅ကယ်လိုရီတောင် ကျဆင်းစေပါတယ်။ရေကူးရင်ခါး၊ဗိုက်နဲ့ပေါင်တံအဆီတွေကိုကျဆင်းစေပြီး သွယ်လျစေပါတယ်။

တစ်နာရီလောက်ကြိုးခုန်ပေးတာက ကယ်လိုရီ ၇၁၆တောင်ကျဆင်းစေပါတယ်။အားကစားလုပ်တဲ့ အကျီလေးနဲ့တစ်နာရီအချိန်ပေးပြီးလုပ်ရုံပါပဲ။တစ်နေ့ကိုပုံမှန်၁နာရီအချိန်ပေးရုံနဲ့ အရင်ကထက်ပိုပြီးကိုယ်အလေးချိန်ကျဆင်းလာတာကိုမြင်ရမှာပါ။

အနီးအနားမှာ ခရီးတိုတောင်တက်လို့ရမယ့်နေရာရှိတဲ့သူတွေအတွက် အရမ်းကိုအဆင်ပြေပါတယ်။တစ်နာရီကိုကယ်လိုရီ ၃၆၄ကျဆင်းစေတာကြောင့် ကိုယ်အလေးချိန်ထိန်းပြီးသားဖြစ်တဲ့အပြင် တောင်ပေါ်ကလတ်ဆတ်တဲ့လေထု ကိုလည်းရှုရှိုက်ရတာကြောင့်ကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူအေရိုးဗစ်ကစားမယ်ဆိုရင်တစ်နာရီကို ၄၄၃ကယ်လိုရီတောင်ကျဆင်းစေပါတယ်။အေရိုးဗစ်ကစားတာက ခန္ဓာကိုယ်ကိုလည်းလှပစေပါတယ်။

အကလေ့ကျင့်ခန်းဟာလည်း စိတ်ကိုလန်းဆန်းစေတဲ့အပြင် တစ်နာရီလောက်ကပေးရုံနဲ့ ၅၅၄ကယ်လိုရီကျဆင်းစေပါတယ်။သူငယ်ချင်းတွေနဲ့အတူ အကလေ့ကျင့်ခန်းလုပ်မယ်ဆို ရင်ပျော်စရာလည်းကောင်းပြီး လှပတဲ့ခန္ဓာကိုယ်လေးရစေမှာပါ။

တင်းနစ်စ်ကစားရတာကြိုက်နှစ်သက်တဲ့သူတွေကတော့ အားလပ်ချိန်မှာတစ်နာရီလောက် အချိန်ပေးပြီးဆော့ကစားမယ်ဆိုရင် ကယ်လိုရီ ၄၈၅တောင် ကျဆင်းနိုင် ပါတယ်။ပြေးလွှားကစားရတာဖြစ်လို့အဆီတွေမြန်မြန်လောင်ကျွမ်းသွားတာပဲဖြစ်ပါတယ်။

တစ်နာရီမှာ ၄မိုင်အပြေးလေ့ကျင့်တာဟာ ၅၀၃ကယ်လိုရီတောင်ကျဆင်းစေပါတယ်။ မနက်စောစောထပြီးတစ်နာရီလောက်ပြေးမယ်ဆိုရင် ကျန်းမာရေးအတွက် လေကောင်းလေသန့်လည်းရပြီးခန္ဓာကိုယ်သွယ်လျစေမှာပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *