အက်ရှင်ဇာတ်ကားကောင်းကောင်းကို ကြိုက်နှစ်သက်သူတွေအတွက် ”American Assassin”

Shares 0

”American Assassin” ဇာတ်ကားဟာ ဒါရိုက်တာ Michael Cuesta နဲ့
ဇာတ်ညွန်း Stephen Schiff, Michael Finch ,Edward Zwick နဲ့
Marshall Herskovitz တို့ပူးပေါင်းရိုက်ကူးထားတာဖြစ်ပါတယ်။
Vince Flynn ရဲ့ ၂ဝ၁ဝက ဝတ္ထုကိုပြန်လည် ပုံဖော်ရိုက်ကူးထားတာဖြစ်ပါ
တယ်။ ထိုဇာတ်ကားတွင် သရုပ်ဆောင်များ Dylan O’Brien, Michael Keaton, Sanaa Lathan, Shiva Negar နဲ့ Taylor Kitsch တို့ပါဝင်သရုပ်
ဆောင်ထားပါတယ်။ ၂ဝ၁၇ စက်တင်ဘာလ ၁၅ရက်နေ့ စတင်ကြည့်ရှုနိုင်ပါပြီ။

ဇာတ်လမ်းအကျဉ်း

Mitch Rapp (O’Brien) ဟာ အသက်၁၄နှစ်တုန်းက ဆိုးဝါးတဲ့ကားတိုက်မှု
ကြောင့် မိဘနှစ်ပါးလုံးကိုဆုံးရှုံးခဲ့ရပြီး အရွယ်ရောက်လာချိန်မှာလည်း
သူနဲ့ကြိုက်နေတဲ့ကောင်မလေးဟာ ထိတ်လန့်စရာတိုက်ခိုက်မှုတစ်ခုကြောင့်
သေဆုံးသွားခဲ့ရပြန်ပါတယ်။ သူ့ဆုံးရှုံးမှုတွေအတွက် ပြန်လည်လက်စားချေဖို့
စီအိုင်အေ လက်ထောက်ဒါရိုက်တာ Irene Kennedy (Lathan) ရဲ့ လျှို့ဝှက်
အဖွဲ့စည်းတစ်ခုထဲ ဝင်ခဲ့တယ်။ သူတို့အတူ ထိုတိုက်ခိုက်မှုရဲ့အရင်းမြစ်ကို
လေ့လာဖော်ထုတ်ကာ လက်စားချေမှုအတွက် စီမံကိန်းချပြီး ဘယ်လို
လက်စားပြန်ချေမလဲဆိုတာ စိတ်လှုပ်ရှားစရာအပြည့်နဲ့
လာမယ့် စက်တင်ဘာလမှာ ဆက်လက်စောင့်မျှော်ကြည့်ရှုလိုက်ပါနော်။
ဇာတ်လမ်းအမြည်းလေး ဖော်ပြပေးလိုက်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *