ရေနွေးသောက်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ချက်

Shares 133

ရေသောက်တာဟာ ကျန်းမာရေးအတွက်ကောင်းမွန်စေသလို အသားအရည်လည်း လှပစေပါတယ်။အဆိပ်အတောက်တွေလည်းကင်းစင်စေလို့ မနက်နိုးလာရင်ရေတစ်ခွက် သောက်ကြတဲ့အလေ့အကျင့်ဟာ လူအများစုမှာရှိနေပါပြီ။ဒါပေမဲ့ ရိုးရိုးရေထက် ရေနွေးကပိုပြီး ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်လို့ လေ့လာသူတွေကပြောကြပါတယ်။

မနက်တိုင်းရေကိုကျိုချက်ပြီးသောက်ပေးသင့်ပါတယ်။သံပုရာသီးနည်းနည်းညှစ်ပြီးလည်း သောက်ပေးနိုင်ပါတယ်။သတိပြုရမှာက လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကိုပြောတာ မဟုတ်ပါဘူး။ရိုးရိုးရေကိုပဲ ဆူအောင်တည်ပြီးသောက်ပေးရမှာပါ။ရေနွေးသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုပြောပြပေးသွားပါမယ်။

၁။အစာခြေစနစ်ကိုကောင်းမွန်စေတယ်

မနက်နိုးနိုးချင်းဘာမှမစားရသေးခင် ရေနွေးသောက်ပေးတာက အစာအိမ်ရဲ့ လုပ်ဆောင်ချက် တွေကိုကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။ဖန်ခွက်တစ်ခွက်အပြည့်သောက်ပေးသင့်ပါတယ်။

၂။ဝမ်းချုပ်တာကိုသက်သာစေတယ်

အစာမစားရသေးခင်ရေနွေးပုံမှန်သောက်ပေးတာက အစာအိမ်ကိုကောင်းမွန်စေပြီး ၀မ်းချုပ်တာကိုလည်းသက်သာစေပါတယ်။ပုံမှန်သောက်ပေးရင်ဝမ်းမချုပ်တော့ပဲ လွယ်ကူစွာနဲ့ဝမ်းချုပ်ရောဂါကိုဖြေရှင်းနိုင်ပါတယ်။

၃။လည်ချောင်းနာတာကိုသက်သာပျောက်ကင်းစေတယ်

အအေးမိဝေဒနာဟာ မကြာခဏဖြစ်တတ်တဲ့ရောဂါတစ်ခုပါ။အအေးမိတဲ့အချိန်ကာလမှာ မနက်နိုးတာနဲ့ ရေနွေးပူပူလေးတစ်ခွက်သောက်ပေးမယ်ဆိုရင်လည်ချောင်းနာသက်သာစေပြီး ခဏလေးနဲ့ပျောက်ကင်းစေပါတယ်။

၎။ကိုယ်အလေးချိန်ကျဆင်းစေတယ်

မနက်စောစောရေသောက်ပေးတာထက် ရေနွေးသောက်ပေးတာကပိုပြီးကိုယ်အလေးချိန် ကျဆင်းစေတယ်လို့တွေ့ရှိရပါတယ်။အဲ့ဒါကြောင့် မနက်အစာမစားခင်ရေနွေးသောက်  ပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကိုသဘာဝအတိုင်းလျှော့ချပေးနိုင်ပါတယ်။

၅။အဆိပ်အတောက်တွေကင်းစင်စေတယ်

ရေနွေးဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကင်းစင်စေပါတယ်။ပုံမှန်သောက်သုံးပေးရင် မလိုအပ်တဲ့အညစ်အကြေးတွေ၊အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။

၆။နုပျိုစေတယ်

အသက်အရွယ်ကြီးရင့်တာကိုနှေးကွေးစေပြီး သူများတွေထက်နုပျိုလှပစေမှာပါ။မနက်တိုင်း အစာမစားခင် ရေနွေးပုံမှန်သောက်ပေးမယ်ဆိုရင် အရေးအကြောင်းဖြစ်တာကိုလျော့နည်းစေပြီး ကျန်းမာရေးပြဿနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

Shares 133
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *