နှုတ်ခမ်းသားနီရဲစိုပြေစေမယ့် သဘာဝနည်းလမ်းကောင်း ၆မျိုး

Shares 0

လူတိုင်းဟာ နှုတ်ခမ်းလေးနီပြီးတောက်ပနေတာကိုပဲနှစ်သက်ကြပါတယ်။ နှုတ်ခမ်းသားခြောက်သွေ့တဲ့သူတွေအတွက်လည်းအရမ်းကိုအသုံးဝင်တဲ့နည်းလေးတွေပါ။ အဲ့ဒါကြောင့် သင့်ရဲ့နှုတ်ခမ်းသားတွေကို သဘာဝအတိုင်းနီမြန်းစေမယ့် နည်းလမ်းကောင်းလေး တွေကိုပြောပြပေးသွားပါမယ်။

၁။ရေများများသောက်ပါ

နှုတ်ခမ်းသားတွေကိုရေဓာတ်ရအောင်ရေများများသောက်ပေးသင့်ပါတယ်။တစ်နေ့ကိုပုံမှန် ဖန်ခွက် ၈ခွက်သောက်ပေးသင့်ပါတယ်။ခန္ဓာကိုယ်အတွက်လည်းရေဓာတ်ပြည့်ဝစေပြီးနှုတ်ခမ်းသားခြောက်သွေ့တာကိုကာကွယ်ပေးနိုင်ပါတယ်။

၂။ပေါင်းတင်ပေးပါ

တစ်ပတ်ကိုနှစ်ခါလောက် နှုတ်ခမ်းကိုပေါင်းတင်ပေးပါ။ သကြားနဲ့ပျားရည်ကို ရောစပ်ပြီးနှုတ်ခမ်းကိုလိမ်းပေးပါ။၁၅မိနစ်လောက်ထားပြီးရင် ရေဆေးချလို့ရပါပြီ။

၃။သွားတိုက်တံနဲ့ပွတ်ပေးပါ

တစ်ပတ်ကိုတစ်ခါ နှုတ်ခမ်းသားတွေကိုသွားတိုက်တံနဲ့ဖြည်းဖြည်းချင်းတိုက်ပေးပါ။ ခြောက်သွေ့နေတဲ့ဆဲလ်တွေကွာကျသွားပြီး နူးညံ့လာပါလိမ့်မယ်။တစ်ပတ်တစ်ခါ ပုံမှန်တိုက်ပေးဖို့မမေ့ပါနဲ့။

၎။နှုတ်ခမ်းနီအဆီဆိုးပါ

နှုတ်ခမ်းဟာ ခန္ဓာကိုယ်ကတခြားအစိတ်အပိုင်းတွေထက်အစိုဓာတ်ကိုမြန်မြန်စုပ်ယူနိုင်ပါတယ်။ အဲ့ဒါကြောင့် နှုတ်ခမ်းအစိုဓာတ်ကိုထိန်းသိမ်းဖို့နှုတ်ခမ်းနီအဆီလေးဆိုးထားပေး သင့်ပါတယ်။ညအိပ်ရာမ၀င်ခင် သွားပွတ်တံလေးနဲ့ပွတ်ပေးပြီး နှုတ်ခမ်းနီအဆီ ဆိုးပေးထားရင်ပိုပြီးကောင်းပါတယ်။တစ်ပတ်ကို ၃ခါလောက်ပုံမှန်လုပ်ပေးပါ။

၅။နှုတ်ခမ်းကိုလျှာနဲ့မသပ်ပါနဲ့

နှုတ်ခမ်းကိုလျှာနဲ့သပ်တာဟာ မကောင်းတဲ့အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။အဲ့ဒါဟာ နှုတ်ခမ်းသားတွေကိုအရမ်းပျက်စီးစေပါတယ်။နှုတ်ခမ်းသားတွေကိုမြန်မြန်ခြောက်သွေ့စေပြီး အစိုဓာတ်ကုန်ဆုံးစေပါတယ်။အဲ့ဒါကြောင့်နှုတ်ခမ်းသပ်တတ်တဲ့အကျင့်ဆိုးရှိရင်  ဖျောက်သင့်ပါတယ်။

၆။နှုတ်ခမ်းနီကိုအစိုဓာတ်ပါတာရွေးချယ်ပါ

နေ့တိုင်းအပြင်သွားနေရလို့ နှုတ်ခမ်းနီမဆိုးမဖြစ်ဆိုးရမယ်ဆိုရင် အစိုဓာတ်ပါတဲ့ နှုတ်ခမ်းနီကို ရွေးချယ်ဆိုးပါ ။နှုတ်ခမ်းခြောက်စေတဲ့ Matte တွေကိုရှောင်ပါ။နှုတ်ခမ်းနီအခြောက်ဆိုးမယ်ဆိုရင် အောက်ကနေ နှုတ်ခမ်းနီအဆီတစ်ထပ်ခံပြီးဆိုးပေးပါ။အဲ့ဒါမှ နှုတ်ခမ်းသားခြောက်တာ ကိုကာကွယ်ပေးနိုင်မှာပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *