ညနေစာ စားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်မယ့် နည်းလမ်းများ

Shares 0

မနက်စာမှာ ကြက်ဥထည့်စား


မနက်စာကို ဘုရင်လိုစားဆိုတဲ့အတိုင်း မနက်စာကိုပြည့်ဝအောင် စားဖို့လိုပါ
တယ်။ ကိုယ်စားတဲ့မနက်စာမှာ ကြက်ဥပါဖို့လိုပါတယ်။ ကြက်ဥက သင့်ကို
ဝိတ်အမြန်ကျအောင် ကူညီပေးနိုင်ပါတယ်။ ပြီးတော့သူက ပေါင်မုန့်တို့၊
အခြားဖြည့်စွက်စာတို့ထက် နှစ်ဆပိုပြီးထိရောက်တယ်။ ဗိုက်ဆာခြင်းကို
လျော့ချပေးနိုင်ပြီး ၂၄နာရီကျော်တာနဲ့ အစားစာချင်စိတ်ကိုထိန်းပေးနိုင်ပါတယ်။

သရေစာတွေ ဝယ်မစားပါနဲ့


ညဘက်တွေ အိပ်မပျော်စေခြင်းက သရေစာတွေ စားတာကြောင့်လည်းပါပါ
တယ်။ အဲ့ဒီအစား ကျန်းမာရေးအတွက်ကောင်းတဲ့ အသီးအနှံ့တွေကို စားသုံး
ပေးသင့်ပါတယ်။

ကယ်လိုရီပါတဲ့ အစားစာတွေကိုရှောင်


ဆီကြော်စာ၊ အသင့်စား မုန့်တွေ၊ ဆိုဒါ ၊ ကိတ်မုန့်နဲ့ အရက်က သင့်ကို
ဝိတ်ပိုတက်စေပါတယ်။ ဒီအစားစာတွေက သင့်ကိုနောက်ထပ်သရေစာတွေ
ထပ်စားချင်အောင် ပိုဆွပေးနိုင်ပါတယ်။

အားကစားလုပ်ခြင်း


အစားစာရှောင်ရုံနဲ့ ကယ်လိုရီတွေမလောင်ကျွမ်းသွားနိုင်ပါဘူး။ အားကစား
လေးပါ ဖြည့်စွက်ပေးမှ ပိုပြီးထိရောက်မှုရှိပါမယ်။ အားကစားလုပ်ခြင်းက
သင့်ကို စိတ်ဖိစီးဒဏ်တွေလည်း လျော့ချပေးနိုင်ပါတယ်။

ရေချိုးခြင်း


ရေချိုးရင် ရေနွေးနဲ့ချိုးတာထက် ရိုးရိုးရေနဲ့ချိုးပေးခြင်းက ခန္ဓာကိုယ်ထဲရှိ
ကယ်လိုရီတွေကို သင့်တင့်စွာလောင်ကျွမ်းနိုင်စွမ်းရှိပါတယ်။

ရေများများသောက်


ဒိန်ချဉ်တစ်ခွက်သောက်မိရင် ရေနှစ်ခွက်လောက်ပြန်သောက်ပေးဖို့လိုပါတယ်။
ထမင်းမစားခင် တစ်နာရီအလို ရေအများကြီးသောက်ပေးခြင်းကလည်း
သင့်ကို ထမင်းအများကြီးမစားအောင် ထိန်းထားပေးနိုင်ပြီး မနက်အိပ်ရာထထ
ခြင်း ရေသောက်ပေးခြင်းက ဆီးဝမ်းမှန်စေကာ အသားရေလည်းစိုပြေလှပ
စေပါတယ်။

၁၁နာရီမကျော်ခင် အိပ်ရာဝင်


ညဘက်ဆို စောစောအိပ်တာအကောင်းဆုံးပါပဲ။ မနက်စောစောထရင်လည်း
အလုပ်တွေပြီးလို့ စိတ်ကျေနပ်မှုရစေပါတယ်။ အလွန်ဆုံး ည၁၁နာရီဆိုတာနဲ့
အိပ်စက်သင့်ပြီလို့ ကျန်းမာရေးပညာရှင်တွေကပြောထားပါတယ်။
အိပ်ရေးမဝရင် အစားစားချင်စိတ်ကို ပိုဖြစ်ပေါ်စေပြီး ကယ်လိုရီတွေလည်း ပိုတက်စေပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *