မကြာခင်ကလေးသုံးယောက်အဖေဖြစ်တော့မယ့် မင်းသား Go Soo

Shares 0

မင်းသား Go Sooဟာ မကြာခင်မှာပဲကလေးသုံးယောက်အဖေဖြစ်တော့မယ်လို့သိရပါတယ်။ ဒီနေ့ သြဂုတ်လ ၃၀ရက်နေ့၊နေ့လည်ပိုင်းမှာပဲသူ့ရဲ့ အေဂျင်စီဖြစ်တဲ့ BH အင်တာတိန်းမန့်က “မင်းသား Go Sooရဲ့ အမျိုးသမီး Kim Hye Yeon ဟာတတိယမြောက်ရင်သွေးလေး ကိုလွယ်ထားရပါတယ်။သူတို့စုံတွဲဟာ ကလေးကိုစက်တင်ဘာလမှာမွေးဖွားမယ် လို့ခန့်မှန်းထားကြပါတယ်”လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

မင်းသား Go Sooဟာ သူ့ရဲ့ အမျိုးသမီးနဲ့၂၀၁၂၊ဖေဖော်ဝါရီလ၁၇ရက်နေ့၊ရှီလာဟိုတယ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ ပထမဆုံးသားလေးကို ၂၀၁၃၊ဇန်န၀ါရီ ၂၈ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ဒုတိယမြောက်ကတော့သမီးလေးဖြစ်ပြီး ၂၀၁၅၊ဧပြီ၁၇ရက်နေ့မှာ မွေးဖွားခဲ့တယ်လို့သိရပါတယ်။

မင်းသား Go Soo ဟာအခုလောလောဆယ်မှာ “The Fortress” ဇာတ်ကားကိုရိုက်ကူးထားပြီး အဲ့ဒီဇာတ်ကားကိုစက်တင်ဘာလမှာထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *