ဆံကေသာနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့ လှို့ဝှက်နည်းလမ်းတို ၆မျိုး

Shares 0

လှပတဲ့ဆံသားတွေရရှိဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒတစ်ခုပါ။သဘာဝနည်းလမ်းတွေအပြင် ဆံသားတွေလှပစေမယ့် နည်းလမ်းတိုလေးတွေလည်းရှိပါတယ်။ဘာတွေလဲဆိုတော့

၁။ခဲတံ

ဆံပင်ကောက်ချင်ပေမဲ့ ဆိုင်သွားဖို့အချိန်မရှိတဲ့အခါ ခဲတံလေးကိုသုံးလိုက်ပါ။ခဲတံတွေနဲ့ ဆံပင်တွေကိုနည်းနည်းချင်းလိမ်ပြီးကလစ်နဲ့ညှပ်ထားပါ။၂နာရီလောက်ကြိုပြီးလုပ်ထားပေးပါ။ပြန်ဖြေချတဲ့အခါမှာတော့ လှပတဲ့ဆံပင်အကောက်လေးတွေကိုရရှိပါပြီ။

၂။ဆံပင်ဆေးဆိုးထားတာကိုအရောင်ပိုတောက်ချင်တယ်ဆိုရင်သံပုရာရည်ကိုသုံးပါ။သံပုရာရည်အနည်းငယ်ကိုခေါင်းမလျှော်ခင်သုတ်လိမ်းပေးပါ။နာရီဝက်လောက်ထားပြီးရင်ခေါင်းလျှော်လို့ရပါပြီ။ဗောက်လည်းကင်းစင်စေပါတယ်။

၃။ဆံပင်ပျော့ဆေးနဲ့ပတ်သက်ပြီးမသိကြသေးတဲ့အရာကတော့ ဆံပင်ပျော့ဆေးကို ဒီတိုင်းမသုံးပဲရေနဲ့ရောစပ်ပြီးသုံးမယ်ဆိုရင်ဆံသားကို ပိုပြီးပျော့ပျောင်းစေပြီးတောက်ပစေပါတယ်။

၎။ခေါင်းမလျှော်ခင်ဆံပင်အရင်ဖြီးပါ။လူတိုင်းက ခေါင်းလျှော်ပြီးရင်ဆံပင်တွေဖြီးလေ့ရှိပါတယ်။ အဲ့ဒါကမမှန်ပါဘူး။ဆံပင်တွေလည်းပိုပြီးကျွတ်စေပါတယ်။အဲ့ဒါကြောင့်ခေါင်းမလျှော်ခင်ဆံပင်တွေကိုအရင်ဖြီးပေးတာကခေါင်းလျှော်တဲ့အခါမှာ  ဆံပင်တွေမရှူပ်ပွစေပါဘူး။ဆံပင်တွေလည်း အရင်ကလောက်မကျွတ်တော့တာကိုမြင်တွေ့ရမှာပါ။

၅။ခေါင်းမလျှော်ခင်ညမှာအုန်းဆီကိုခေါင်းတစ်ခုလုံးနှံ့စပ်အောင်လိမ်းထားပါ။နောက်တစ်နေ့ခေါင်းလျှော်တဲ့အခါမှာ ဆံပင်တွေပျော့စင်းအိနေတာကိုမြင်တွေ့ရမှာပါ။

၆။နောက်ဆုံးတစ်ချက်ကတော့ ခေါင်းလျှော်ပြီးတဲ့အခါမှာ ဆံပင်ကို မျက်နှာသုတ်ပုဝါနဲ့အုပ်ပြီးချည်နှောင်မထားသင့်ပါဘူး။အဲ့ဒါဟာ ဆံသားတွေကို ပျက်စီးစေပါတယ်။မျက်နှာသုတ်ပုဝါနဲ့ဖြည်းဖြည်းချင်းသုတ်ပေးပြီး သဘာဝလေနဲ့ အခြောက်ခံပေးသင့်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *