ပင်လယ်ကမ်းခြေသွားမယ်ဆိုရင် ဘယ်လိုဖက်ရှင်တွေရွေးချယ်ကြမလဲ?

Shares 0

ပင်လယ်ကမ်းခြေခရီးသွားမယ်ဆိုရင် ပထမဆုံးစဉ်းစားမိတာက ဘယ်လိုဖက်ရှင်ပုံစံလေးတွေဝတ်ရမလဲဆိုတာပါပဲ။ ကမ်းခြေနဲ့လည်းလိုက်ဖက်ရမယ်။ လွတ်လပ်ပေါ့ပါးရမယ်။ဆွဲဆောင်မှုလည်းရှိရမယ်။စဉ်းစားရလို့ခေါင်းခြောက်မနေပါနဲ့တော့။ကမ်းခြေသွားမယ်ဆိုရင်ဘယ်လိုပုံစံလေးတွေဝတ်ဆင်ရမလဲ၊ပြီးတော့ ကမ်းခြေမှာအလှဆုံး ဖက်ရှင်ဒီဇိုင်းတွေနဲ့လန်းနေစေဖို့ ရွေးချယ်ရမယ့်ပုံစံလေးတွေပြောပြပေးသွားပါမယ်။

ပထမဆုံးအနေနဲ့ ပင်လယ်ကမ်းခြေသွားမယ်ဆိုရင် ဖက်ရှင်အရောင်ကိုအရင်စဉ်းစားရပါမယ်။ ကမ်းခြေနဲ့လိုက်ဖက်တာကတော့ အပြာရောင်၊အဖြူရောင်နဲ့လိမ္မော်ရောင်က အလိုက်ဖက်ဆုံးပါပဲ။  နေပူဒဏ်ကို အဖြူရောင်ကကာကွယ်ပေးနိုင်သလို ဓာတ်ပုံရိုက်မယ်ဆိုရင်ပေါ်လွင်စေမှာပါ။ အဲ့အရောင်ပါတဲ့အကျီတွေကိုများများထည့်သွားဖို့မမေ့နဲ့နော်။

ကမ်းခြေနဲ့အလိုက်ဖက်ဆုံးဝတ်စုံကတော့ ဂါဝန်လှလှလေးတွေပါ။ပုံထဲမှာပြထားတဲ့အတိုင်း ပန်းပွင့်လေးတွေ၊အရောင်လေးတွေစပ်ထားတဲ့ဂါဝန်တွေက ဓာတ်ပုံရိုက်ရင်လည်းပင်လယ်ပြင်ကြီးနဲ့လိုက်ဖက်လှပနေမှာပါ။

နောက်တစ်ခုလိုအပ်တာကတော့ ဦးထုပ်လှလှလေးနဲ့နေကာမျက်မှန်ပါ။ ကိုယ်နဲ့လိုက်ဖက်တဲ့ဦးထုပ်၊မျက်မှန်ပုံစံကိုရွေးချယ်ပါ။ဦးထုပ်အရောင်ကိုလည်း အဖြူ၊ပန်းရောင်၊အပြာရောင်၊အရောင်ဖျော့ဖျော့လေးတွေရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ 

လွတ်လပ်ပေါ့ပါးစွာဝတ်ဆင်ချင်တယ်ဆိုရင်လည်း ရိုးရိုးရှင်းရှင်းတီရှပ်အကျီလေးတွေ၊ အကျီလက်ရှည်အဖြူလေးတွေက ပင်လယ်ပြင်ကြီးနဲ့လိုက်ဖက်နေတာကိုမြင်တွေ့ရမှာပါ။ ဘောင်းဘီအရှည်၊အတိုကိုတော့ နှစ်သက်သလိုဝတ်ဆင်နိုင်ပါတယ်။ ဒူးအတိဘောင်းဘီလေးတွေက အမြင်လည်းမရိုင်းပဲ ပေါ့ပါးစေမှာပါ။ ကမ်းခြေမှာဆော့ကစားချင်တဲ့သူတွေကတော့ ပေါ့ပေါးပါးပါးတီရှပ်နဲ့ဂျင်းဘောင်းဘီကို ရွေးချယ်တာအကောင်းဆုံးပါ။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *