ပုခုံးကြွက်သားတွေနာကျင်တာပျောက်ကင်းစေဖို့လုပ်ဆောင်ရမယ့်နည်းလမ်း ၈ချက်

Shares 0

အလုပ်စားပွဲမှာအမြဲတမ်းထိုင်ပြီးအလုပ်လုပ်နေရတဲ့သူတွေဟာ မကြာခဏ ပုခုံးကြွက်သားတွေနာကျင် ကိုက်ခဲတာကိုခံစားရပါတယ်။ ကွန်ပျူတာစာရိုက်ခြင်း ၊ချက်ပြုတ်ခြင်း၊ ကလေးတွေကိုချီခြင်း ၊လေးလံတဲ့ပစ္စည်းတွေကိုမခြင်း၊ မတ်တပ်ရပ်ပြီး ပန်းကန်အကြာကြီးဆေးကြောခြင်းစတဲ့အလုပ်လုပ်သူတွေမှာ အဖြစ်များကြပါတယ်။ ပုခုံးကြွက်သားတွေ နာကျင်တာပျောက်ကင်းစေမယ့်နည်းလမ်း ၆ချက်ကိုပြောပြပေးချင်ပါတယ်။

၁။ရေခဲအိတ်ကပ်ပါ

ရေခဲက နာကျင်တာကိုလျှော့ချပေးပါတယ်။ ပုခုံးကြွက်သားတွေနာကျင်လာပြီဆိုရင်ရေခဲ တုံးလေးတွေကိုအ၀တ်နဲ့ထုပ်ပြီးဖြစ်စေ၊ရေခဲအိတ်ဖြစ်စေ ကပ်ထားပေးပါ။နာကျင်တဲ့နေရာကို ၁၅မိနစ်လောက်ကပ်ထားပါ။အားတဲ့အချိန်မှာလုပ်ပေးနိုင်ပြီးစုစုပေါင်းတစ်ရက်ကို ၂နာရီ လောက်ကြာအောင်ကပ်ထားပေးပါ။

၂။ရေနွေးအိတ်ကပ်ပါ

ရေခဲအလွယ်တကူမရှိရင် ရေနွေးကိုအသုံးပြုပေးနိုင်ပါတယ်။စဖြစ်ဖြစ်ချင်းတည်းက ကုသပေးရင်ပိုပြီးအကျိုးထိရောက်မှုရှိပါတယ်။ရေနွေးအိတ်ဖြစ်စေ၊ရေနွေးတည်ပြီးအိတ်အထူတစ်လုံးထဲထည့်ပြီးဖြစ်စေ နာကျင်တဲ့နေရာတစ်ဝိုက်ကို ၁၅မိနစ်လောက်ကြာအောင်ကပ်ပါ။ နာကျင်မှုပျောက်ပြီးသက်သာတဲ့အထိ ထပ်ခါတလဲလဲလုပ်ပေးနိုင်ပါတယ်။

၃။အနားပေးပါ

ပုခုံးကြွက်သားတွေကလည်းအလုပ်လုပ်ရတာများလို့နာကျင်တာဖြစ်တဲ့အတွက်အနားပေးသင့်ပါတယ်။ပုခုံးနောက်မှာရေနွေးအိတ်ကပ်ထားပြီးမှီထားပေးပါ။သက်တောင့်သက်သာဖြစ်အောင်နေပါ။ နာကျင်ကိုက်ခဲတာပျောက်ကင်းစေဖို့ နေ့တိုင်းနီးပါး အချိန်ပေးပြီးအနားယူပေးပါ။

၎။လေ့ကျင့်ခန်းလုပ်ပါ

ပုခုံးကြွက်သားတွေနာကျင်တာပျောက်ကင်းစေဖို့လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်။ကြွက်သားတွေကိုလေ့ကျင့်ခန်းလုပ်ပေးတာက နာကျင်တာကိုလျှော့ချပေးပြီးသွေးလည်ပတ်မှုကောင်းမွန်စေ ပါတယ်။မတ်မတ်ရပ်ထားပြီး ပုခုံးတွေကိုပဲအပေါ်ကိုမြင့်တင်ပေးပါ။တစ်ခါလုပ်ရင် ၁၀စက္ကန့်လောက်လုပ်ပေးပါ။နေ့တိုင်းပုံမှန် ၁၀မိနစ်လောက်လုပ်ပေးပါ။

၅။ဗီတာမင်ဒီ

ဗီတာမင်ဒီက ကြွက်သားတွေအတွက်လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ နာကျင်တာတွေကိုလျှော့ချပေးပြီး သန်မာစေပါတယ်။အဲ့ဒါကြောင့် ဗီတာမင်ဒီပါဝင်တဲ့အစားအစာတွေစားပါ။ တူနာငါး၊ဆယ်လ်မွန်ငါး၊ကြက်ဥအနှစ် ၊နွားနို့၊ပဲနို့၊လိမ္မော်ရည်တို့ကိုစားသုံးပေးနိုင်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်ပြီးဆေးလည်း သောက်ပေးနိုင်ပါတယ်။

၆။အစားစားပါ

နာကျင်မှုကိုလျှော့ချပေးပြီးအားဖြစ်စေတဲ့အစားအစာတွေစားပါ။ပုခုံးကြွက်သားနာကျင်တာကိုခံစားရပြီဆိုရင်အစားအစာတွေကိုရွေးချယ်စားသုံးပေးပါ။ဆယ်လ်မွန်ငါး၊သံလွင်ဆီ၊ဂျင်း၊နနွင်းမှုန့်၊လက်ဖက်စိမ်းလက်ဖက်ရည်၊ငရုတ်သီး၊သစ်ကြံ့ပိုးခေါက်၊ကြက်သွန်ဖြူ၊နာနတ်သီးစတဲ့ အစားအစာတွေက ကျန်းမာရေးအတွက်ကောင်းမွန်စေလို့ ပုံမှန်စားသုံးပေးသင့်ပါတယ်။

၇။အလေးအပင်တွေမသယ်ပါနဲ့

ပုခုံးကြွက်သားတွေနာကျင်နေတုန်းမှာ မနားပဲအလေးအပင်တွေဆက်ပြီးမနေမယ်ဆိုရင် ပိုပြီးဆိုးလာနိုင်ပါတယ်။အဲ့ဒါကြောင့် နာကျင်မှုကိုသက်သာစေမယ့်နည်းလမ်းတွေကိုလုပ်ရင်း ပစ္စည်းတွေကိုလည်းပေါ့ပါးတာပဲသယ်ပေးပါ။

၈။ခေါင်းအုံးအထူသုံးပါ

ညအိပ်တဲ့အခါ ပုခုံးနာကျင်တာကိုသက်သာစေဖို့ခေါင်းအုံးအထူအုံးပြီးအိပ်ပေးပါ။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *