တိရစ္ဆာန်လေးတွေကိုကြင်နာသနားတတ်တဲ့အမျိုးသားတွေက တခြားသူတွေထက်နှလုံးသားနူးညံ့ဖြူစင်သူတွေဖြစ်ကြောင်းလေ့လာသိရှိ

Shares 6

တိရစ္ဆာန်လေးတွေကိုချစ်ခင်တတ်တာဟာ များသောအားဖြင့်အမျိုးသမီးတွေသာဖြစ်ကြပါတယ်။အမျိုးသားတွေထဲမှာ တိရစ္ဆာန်လေးတွေနဲ့အတူဆော့ကစားပျော်ရွှင်တဲ့သူဆိုတာရှားပါတယ်။သူတို့ရဲ့ အလုပ်၊အားကစား၊ပျော်ပွဲရွှင်ပွဲတွေနဲ့သာအချိန်ကုန်ဆုံးကြပါတယ်။

အမျိုးသားတွေအကြောင်းလေ့လာဆန်းစစ်တဲ့အခါမှာတော့ တိရစ္ဆာန်လေးတွေအပေါ်ကြင်နာ သနားတတ်တဲ့အမျိုးသားတွေဟာ တခြားအမျိုးသားထက်ပိုပြီးစိတ်ရှည်ပြီး နူးညံ့တဲ့နှလုံးသားရှိကြတယ်လို့သိရပါတယ်။သူတို့က တိရစ္ဆာန်လေးတွေအပေါ်မှာ နွေးနွေးထွေးထွေးဆက်ဆံတတ်ပြီး သူတို့နဲ့သာ အချိန်ပေးဆော့ကစားကြပါတယ်။ခွေးလေးတွေ ၊ကြောင်လေးတွေ ဒုက္ခရောက်နေတာမြင်ရင်လည်းမနေနိုင်ပဲကယ်တင်ကြပါတယ်။

တစ်ခါကမီးသတ်သမားတစ်ယောက်ဟာ မွေးဖွားပြီးစကြောင်မကြီးအသက်မရူနိုင်တာတွေ့လို့ သူတတ်နိုင်သလောက်ကူညီပေးခဲ့ပါတယ်။တခြားသူတွေသာဆိုရင် မလုပ်တတ်ဘူးဆိုပြီးရှောင်သွားကြမှာပါ။ သူကတော့တိရစ္ဆာန်လေးတွေအပေါ်မရက်စက်နိုင်ပဲကူညီပေးခဲ့ပါတယ်။

ရဲသားကြီးတစ်ယောက်ဟာလည်း ကားလမ်းမပေါ်မှာထွက်ပြေးနေတဲ့ခွေးသေးသေးလေးကို ကားတိုက်မိမှာစိုးလို့ ကားပေါ်ကဆင်းပြီး လမ်းဘေးကိုချပေးခဲ့ပါတယ်။မြင်ရက်နဲ့ကျော်သွားတဲ့သူတွေရှိသလို နှလုံးသားနူးညံ့တဲ့သူတွေကတော့စိုးရိမ်ပူပန်ပြီးကယ်တင်ပေးကြပါတယ်။

အဘိုးတစ်ယောက်ဟာလည်းရေတွေကြီးနေလို့မသွားနိုင်တဲ့ခွေးလေးကိုချီပြီးဖြတ်ကူးခဲ့ပါတယ်။ရေကြီးနေတဲ့အချိန်လူတွေ အကုန်ဒုက္ခရောက်နေကြသလို တိရစ္ဆာန်လေးတွေကလည်း ဘယ်သူမှကယ်ဆယ်မယ့်သူမရှိပါဘူး။အဘိုးကတော့ ခွေးလေးကိုရေလွတ်တဲ့နေရာထိရွေ့ပေးခဲ့ပါတယ်။

အဲ့ဒီလူတွေဟာ တိရစ္ဆာန်လေးတွေအပေါ်ကြင်နာသနားတတ်သလို လူသားအချင်းချင်းအပေါ်မှာလည်းနွေးနွေးထွေးထွေးဆက်ဆံတတ်ကြပါတယ်။ ချစ်သူမိန်းကလေးရှိရင်လည်းအဲ့ဒီမိန်းကလေးက အရမ်းကိုကံကောင်းပါတယ်။ စိတ်ရှည်ပြီးနွေးထွေးသဘောကောင်းတဲ့ချစ်သူတစ်ယောက်ကိုပိုင်ဆိုင်ထားရလို့ပဲဖြစ်ပါတယ်။

 

Shares 6
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *