ခွေးလေးတွေအတွက် ပန်းသီးရှာလကာရည်ရဲ့အသုံးဝင်ပုံ ၆မျိုး

Shares 87

ပန်းသီးရှာလကာရည်က လူသားတွေအတွက်အကျိုးရှိရုံသာမက ခွေးလေးတွေအတွက်ပါအရမ်းကိုအသုံးဝင်ပါတယ်။ ခွေးမွေးထားတဲ့သူတွေအတွက် ရှာလကာရည်ရဲ့ အသုံးဝင်ပုံတွေကိုပြောပြပေးချင်ပါတယ်။

၁။ခွေးလေးတွေကပြေးလွှားဆော့ကစားရင်ခန္ဓာကိုယ်မှာ ပိုးမွှားတွေကပ်ညှိလာနိုင်ပါတယ်။သူတို့ရဲ့ သခင်တွေကလည်းပိုးမွှားတွေကိုရှာပြီးရေမိုးချိုးသန့်စင်ပေးရပါတယ်။အခုကိုယ်တိုင်ရှာစရာမလိုပဲ သူ့အလိုလိုကွာကျသွားစေမယ့်နည်းလမ်းလေးကတော့ ရှာလကာရည်အနည်းငယ်နဲ့ရေကိုရောစပ်ပြီးဖြန်းဘူးထဲထည့်ပါ။ ပြီးရင် လှုပ်ခါပြီး ခွေးလေးတွေကိုဖြန်းပေးပါ။တစ်ပတ်ကိုသုံးလေးခါလောက်လုပ်ပေးမယ်ဆိုရင် ပိုးမွှားတွေကွာကျပြီးရောဂါပိုးတွေအလွယ်တကူမ၀င်လာနိုင်တော့ပါဘူး။

၂။ခွေးလေးတွေမှာအများဆုံးဖြစ်တတ်တဲ့အနာတွေကိုလည်း ကာကွယ်ကုသနိုင်ပါတယ်။       ပန်းသီးရှာလကာရည်တစ်ခွက် နဲ့ရေတစ်ခွက်ရောပါ။ပြီးရင် ခွေးလေးတွေရဲ့အနာပေါ်မှာ ဖြန်းပေးပါ။ရေဆေးမချပဲ ခြောက်တဲ့အထိထားပါ။အနာကျက်ပြီးပျောက်ကင်းသွားတဲ့အချိန်ထိ တစ်ပတ်ကိုသုံးခါလုပ်ပေးနိုင်ပါတယ်။

၃။ခွေးလေးတွေက အမြဲတမ်းယားယံနေလို့ သူတို့ရဲ့ ခန္ဓာကိုယ်ကိုလှည့်ပတ်ပြီးလျှာနဲ့ယက်တတ်ကြပါတယ်။ ခန္ဓာကိုယ်ယားယံတာတွေပျောက်ကင်းစေဖို့ ရှာလကာရည်ကိုသုံးလို့ရပါတယ်။ရှာလကာရည် စားပွဲတင်ဇွန်း၃ဇွန်းနဲ့ရေတစ်ခွက်ရောထားပါ။ခွေးလေးကိုရေမိုးချိုးသန့်စင်ပြီးသွားရင် မျက်စိထဲမ၀င်အောင်သတိထားပြီးလောင်းချပေးပါ။ပြီးရင်အ၀တ်စလေးနဲ့ဖြည်းဖြည်းချင်းသုတ်ပေးပါ။ တစ်ပတ်ကိုသုံးခါလောက်လုပ်ပေးရင် ယားယံတာတွေပျောက်သွားပြီးပျော်ရွှင်စွာဆော့ကစားနေတာကိုမြင်တွေ့ရမှာပါ။

၎။ခွေးလေးတွေကို သန်းကိုက်မခံရအောင် ရှာလကာရည်နဲ့ရေနဲ့ရောမွှေပြီးဘူးထဲထည့်ပါ။ပြီးရင်ခွေးလေးတွေကို တစ်ရက်ကို သုံးလေးကြိမ်ဖြန်းပေးနိုင်ပါတယ်။

၅။လူသားတွေလိုပဲ ခွေးလေးတွေကလည်းအဆစ်ရောင်ရောဂါကိုခံစားရပါတယ်။သူတို့ရဲ့ အရိုးအဆစ်တွေကိုသန်မာကျန်းမာစေဖို့ ရှာလကာရည်ကိုသုံးပေးပါ။ပန်းသီးရှာလကာရည်တစ်ခွက် ကိုရေနွေးနဲ့ရောစပ်ပါ။ပြီးရင်အ၀တ်စလေးနှစ်ထားပါ။ စိုစွတ်နေတဲ့အ၀တ်စနဲ့ ခွေးလေးတွေရဲ့ အရိုးအဆစ်           တွေအပေါ်မှာ ၁၀မိနစ်လောက်အုပ်ပေးထားပါ။တစ်ရက်ကို ၂ကြိမ်မှ ၃ကြိမ်လုပ်ပေးလို့ရပါတယ်။မကြာခင်ပြန်ပြီးသက်သာကောင်းမွန်သွားတာကိုမြင်တွေ့ရမှာပါ။

၆။နားရောဂါတွေမဖြစ်ပွားအောင်ကာကွယ်ပေးနိုင်ပါတယ်။ ခွေးလေးတွေရဲ့နားထဲမှာဘတ်တီးရီးယားပိုးမွှားတွေရှိတတ်ပါတယ်။ အဲ့ဒါကြောင့်နားနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရနိုင်ပါတယ်။ရှာလကာရည်နဲ့ရေကိုအချိုးညီညီပေါင်းစပ်ပြီး ဖြန်းဘူးထဲထည့်ပါ။ပြီးရင်ခွေးလေးရဲ့နားရွက်ထဲကို ၁၀စက်လောက်ဖြည်းဖြည်းချင်းထည့်ပေးပါ။ ပြီးရင်ဂွမ်းလုံးသုံးပြီးနားရွက်တွေကိုသန့်ရှင်းပေးပါ။တစ်ရက်ကို ၁ခါပုံမှန်လုပ်ပေးမယ်ဆိုရင်မကြာခင်ရောဂါ ကင်းရှင်းသွားမှာပါ။နားထဲမထည့်ခင် ခွေးလေးတွေရဲ့ နားရွက်နီနေလားဆိုတာအရင်ကြည့်ပေးပါ။ နားရွက်တွေနီနေမယ်၊တစ်ခုခုထူးခြားနေမယ်ဆိုရင် တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့အရင်ပြသသင့်ပါတယ်။

Shares 87
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *