ပထမဆုံးရုံတင်တဲ့ရက်မှာတင် ကြည့်ရှုသူအများဆုံးစံချိန်တင်သွားခဲ့တဲ့ V.I.P

Shares 164

V.I.P ဇာတ်ကားကို သြဂုတ်လ ၂၃ရက်နေ့က ရုပ်ရှင်ရုံတွေမှာစတင်ပြသခဲ့ပါတယ်။အရင်ရက်တွေက Taxi Driver ဇာတ်ကားဟာ ကြည့်ရှုသူအများဆုံးစံချိန်ပထမရခဲ့ပါတယ်။အခု V.I.Pဇာတ်ကားရုံတင်တဲ့အခါမှာတော့ လက်မှတ်စုစုပေါင်း ၁၀သန်းရောင်းချရပြီး ကြည့်ရှုသူ ၁၇၄၀၂၃ ယောက်ရှိတယ်လို့သိရပါတယ်။

V.I.Pဇာတ်ကားဟာ စံချိန်တင်ပထမရရှိခဲ့ပြီး Taxi Driver ဇာတ်ကားက ဒုတိယနေရာရရှိခဲ့ပါတယ်။Midnight Runnersကတော့ နံပတ်သုံးနေရာကိုရရှိထားပါတယ်။

V.I.Pဇာတ်ကားမှာ မင်းသားလီဂျောင်ဆုတ်၊ ကင်မြောင်မင်၊ဂျန်ဒေါင်ဂန်(ဒါရိုက်တာရင်)နဲ့ပတ်ဟီဆွန်းတို့ ပါဝင်သရုပ်ဆောင်ထားကြပြီး စိတ္တဇလူသတ်သမားဇာတ်လမ်းတွဲဖြစ်တာကြောင့် ပရိသတ်တွေလည်းအထူးကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။ကြည့်ရှုခံစားနိုင်အောင် Trailer videoလေး ဖော်ပြပေးလိုက်ပါတယ်။

 

Shares 164
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *