နေလောင်ဒဏ်ရာအတွက်အကောင်းဆုံးသဘာဝနည်းလမ်း ၆မျိုး

Shares 160

နွေရာသီမှာ အမိုးအကာမပါပဲအပြင်ထွက်မိရင် အနည်းနဲ့အများနေလောင်ဒဏ်ကိုခံစားရမှာပါ။ အထူးသဖြင့်လက်၊လည်ပင်းနဲ့ခြေထောက်တွေနီလာတာပဲဖြစ်ပါတယ်။နေပူထဲကပြန်လာပြီး ခဏကြာတဲ့အခါ ရေများများသောက်ပေးတာက ခန္ဓာကိုယ်ထဲကဆုံးရှုံးသွားတဲ့ရေဓာတ်တွေကိုပြန်ပြီးဖြည့်ဆည်းပေးပါတယ်။အခု နေလောင်ထားတဲ့အသားအရည်ကိုပြန်ပြီးကုသဖို့အတွက်လွယ်ကူအသုံးဝင်တဲ့သဘာဝနည်းလမ်းတွေကိုပြောပြပေးမှာပါ။ ဘာတွေလဲဆိုတော့…

၁။အာလူး

အာလူး၂လုံးလောက်ယူပြီး ဓားနဲ့ပါးပါးလှီးပါ။ပြီးရင်ရေဆေးပြီးမွှေစက်ထဲထည့်မွှေပါ။အရမ်းပျစ်နေရင်ရေနည်းနည်းထည့်ပေးလို့ရပါတယ်။ပြီးရင် ဂွမ်းလုံးကိုသုံးပြီး နေလောင်ထားတဲ့နေရာကိုသုတ်လိမ်းပေးပါ။အချိန်မရဘူးဆိုရင် အာလူးကိုပါးပါးလှီးပြီး နေလောင်ဒဏ်ရာပေါ်ကိုအုပ်ထားပေးလို့ရပါတယ်။၁၅မိနစ်လောက်အုပ်ထားပြီးရင်တော့ နေလောင်ထားလို့နီရဲနေတာတွေကိုသက်သာပျောက်ကင်းစေပါတယ်။

၂။မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကတော့အလှအပအတွက်၊အရေပြားအတွက်အရမ်းကိုအသုံးဝင်တဲ့သဘာဝပစ္စည်းကောင်းတစ်ခုပါပဲ။ မုန့်ဖုတ်ဆိုဒါနည်းနည်းကိုရေအေးနဲ့ရောစပ်ပါ။ပြီးရင်နေလောင်ထားတဲ့နေရာကိုဖြည်းဖြည်းချင်းသုတ်လိမ်းပါ။ ၁၀မိနစ်လောက်ထားပြီးရင် ရေနဲ့ပြန်ပြီးသန့်စင်ပေးနိုင်ပါတယ်။

၃။ရှားစောင်းလက်ပက်

အခုဆိုရင်ရှားစောင်းလက်ပက်ဂျယ်ကို ဆိုင်တော်တော်များများမှာဝယ်ယူရရှိနေပါပြီ။ အလွယ်တကူယူလိမ်းနိုင်တာကြောင့်လွယ်ကူပြီးအကျိုးရှိပါတယ်။နေလောင်ထားတဲ့လက်၊လည်ပင်းတွေကို ရှားစောင်းလက်ပက်ဂျယ်လိမ်းပေးမယ်ဆိုရင်အေးမြချောမွေ့ပြီး နေပူလောင်တာကိုခဏလေးနဲ့သက်သာပျောက်ကင်းစေပါတယ်။

၎။ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်အနည်းငယ်ကိုဂွမ်းလေးနဲ့စွတ်ပြီးနေလောင်ထားတဲ့နေရာကိုအသာအယာသုတ်လိမ်းပါ။ ခြောက်သွားတဲ့အထိထားပါ။၁၀မိနစ်လောက်ထားပြီးရင် ရေသန့်သန့်လေးနဲ့ပြန်ဆေးပေးပါ။

၅။ဒိန်ချဉ်

ပထမဆုံးလက်ကိုစင်ကြယ်စွာဆေးပါ။ပြီးရင် ဒိန်ချဉ်အဖြူသက်သက်ကို လိုသလောက်ယူပြီး နေလောင်ထားတဲ့ဒဏ်ရာကိုသုတ်လိမ်းပေးပါ။၅မိနစ်လောက်ထားပြီးရင်ရေအေးအေးလေးနဲ့ဆေးချပါ။

၆။သခွားသီး

သခွားသီးက အသားအရည်ကိုချောမွေ့စေတဲ့အပြင် အအေးဓာတ်လည်းရှိတာကြောင့် နေလောင်ဒဏ်ရာတွေအပေါ်ကိုသခွားသီးပါးပါးလှီးပြီးကပ်ပေးလို့ရသလိုသခွားသီးကိုမွှေစက်ထဲ ထည့်ပြီးအရည်ရလာတဲ့အခါ အ၀တ်စ၊ဂွမ်းတစ်ခုခုသုံးပြီးလိမ်းပေးလို့ရပါတယ်။

Cut cucumber

 

Shares 160
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *