မျက်ကွင်းညိုလို့စိတ်ညစ်နေတဲ့ ပန်ဒါမလေးတွေအတွက် (၇)ရက်အတွင်းသိသာ စေမယ့် နည်းလမ်း

Shares 236

မျက်ကွင်းညိုခြင်းကို မိန်းကလေးတိုင်းလိုလို သဘောမကျကြပါဘူး။ မိတ်ကပ်
လိမ်းတဲ့အခါ ညိုမဲလွန်းတဲ့မျက်ကွင်းကို ဖုံးဖိရတာ စိတ်မရှည်နိုင်ပါ။ ဈေးကြီးတဲ့
eyes creamတွေဝယ်ဖို့ နှမြောတဲ့ ပန်ဒါမလေးတွေအတွက် အိမ်ကပစ္စည်းလေး
တွေနဲ့ပဲ မျက်ကွင်းညိုခြင်း သက်သာအောင်လုပ်နိုင်ပါတယ်။ အလှပရေးရာ
ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်ကတော့ အသီးအရွက်များများစားပေးခြင်း၊
အိပ်ရေးဝအောင်လည်း အိပ်ပေးရပါမယ်တဲ့။
လတ်တလော လွယ်ကူစွာရနိုင်တဲ့ပစ္စည်းလေးတွေကိုပဲ အသုံးပြုပြီး
မျက်ကွင်းညိုခြင်း သက်သာစေမယ့်နည်းလမ်းဖော်ပြပေးလိုက်ပါမယ်။

နှင်းဆီရည်


နှင်းဆီရည်က အစိုဓာတ်နဲ့အာဟာရဓာတ်ကိုဖြည့်ပေးနိုင်သဖြင့် မျက်လုံးဖောင်း
အစ်ခြင်း၊ မျက်လုံးနီမြန်းခြင်း၊ ယားယံခြင်းနဲ့ မျက်ကွင်းညိုခြင်းတို့ကို သက်သာ
စေပါတယ်။ စတိုင်းဆိုင်နဲ့ ဆေးဆိုင်တွေမှာ နှင်းဆီရည်ကိုအလွယ်တကူ
ဝယ်ယူနိုင်ပါတယ်။ တကယ်လို့ ဝယ်မရရင် ကိုယ်တိုင်အိမ်မှာလုပ်နိုင်ပါတယ်။
နှင်းဆီရည် ပြုလုပ်ဖို့အတွက်
– နှင်းဆီပွင့်ချပ်လွှာတွေနဲ့ ရေနွေးနွေးလေး တစ်ခွက်လိုအပ်ပါတယ်။

နှင်းဆီပွင့်ချပ်လွှာတွေကို ရေနဲ့ဆေးပြီးနောက် လက်ကိုင်ဒယ်ထဲ ထည့်ထားပါ။
ရေနွေးနွေးလေးကို လောင်းထည့်ပြီး အအေးခံပါ။ နောက်ရရှိလာတဲ့ နှင်းဆီရည်
တွေကို ဘူးတစ်ဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ကာ အသုံးပြုနိုင်ပါပြီ။

သံလွင်ဆီ


သံလွင်ဆီကို သင်ညအိပ်ရာဝင်ခါနီးတိုင်း လိမ်အိပ်ပေးမယ်ဆို မျက်ကွင်းညို
ခြင်းနဲ့မျက်လုံးဖောင်းအစ်ခြင်းကို သက်သာစေပါတယ်။

အာလူး


အာလူးမှာ ဗီတာမင်စီပါဝင်တဲ့အတွက် သင့်မျက်ကွင်းတွေကို သဘာဝတိုင်း
ဖြူဝင်းလာစေမှာဖြစ်ပါတယ်။ အာလူးကို ပါးပါးလေးလှီးပြီး မျက်လုံးတစ်ဝှိက်နား
ကို ၁ဝမိနစ်.. ၁၅မိနစ်ကြာကပ်ပေးထားနိုင်ပါတယ်။

သခွားသီး


သခွားသီးမှာ အသားကိုဖြူဝင်းစေတဲ့ ဓာတ်တွေများစွာပါဝင်တာကြောင့်
မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။ သိပြီးတဲ့သူတွေလည်း ရှိမှာပါ။
သခွားသီးကို ပါးပါးလေးလှီးပြီး မျက်ကွင်းတစ်ဝှိက်နားကို မိနစ်(၃ဝ)ကြာကပ်
ပေးပါ။ တစ်ပတ်တစ်ခါလောက် မျက်နှာကိုပေါင်းတင်ခြင်းလည်းပြုလုပ်နိုင်ပါ
တယ်။

ခရမ်းချဉ်သီးဖျော်ရည်


ခရမ်းချဉ်သီးမှာ lycopene နဲ့ antioxidant ပါဝင်တာကြောင့် သင့်အသားရေကို
ကြည်လင်တောက်ပလာစေပါတယ်။
ခရမ်းချဉ်သီးဖျော်ရည်ကို ဒီတိုင်းလည်း သောက်နိုင်သလို..၊ အနှစ်ကိုယူကာ
မျက်ကွင်းညိုတဲ့တစ်ဝှိက်ကို ၁ဝမိနစ်လောက် သုတ်လိမ်းပေးပါ။ ပြီးနောက်
ရေအေးအေးလေးနဲ့ ဆေးချပေးပါ။ နှစ်ပတ်လောက် ဆက်တိုက်လုပ်ပေးမယ်ဆို
သိသာတဲ့ ရလဒ်ကိုရပါလိမ့်မယ်။

နှိပ်နယ်ပေးခြင်း


ဒီနည်းလမ်းက သင့်မျက်ကွင်းညိုခြင်းကို လျော့ကျစေရုံတင်မက သင့်အမြင်အာ
ရုံကိုလည်း ကြည်လင်လာစေပါတယ်။
– လက်ချောင်းလေးတွေနဲ့ မျက်လုံးအောက်တစ်ဝှိက်ကို ညှင်သာစွာ ၂- ၃မိနစ်
လောက် နှိပ်နယ်ပေးပါ။ နှိပ်နယ်ပြီးရင်တော့ eye cream လေးလိမ်းပေးပါက ပိုအကျိုးသက်ရောက်မှုကောင်းပါတယ်။

Shares 236
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *