ဆားဝက်ခြံတွေအမြန်ဆုံးပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းကောင်း ၆မျိုး

Shares 307

ဆားဝက်ခြံရှိနေတဲ့သူတွေအတွက် အမြန်ဆုံးပျောက်ကင်းသွားနိုင်မယ့် သဘာဝနည်းလမ်း ၆မျိုးကိုပြောပြပေးချင်ပါတယ်။ငွေကုန်ကြေးကျလည်းမများသလို အိမ်မှာထိုင်ပြီးအေးအေးဆေးဆေးလုပ်ရုံပဲမို့လို့ အကြိုက်တွေ့ကြမှာပါ။

၁။ကြက်ဥ

ကြက်ဥကိုခွဲပြီးအကာနဲ့အနှစ်ကိုသက်သက်စီထားပါ။ပြီးရင်ကြက်ဥအကာကိုနည်းနည်းယူပြီးဆားဝက်ခြံရှိတဲ့နေရာကို လိမ်းပေးပါ။ပြီးရင် မျက်နှာသုတ်တစ်ရှူးစလေးကိုအပေါ်ကနေအုပ်ပါ။နည်းနည်းလေးခြောက်သွားပြီဆိုရင် တစ်ရှူးအပေါ်ကနေ ကြက်ဥအကာနည်းနည်းထပ်သုတ်ပါ။ပြီးရင်တစ်ရှူးစထပ်အုပ်ပါ။အဲ့ဒီလို သုံးထပ်လောက်လုပ်ပြီး ၁၅မိနစ်လောက်ထားပါ။တစ်လွှာချင်းစီကိုခြောက်အောင်ထားပြီးမှထပ်သုတ်ပါ။အဲ့ဒါမှခွာတဲ့အခါ ဆားဝက်ခြံတွေကပ်ပါသွားတာကိုမြင်တွေ့ရမှာပါ။

၂။သံပုရာသီး

သံပုရာသီးတစ်လုံးကိုအရည်ညှစ်ပြီးခွက်တစ်လုံးထဲထည့်ပါ။ပြီးရင် ဂွမ်းလုံးလေးနဲ့ဆွတ်ပြီးဆားဝက်ခြံရှိတဲ့နေရာကိုကပ်ထားပါ။ညအိပ်ရာမ၀င်ခင်လုပ်ပေးပါ။မနက်နိုးလာရင်ရေနွေးနွေးလေးနဲ့သစ်ပေးပြီး အစိုဓာတ်ထိန်းကရင်မ်လိမ်းပေးပါ။ကျန်သေးတဲ့သံပုရာရည်တွေကို ရေခဲသေတ္တာထဲထည့်ထားပြီး တစ်ပတ်ကို ၃ကြိမ်သုံးပေးလို့ရပါတယ်။

၃။ပျားရည်နဲ့နွားနို့

ပျားရည်တစ်ဇွန်းနဲ့နွားနို့တစ်ဇွန်းကိုရောပါ။ပြီးရင် ၁၀မိနစ်လောက်အပူပေးထားပါ။အပူပေးပြီးတဲ့အခါ ပျစ်နှစ်နေအောင်မွှေပြီး အပူချိန်နည်းသွားတဲ့အခါ ဆားဝက်ခြံနေရာကိုကပ်လို့ရပါပြီ။ပြီးရင်အပေါ်ကနေ တစ်ရှူးစလေးအုပ်ပေးပါ။ မိနစ် ၂၀လောက်ထားပြီးရင် ဖြည်းဖြည်းချင်းခွာပြီးရေအေးနဲ့ဆေးချပါ။တစ်ပတ်ကို တစ်ခါပုံမှန်လုပ်ပေးရင်ဆားဝက်ခြံတွေသိသိသာသာနည်းလာပါလိမ့်မယ်။

၎။သစ်ကြံ့ပိုးခေါက်နဲ့ပျားရည်

သစ်ကြံ့ပိုးခေါက်မှုန့်အနည်းငယ်နဲ့ပျားရည်ကိုရောမွှေပါ။ပြီးရင် ဆားဝက်ခြံရှိတဲ့နေရာကိုပါးပါးလေးလိမ်းပါ။လိမ်းပြီးရင် တစ်ရှူးစဖြစ်ဖြစ်၊အ၀တ်စပါးပါးလေးဖြစ်ဖြစ်ကပ်ထားပါ။၅မိနစ်လောက်ထားပြီးရင် ရေဆေးချပါ။အားလုံးပြီးရင် အစိုဓာတ်ထိန်းကရင်မ်နည်းနည်းလောက်လိမ်းပေးထားပါ။

၅။ရေနွေး

အရမ်းအလုပ်များပြီး အချိန်မပေးနိုင်တဲ့သူတွေအတွက် ရေနွေးလေးနဲ့ကုသပေးတာကလည်းထိရောက်ပါတယ်။ ရေနွေးပွက်ပွက်ဆူအောင်တည်ထားပါ။သင့်ရဲ့ခေါင်းကို မျက်နှာသုတ်ပုဝါနဲ့ပတ်ထားပြီး ၁၀မိနစ်လောက်ရေနွေးငွေ့ခံပေးပါ။အပူမလောင်အောင်သတိထားပြီးလုပ်ပါ။ပြီးသွားရင် သန့်စင်တဲ့အ၀တ်စတစ်ခုကိုသုံးပြီးရေနွေးနွေးလေးနဲ့မျက်နှာကိုသုတ်ပေးပါ။တစ်ပတ်ကို ၃ကြိမ်လုပ်ပေးမယ်ဆိုရင်ဆားဝက်ခြံတွေမကြာခင်ပျောက်သွားတာကိုမြင်တွေ့ရမှာပါ။

၆။မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါနည်းနည်းကိုယူပြီးရေနဲ့ရောပါ။ပြီးရင်ဆားဝက်ခြံနေရာကိုလိမ်းပေးပါ။မုန့်ဖုတ်ဆိုဒါက ဟိုးအတွင်းပိုင်းအရေပြားအထိစိမ့်ဝင်သွားနိုင်ပြီးမကောင်းတဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့သဘာဝပစ္စည်းတစ်ခုပါ။မုန့်ဖုတ်ဆိုဒါလိမ်းပြီး ၁၅မိနစ်လောက်ကြာရင် ရေဆေးချပြီး မျက်နှာကိုအစိုဓာတ်ထိန်းကရင်မ်တစ်ခုခုလိမ်းပေးဖို့မမေ့ပါနဲ့။

 

Shares 307
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *