လူသတ်ကားကို တစ်မျိုးဆန်းသစ်အောင်ရိုက်ကူးထားတဲ့ ” Happy Death Day”

Shares 39

 

Happy Death Day ရုပ်ရှင်ဟာ အမေရိကန်သည်းထိတ်ရင်ဖိုဇာတ်ကား
ဖြစ်ပြီး ဒါရိုက်တာ Christopher B.Landon နဲ့ ဇာတ်ညွန်း Scott Lobdell
တို့ရိုက်ကူးထားတာဖြစ်ပါတယ်။ Jessica Rothe, Israel Broussard, Ruby Modine, Rob Mello နဲ့ Annika Harris တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။
Universal Pictures မှ ၂ဝ၁၇ အောက်တိုဘာ (၁၃)ရက်နေ့တွင် ထွက်ရှိမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
ရုပ်ရှင်ထဲတွင် မျက်နှာဖုံးတပ်ထားတဲ့လူတစ်ယောက်ဟာ မင်းသမီးကို ထပ်ခါ
တစ်လဲလဲ သူမရဲ့မွေးနေ့မှာ လိုက်သတ်နေတာဖြစ်ပါတယ်။ သူမကို ဘယ်သူက ဘာကြောင့် ထပ်တလဲလဲသတ်ချင်နေရတာလဲဆိုတဲ့ အကြောင်းရင်းကိုဖော်ထုတ်ရင်း သည်းထိတ်ရင်ဖိုကြည့်ရှုသွားရမှာဖြစ်ပါတယ်။ အောက်မှ
ရုပ်ရှင် Trailer ဖော်ပြပေးလိုက်ပါတယ်။

Shares 39
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *