အင်္ကျီမှာ ချိုင်းချွေးကွက်စွန်းထင်းနေတာတွေပျောက်သွားအောင် ဘယ်လိုလုပ်ရမလဲ?

Shares 349

ဒီတစ်ခေါက်မှာတော့ အကျီတွေမှာ ချွေးကွက်စွန်းထင်းတတ်တဲ့သူတွေအတွက်နည်းလမ်းကောင်းလေး ပြောပြပေးသွားမှာပါ။ချိုင်းချွေးထွက်များတယ်ဆိုရင် အကျီတွေမှာ ချွေးတွေစွန်းကွက်နေမှာအသေအချာပါပဲ။ပြီးတော့အကျီအဖြူဆိုရင်ပိုပြီးသိသာပါတယ်။ချွေးကွက်တွေက သေချာမလျှော်ဖွပ်ဘူးဆိုရင်ချိုင်းမှာအကွက်အရာကြီးဖြစ်ကျန်နေမှာပါ။အဲ့ဒါကြောင့်အကျီအဖြူတွေမှာ ချွေးကွက်တွေဖြစ်နေတယ်ဆိုရင်ဒီနည်းလမ်းလေးအတိုင်း စမ်းသပ်ပြီးလျှော်ဖွပ်ကြည့်ပါ။

လိုအပ်တဲ့ပစ္စည်းတွေကတော့

ရှာလကာရည် ၁ခွက်

မုန့်ဖုတ်ဆိုဒါ ခွက်တစ်ဝက်

ဆား စားပွဲတင်ဇွန်းတစ်ဇွန်း

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် စားပွဲတင်ဇွန်းတစ်ဇွန်း

၁။ချွေးကွက်နေတဲ့အကျီကိုအရင်ဆုံးရေဇလားထဲထည့်ပါ။ပြီးရင် ရှာလကာရည်ထည့်ပါ။ရေနွေးနှစ်ခွက်ထည့်ပါ။နာရီဝက်လောက်စိမ်ထားပါ။

၂။မုန့်ဖုတ်ဆိုဒါ၊ဆားနဲ့ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကိုပျစ်လာတဲ့အထိမွှေပါ။နာရီဝက်ပြည့်သွားရင်အကျီကိုထုတ်ပါ။ ရောမွှေထားတာတွေကို ဖြည်းဖြည်းချင်းသုတ်ပေးပါ။ပြီးရင်နောက်ထပ် မိနစ် ၂၀လောက်ထားပါ။အားလုံးပြီးပြီဆိုရင်တော့ ရေဆေးချလို့ရပါပြီ။လွယ်ကူသက်သာတဲ့နည်းလမ်းလေးမို့ အကျီတွေချွေးကွက်စွန်းထင်းခဲ့ရင်ဒီနည်းလမ်းလေးကိုသုံးကြည့်ဖို့အကြံပြုချင်ပါတယ်။

Shares 349
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *