၂၀၁၇ အတွက် ၀င်ငွေအများဆုံးမင်းသမီးစာရင်းမှာထိပ်ဆုံးကပါဝင်ခဲ့တဲ့ မင်းသမီးအမ်မာစတုန်း

Shares 0

La La Land ဇာတ်ကားနဲ့အော်စကာဆုရရှိထားတဲ့မင်းသမီး အမ်မာစတုန်းဟာ ဟောလိဝုဒ်က ၀င်ငွေအကောင်းဆုံးမင်းသမီးစာရင်းမှာ ထိပ်ဆုံးကပါဝင်ခဲ့တယ်လို့သိရပါတယ်။အသက် ၂၈နှစ်အရွယ်မင်းသမီးအမ်မာစတုန်းဟာ ဒီတစ်နှစ်လုံးမှာ စုစုပေါင်း ဒေါ်လာ ၂၆သန်းဝင်ငွေရရှိခဲ့ပါတယ်။

အမ်မာစတုန်းပါဝင်သရုပ်ဆောင်ခဲ့တဲ့ La La Land ဇာတ်ကားဟာ အရမ်းကိုအောင်မြင်ခဲ့ပြီး စုစုပေါင်းဝင်ငွေ ဒေါ်လာ ၄၄၅သန်းရရှိခဲ့ပါတယ်။သူမက Battle of the Sexes ဇာတ်ကားကို စတိဗ်ကာရယ်နဲ့အတူတွဲဖက်ရိုက်ကူးထားခဲ့ပါတယ်။ အခုလောလောဆယ်မှာလည်း ဂျွန်ဟေးလ်နဲ့အတူတွဲဖက်ပြီး ရုပ်ရှင်ရိုက်ကူးနေတယ်လို့သိရပါတယ်။

သူမရဲ့ နောက်မှာတော့ မင်းသမီးဂျန်နီဖာအန်နီစတန်က ဒေါ်လာ ၂၅.၅သန်းနဲ့ လိုက်ပါနေပါတယ်။မနှစ်တုန်းက ပထမနေရာရောက်ခဲ့တဲ့မင်းသမီးဂျန်နီဖာလောရင့်စ်ကတော့ ဒေါ်လာ ၂၄သန်းနဲ့တတိယနေရာရခဲ့ပါတယ်။ မင်းသမီးအမ်မာဝက်ဆန်ကတော့ Beauty and the Beast ဇာတ်ကားရိုက်ကူးခဲ့ပြီး နံပါတ် ၆နေရာကိုရရှိခဲ့တယ်လို့သိရပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *