ရိုးသားခြင်းဟာ ဘာကြောင့်အကောင်းဆုံး မူဝါဒီတစ်ခုဖြစ်ရတာလဲ..

Shares 0

ခက်ခဲတဲ့အခြေအနေ၊ ကိုယ့်ရဲ့ခံစားချက်ကို(သို့) ရည်ရွယ်ချက်ကိုဖုံးကွယ်ရတဲ့
အခါမျိုးတွေမှာ လူအများစုက လိမ်လည်ခြင်းကို အသုံးပြုကြပါတယ်။ ဘာကြောင့်
ရိုးသားသင့်လဲဆိုတာ အကြောင်းပြချက်အနည်းငယ်နဲ့တကွဖော်ပြပေးလိုက်ပါတယ်။

– အမှန်တရားဆိုတာ အမြဲတမ်းရှိနေပါတယ်။ လိမ်လည်ခြင်းဟာ ခဏတာ
အချိန်ဆွဲထားခြင်းသာဖြစ်ပြီး တကယ်တမ်း သင့်ရဲ့လိမ်လည်ခြင်းဟာ ထွက်ပေါ်လာရင် အခြေအနေတွေပိုဆိုးသွားနိုင်ပါတယ်။

– သင်သာရိုးသားပြီး ပွင့်လင်းမှုရှိရင် သင့်ကိုယ်သင် လိပ်ပြာလုံနေမှာဖြစ်ပါတယ်။

– အခြားလူတွေလည်း သင့်အပေါ်ယုံကြည်လာပါမယ်။ ယုံကြည်ခြင်းက ဆက်ဆံရေးတိုင်းရဲ့ အခြေခံကျဆုံးဖြစ်နေလို့ပါပဲ။

– အခြားလူတွေက သင့်ရဲ့ရိုးသားတဲ့ ထင်မြင်ချက်အတွေးတွေကို လေ့လာစောင့်ကြည့်နေတာဖြစ်ပါတယ်။

– တစ်ခါတစ်လေ လူလိမ်တွေဟာ သူတို့ပြောခဲ့တဲ့အလိမ်ညာတွေကိုတောင် မမှတ်မိပဲ..စကားတွေရှေ့နောက်မညီပြောတတ်ကြပါတယ်။ အလိမ်အညာကို
ထပ်ဖုံးဖို့ကြိုးစားရင်း လိမ်မိနေပြန်ရာ…သံသရာဆိုးစက်ဝိုင်းထဲမှာပဲ သင်လည်ပတ်နေရပါလိမ့်မယ်။

ရိုးသားခြင်းဟာ အကောင်းဆုံးမူဝါဒဖြစ်တယ်လို့ ဖော်ပြခဲ့ပြီးပြီဆိုတော့…လိမ်လည်ခြင်းကို ရှောင်ရှားနည်းအားဖော်ပြလိုက်ပါတယ်။

– ရိုးသားခြင်းဆိုတာ တကယ်ခက်ခဲတဲ့အလုပ်ပါ။ တစ်ဖက်ကကြည့်ရင်လည်း
လူတွေအနေနဲ့ လိမ်ညာခြင်းကို မရှောင်တိမ်းနိုင်ပါဘူး။ သင့်ရဲ့သတ္တိတွေကို
စုစည်းပြီး အမှန်တရားဆီဦးတည်သွားပါ။ နောက်တော့ လူတွေအသိမှတ်ပြုပါလိုက်မယ်။

– မကောင်းတဲ့အတွေးတွေ မဝင်လာခင် လျှောက်တွေးနေခြင်းကိုရပ်ပြီး အမှန်တရားနဲ့အတူ ရှိနေပါ။

– အခြားလူတွေအပေါ်မှာ ယုံကြည်မှုထားပါ။ အမှန်တရားဆိုတာ ခါးတဲ့အတွက်
စစချင်းတော့ သူတို့နားလည်ပေးနိုင်မှာမဟုတ်သလို…လက်ခံပေးကြမှာမဟုတ်ပါဘူး။

– သင်ဟာ လူတစ်ယောက်ကိုလိမ်လည်ဖို့ကြိုးစားနေပြီဆို ထိုလူရဲ့နေရာမှာဝင်ပြီး ခံစားကြည့်ပါ။ ကိုယ်ချင်းစာစိတ် မွေးကြည့်ပါ။

– ရိုင်းစိုင်းတဲ့စကားလုံးတွေမပါဘဲ သင့်ရဲ့ရိုးသားမှုစကားလုံးတွေအတွက်
သင့်ကိုယ်သင်ရော၊ သင်ပြောမယ့်စကားလုံးတွေကိုပါ ပြင်ဆင်ထားပါ။
ဘာပြောမလဲ၊ ဘယ်လိုပြောမလဲဆိုတာကို အရင်စဉ်းစားပါ။ မစဉ်းစားဘဲ
ပြောလိုက်တဲ့စကားလုံးက အခြားလူရဲ့ခံစားချက်ကိုထိခိုက်စေနိုင်တာကြောင့်ပါ။

– သင့်ရဲ့ဂုဏ်သိက္ခာနဲ့အလုပ်ကို မထိခိုက်ချင်ရင် ဘာပဲဖြစ်ဖြစ် ပွင့်လင်းပြီး ရိုးသားမှုရှိပါစေ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *