အသားအရည်အတွက်အသုံးဝင်တဲ့ ကော်ဖီရဲ့ အံ့အားသင့်စရာအကျိုးကျေးဇူး ၅ချက်

Shares 44

ဒီနေ့ခေတ်မှာ စိတ်လန်းဆန်းတက်ကြွစေဖို့ကော်ဖီကို မနက်ခင်းတိုင်းသောက်လေ့ရှိကြပါတယ်။ကော်ဖီက စိတ်ကိုကြည်လင်စေတဲ့အပြင် အသားအရည်အတွက်လည်းအသုံးဝင်တယ်လို့သိရပါတယ်။ဘယ်နေရာတွေမှာသုံးလို့ရလဲဆိုတာကိုကြည့်လိုက်ရအောင်။

၁။မျက်နှာပေါင်းတင်တဲ့အခါ ကော်ဖီမှုန့်ကိုသုံးလို့ရပါတယ်။ကော်ဖီမှုန့်၊သကြားအညိုနဲ့သံလွင်ဆီကိုရောမွှေပြီး မျက်နှာအပေါ်ကို စက်ဝိုင်းပုံစံလိမ်းပေးပါ။ကော်ဖီမှုန့်က မကောင်းတဲ့ဆဲလ်တွေကိုဖယ်ရှားပေးနိုင်ပြီး အသားအရည်ချောမွေ့စေပါတယ်။

၂။ဦးရေပြားကိုသန့်စင်ပေးပါတယ်။ပထမဆုံးခေါင်းရေစိုနေတဲ့အချိန်မှာ ကော်ဖီမှုန့်နဲ့ဆံပင်တွေကို ၂မိနစ်လောက်နှံ့အောင်ပွတ်ပေးပါ။ပြီးရင်တော့ ခေါင်းလျှော်ရည်၊ပျော့ဆေးတွေသုံးပြီး ရေဆေးချပါ။ဆံပင်ကျွတ်တာ၊ဗောက်ပျောက်တာတွေသက်သာစေပြီး ဆံပင်တွေသန်စွမ်းစေပါတယ်။

၃။ကော်ဖီမှုန့်က ခန္ဓာကိုယ်ပေါင်းတင်တဲ့အခါလည်းသုံးလို့ရပါတယ်။ကော်ဖီမှုန့်၊သံလွင်ဆီ၊သကြားကိုရောပြီး လိမ်းပေးပါ။အဆီပိုတွေရှိနေတဲ့နေရာစက်ဝိုင်းပုံစံပွတ်လိမ်းပေးပါ။နာရီဝက်လောက်ထားပြီးရေချိုးသန့်စင်လို့ရပါပြီ။ကော်ဖီမှုန့်က အသားအရည်လျော့ရဲတာကိုတင်းရင်းစေပြီး လှပနုပျိုစေပါတယ်။

၎။တောက်ပတဲ့မျက်နှာအသားအရည်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင် ကော်ဖီမှုန့်၊နဲ့နို့မှုန့်ကိုပျစ်ပျစ်လေးဖျော်ပြီး မျက်နှာကိုလိမ်းပေါ။၁၅ မိနစ်လောက်ထားပြီးရင်ရေနွေးနွေးလေးနဲ့ဆေးချပါ။ပျက်စီးနေတဲ့ဆဲလ်တွေကိုပြုပြင်ပေးပြီးကြည်လင်တောက်ပတဲ့အသားအရည်ကိုပိုင်ဆိုင်ရမှာပါ။

၅။ကော်ဖီမှုန့်က အသားအရည်လျော့ရဲတာကိုတင်းရင်းစေသလို မျက်လုံးအောက်ဘက်က မျက်အိတ်တွဲတာကိုလည်းပျောက်ကင်းစေပါတယ်။ကော်ဖီဖျော်ပြီးအအေးခံထားပါ။ပြီးရင်အဲ့ဒီအရည်ကို မျက်လုံးအောက်ဘက်တစ်ဝိုက်ကိုလိမ်းပေးပါ။၁၀မိနစ်လောက်ကြာရင်ရေအေးနဲ့ဆေးချပါ။တစ်ပတ်တစ်ခါပုံမှန်လုပ်ပေးရင် သိသိသာသာပြောင်းလဲလာတာကိုမြင်တွေ့ရမှာပါ။

Shares 44
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *