သင့်ရဲ့ သွားတွေကိုပုလဲလုံးလေးတွေလိုဖြူဖွေးသွားစေမယ့် နည်းလမ်းကောင်း ၅မျိုး

Shares 465

ရယ်လိုက်ရင်သွားလေးတွေဖြူဝင်းလှပနေတာကိုမြင်ရဖို့အတွက် နည်းလမ်းကောင်းလေးတွေမျှဝေချင်ပါတယ်။ အိမ်မှာပဲလုပ်လို့ရတဲ့နည်းလမ်းလေးတွေဖြစ်တဲ့အပြင် ငွေကုန်ကြေးကျလည်းသက်သာစေပါတယ်။

၁။မီးသွေးခဲ

မီးသွေးခဲက သွားတွေကိုသဘာဝအတိုင်းဖြူစင်ဝင်းပသွားအောင်ကူညီပေးနိုင်တဲ့အကောင်းဆုံး သဘာဝပစ္စည်းတစ်မျိုးပါ။မီးသွေးခဲကိုခြေပြီးအမှုန့်တွေကိုသွားပွတ်တံထဲထည့်ပါ။ ပြီးရင်ပုံမှန်အတိုင်းသွားတိုက်ပေးရုံပါပဲ။နေ့တိုင်းပုံမှန်တိုက်ပေးမယ်ဆိုရင် ဖြူစင်ဝင်းပတဲ့သွားလေးကိုပိုင်ဆိုင်ရမှာပါ။

၂။မုန့်ဖုတ်ဆိုဒါနဲ့သံပုရာသီး

မုန့်ဖုတ်ဆိုဒါနည်းနည်းနဲ့သံပုရာရည်နည်းနည်းကိုရောဖျော်ပါ။ပြီးရင်သွားပွတ်တံပေါ်တင်ပြီးတိုက်ရုံပါပဲ။တစ်ပတ်ကိုတစ်ကြိမ်ထက်ပိုပြီးအသုံးမပြုပါနဲ့။မုန့်ဖုတ်ဆိုဒါနဲ့သံပုရာရည်သုံးပြီးတစ်ခါတိုက်ပြီးရင် နောက်နေ့တွေမှာပုံမှန်သွားတိုက်ဆေးနဲ့တိုက်ပါ။တစ်ပတ်ကိုတစ်ခါပဲ ဒီနည်းလမ်းကိုသုံးပေးသင့်ပါတယ်။

၃။ပန်းသီးရှာလကာရည်နဲ့ရေ

ရှာလကာရည်စားပွဲတင်ဇွန်းတစ်ဝက်နဲ့ရေတစ်ခွက်ရောပါ။မနက်သွားမတိုက်ခင်အဲ့ဒီအရည်နဲ့ပလုတ်ကျင်းပေးပါ။ပြီးမှ သွားတိုက်ဆေးနဲ့တိုက်ပေးပါ။နေ့တိုင်းပုံမှန်လုပ်ပေးသင့်ပါတယ်။

၎။သွားတိုက်ဆေး၊ဆား၊မုန့်ဖုတ်ဆိုဒါ၊သံပုရာရည်

ပါဝင်ပစ္စည်းတွေကိုအကုန်ရောပါ။ပြီးရင် သွားတွေကို ၅မိနစ်ကြာအောင်တိုက်ပေးပါ။တစ်ခါတိုက်ပြီးတာနဲ့သိသိသာသာပြောင်းလဲသွားတာကိုတွေ့မြင်ရမှာပါ။ ဒါပေမဲ့ဒီနည်းလမ်းကိုတော့ ၂လကိုတစ်ခါပဲသုံးပေးသင့်ပါတယ်။

၅။နို့မှုန့်

နို့မှုန့်ကသင့်ရဲ့ သွားတွေကိုဖြူဝင်းအောင်ကူညီပေးနိုင်ပါတယ်။ သွားတိုက်ဆေးပေါ်ကိုနို့မှုန့်အနည်းငယ်ထည့်ပြီးတိုက်ပေးပါ။  ဒီနည်းလမ်းကိုတော့ တစ်ပတ်ကို ၂ကြိမ်သုံးပေးလို့ရပါတယ်။

Shares 465
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *