ခြေဖနောင့်ကွဲအက်တာ၊ဖြေဖ၀ါးကြမ်းတမ်းတာတွေကို ဘယ်လိုကုသကြမလဲ?

Shares 51

နေ့တိုင်းသွားလာလှုပ်ရှားနေရတဲ့သူတွေအတွက် ခြေဖ၀ါးနာတာ၊ခြေဖနောင့်ကွဲတာတွေက ဖြစ်တတ်ပါတယ်။အမျိုးသမီးလေးတွေဆိုရင်ပိုပြီး နုနယ်တဲ့အတွက် ခြေဖနောင့်ကွဲအက်တာတွေ၊ခြေဖ၀ါးကြမ်းတာတွေအဖြစ်များကြပါတယ်။ အဲ့ဒါတွေကိုကာကွယ်ကုသဖို့အတွက်အကျိုးသက်ရောက်မှုအရှိဆုံးနည်းလမ်းလေးတစ်ခုကိုပြောပြချင်ပါတယ်။

နည်းလမ်းလေးကလည်းလွယ်လွယ်လေးပါပဲ။ပါဝင်ပစ္စည်းတွေကတော့

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၅ ဇွန်း

ရေချိုးဆပ်ပြာကရင်မ်

ဆီတစ်မျိုးမျိုး (လာဗင်ဒါ၊လိမ္မော်နဲ့သံပုရာ)

ပြုလုပ်ပုံကတော့

ရေချိုးကရင်မ်၊ဆီနဲ့ မုန့်ဖုတ်ဆိုဒါကိုရောမွှေပါ။ပြီးရင် ခြေထောက်ကိုရေနွေးနွေးထဲမှာ ၅မိနစ်စိမ်ထားပါ။စိမ်ပြီးရင် ရောမွှေထားတဲ့အနှစ်တွေကိုခြေဖ၀ါးမှာညင်သာစွာပွတ်လိမ်းပြီးနှိပ်နယ်ပေးပါ။အသားအရည်အရမ်းခြောက်နေရင် ဘရပ်ရှ်လေးနဲ့ဖြည်းဖြည်းချင်းတိုက်ပေးပါ။အားလုံးပြီးသွားပြီဆိုရင်တော့ ရေအေးဆေးချပြီး ခြေထောက်ကိုနူးညံ့တဲ့အ၀တ်စနဲ့သုတ်ပေးပါ။ခနနေရင်ခြေထောက်လိမ်းတဲ့အစိုဓာတ်ထိန်းကရင်မ်လေး ခြေထောက်၊ခြေဖ၀ါးတွေကိုလိမ်းပေးပါ။အစိုဓာတ်ထိန်းကရင်မ်အစား အုန်းဆီကိုလည်းအစားထိုးသုံးပေးလို့ရပါတယ်။

တစ်ပတ်ကိုတစ်ခါပုံမှန်ပြုလုပ်သွားမယ်ဆိုရင် တစ်လအတွင်းနူးညံ့ပြီး အပြစ်အနာအဆာကင်းတဲ့ခြေထောက်လေးကိုပိုင်ဆိုင်နိုင်မှာပါ။ခြေဖနောင့်ကွဲအက်တာ၊အသားမာတက်တာတွေလည်းပျောက်ကင်းသွားစေမယ့် အိမ်တွင်းနည်းလမ်းလေးပါ။

Shares 51
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *