မင်းသားရိန်းရဲ့ ရိုက်ကွင်းကို ထရပ်ကားတစ်စီးစာကော်ဖီနဲ့အအေးတွေပို့ပေးခဲ့တဲ့ ဇနီးချောလေး ကင်တေးဟီ

Shares 580

နာမည်ကျော်ကိုရီးယားသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့မင်းသားရိန်းအတွက် သူ့ရဲ့ ဇနီးချောလေးကင်တေးဟီက ချစ်ခြင်းတွေကိုပြသခဲ့ပါတယ်။ဘယ်လိုပြသခဲ့လဲဆိုတော့ မကြာသေးခင်က ရိန်းရဲ့ ဇာတ်ကားအသစ်ရိုက်ကွင်းမှာ အဖွဲ့သားတွေနဲ့တာဝန်ရှိသူတွေသောက်ဖို့ သူမရဲ့ ပုံလေးနဲ့ကော်ဖီတွေ၊အအေးတွေပို့ပေးခဲ့ပါတယ်။

“ဒီလိုပူအိုက်တဲ့ရာသီဥတုမှာ အလုပ်ကြိုးစားရတာလည်းပင်ပန်းတဲ့အတွက် အပြီးသတ်အထိအလုပ်ကောင်းကောင်းလုပ်နိုင်အောင်ပါ”ဆိုပြီး သူမက စာလေးနဲ့အတူပို့ပေးခဲ့တယ်လို့သိရပါတယ်။ဒီလိုကြင်နာတတ်တဲ့ဇနီးချောလေးကိုပိုင်ဆိုင်ရလို့ ရိန်းကအရမ်းကိုကံကောင်းတဲ့သူတစ်ယောက်ပဲလို့ ပရိသတ်တွေက ကွန်းမန့်တွေအများကြီးရေးသားခဲ့ကြပါတယ်။

Shares 580
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *