ပေါ့ပါးသွက်လက်ပြီး စတိုင်လ်ကျအောင် ဘယ်လိုနေထိုင်မလဲ?

Shares 178

သင့်ကိုယ်သင် ပုံစံပြောင်းသင့်ပြီလို့ခံစားရလား? ဒါမှမဟုတ် သင့်စတိုင်လ်က
အရင်လိုပဲ ပုံတုံးကြီုးဖြစ်နေတယ်လို့ ခံစားရလား? သင့်စတိုင်လ်ကိုပြောင်းသင့်ပြီလို့
သင်ထင်ပေမယ့်လည်း ဘယ်ကနေ ဘယ်လိုစပြောင်းရမှန်းမသိုဖြစ်နေရင်
ဖော်ပြပါနည်းလမ်းလေးတွေက သင့်ကိုကူညီပေးနိုင်ပါလိမ့်မယ်။

၁။ အပြင်အဆင်


သင့်သူငယ်ချင်းတွေထဲမှာ ဝတ်စားဆင်ယင်မှုပိုင်းနဲ့ပတ်သတ်ပြီး စတိုင်လ်ကျတဲ့
သူ၊ အမြင်ရှိတဲ့သူကို အကျီ င်္လှလှလေးတွေဘယ်နားရနိုင်မလဲဆိုတာ မေးကြည့်ပါ။
ပတ်ဝန်းကျင်မှာ သင်သတိထားမိတဲ့ သူငယ်ချင်း၊ မိသားစုဝင်၊ ရုပ်ရှင်မင်းသမီး၊
အဆိုတော် စသဖြင့် သူတို့ဝတ်စားဆင်ယင်မှုပိုင်းကိုကြည့်ပြီး အတုယူနိုင်ပါတယ်။
ကိုယ်တိုင်ကလည်း ဘယ်လိုစတိုင်လ်မျိုးကိုသဘောကျတယ်ဆိုတာ ကွဲပြားစွာ
သိနေရင် ဖက်ရှင်ရွေးချယ်ရာမှာ အဆင်ပြေစေပါလိမ့်မယ်။

၂။ကိုယ်တိုင်ပြန်လည်လေ့လာပါ။


ကိုယ်စိတ်​ဝင်စားတာ ၊ သဘောကျတာနဲ့ သဘောမကျတာတွေကို သေချာစဉ်းစားပါ။ သင်ဟာ ဂျင်းဘောင်းဘီဝတ်
ရတာကြိုက်ပြီး စကတ်ဝတ်ရတာကိုရော သဘောကျသူလား ဆိုတာမျိုးပေါ့။
စာရွက်ပေါ်မှာချရေးပြီး ကိုယ့်ရဲ့အကြိုက်တွေကို အနည်းငယ်ပြောင်းလဲကြည့်ပါ။
တစ်ခါတစ်လေ မထင်မှတ်ထားတဲ့ပုံစံလေးတွေနဲ့ ကိုယ်ကလိုက်ဖက်နေတာမျိုးလည်းရှိတတ်လို့ပါ။

၃။ ဘာဖြစ်ချင်တာလဲလို့ ကိုယ့်ကိုပြန်မေးဖို့လိုပါမယ်


သေချာပြီဆို အင်တာနက်မှာကိုယ်လိုချင်တဲ့ ဖက်ရှင်မျိးကို ရှာဖွေမွှေနှောက်ကြည့်လို့ရပါတယ်။ အကြိုက်ဆုံး
အရောင်နဲ့ ၊ ပုံမှန်ဝတ်နေကျ ပုံစံမျိုးတွေကိုရွေးချယ်ထားပါ။ အရာအားလုံးကို
လိုက်ဝယ်စရာမလိုပါဘူး။ ကြည့်လိုက်ရင် လွတ်လပ်ပေါ့ပါးပြီး စိတ်မကျဉ်းကျပ်တဲ့
အဝတ်စားမျိုးဖြစ်ဖို့လိုပါမယ်။

၎။ ဗီရိုကိုပြန်ဖွင့်ကြည့်ပြီး ဘာတွေရှိနှင့်ထားလဲဆိုတာကြည့်ပါ


သင့်ဗီရိုထဲမှာ ဂျင်းတွေပဲထပ်နေတာတို့၊ အရောင်တူတွေထပ်နေတာတို့ဆို ..အပြောင်းလဲဖြစ်စေပြီး
ကိုယ်နဲ့လည်း လိုက်ဖက်စေမယ့် အခြားအရောင်၊ အဝတ်စားတွေကို ရွေးချယ်ကြည့်ပါ။

၅။ လိုအပ်တာလေးတွေ ဝယ်ဖို့ဈေးဝယ်ထွက်ရမယ်


ကိုယ်တကယ်လိုချင်တာနဲ့တစ်ထပ်တည်းကျတာမျိုးတွေ့မှ ဝယ်ပါ။ အစပိုင်းမှာတော့ လှလို့ဝယ်လိုက်ပေမယ့်
နောက်ပြီး အိမ်ပြန်ရောက်လို့ကြည့်မှ မကြိုက်တော့တာမျိုးတွေဖြစ်တတ်လို့ပါ။
အဝတ်စားတစ်စုံကိုလည်း မဝယ်ခင်သေချာစစ်ဆေးကြည့်သင့်ပါတယ်။
လှတာမှန်သမျှ လိုက်ဝယ်နေလို့လည်းမဖြစ်ပါဘူး။

၆။ယုံကြည်မှုရှိစေနိုင်တဲ့ အဝတ်စားမျိုးကိုရွေးချယ်ပါ


ဟိုနားကနည်းနည်းလေးဟိုက်နေတာတို့၊ အကျီ င်္ကတိုနေတာမျိုးဆို စိတ်ထဲထင့်နေရင်မဝတ်တာ
အကောင်းဆုံးပါပဲ။ ထိုအကျီ င်္ကြောင့် တစ်နေ့လုံးစိတ်အနှောင့်ယှက်ဖြစ်နေရလိမ့်မယ်။ ဖော်ပြပါအချက်လေးတွေကိုဖတ်ပြီး ကိုယ်တိုင်စိတ်ကြိုက်ဖက်ရှင်တစ်ခုကို ရွေးချယ်နိုင်ပါစေ။

Shares 178
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *